မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုတွင် ရူပီး/ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ် ဆောင်ရွက်မည်ဖြစ်ပြီး Punjab National Bank, India ကို မြန်မာဘဏ်များအတွက် Designated bank အဖြစ် သတ်မှတ်ထား

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုတွင် ရူပီး/ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ် ဆောင်ရွက်မည်ဖြစ်ပြီး Punjab National Bank, India ကို မြန်မာဘဏ်များအတွက် Designated bank အဖြစ် သတ်မှတ်ထား
Published 5 April 2023

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှု တွင် ရူပီး/ကျပ် တိုက်ရိုက်ငွေပေးချေမှု စနစ် ကို အကောင်အထည်ဖော် ဆောင်ရွက် မည် ဖြစ်ပြီး Punjab National Bank, India  ကို မြန်မာဘဏ်များအတွက် Designated bank အဖြစ် သတ်မှတ်ထားကြောင်း သိရ သည်။

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန် သွယ် မှုတွင် ရူပီး/ကျပ် တိုက်ရိုက်အသုံးပြု ငွေပေးချေမှု အကောင်အထည်ဖော်မည့် လုပ်ထုံးလုပ်နည်းများကို မြန်မာနိုင်ငံ တော် ဗဟိုဘဏ်နှင့် အစိုးရဌာနများ၊ နိုင်ငံပိုင် ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များအကြားဆွေးနွေးပွဲကို ဧပြီ ၄ ရက်က မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန် ကန်မြန်ဆန်စေရေးဗဟိုကော်မတီ တွဲဖက် အတွင်းရေးမှူး၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အကောက် ခွန်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များမှ တာဝန်ရှိသူအကြီးအကဲများ တက်ရောက် ခဲ့ကြ သည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ် သည့် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် နယ်စပ် ကုန်သွယ်မှုတွင် ယွမ်/ကျပ်နှင့် ဘတ်/ကျပ် ငွေကြေးတိုက်ရိုက်အသုံးပြုပေးချေရေးစနစ်များ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ယခုအခါ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်မှုတွင် ပြည်တွင်းငွေကြေးသုံးစွဲမှုတိုးမြှင့်ရန်အတွက် ရူပီး/ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်သွား မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတော်ဗဟို ဘဏ်မှဦးဆောင်၍ နိုင်ငံခြားရေးဝန်ကြီးဌာ န၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာ န၊ နိုင်ငံပိုင်ဘဏ်များ၊State bank of indai

နှင့် Punjab national Bank , Yangon Representative office တို့မှ ကိုယ်စား လှယ်များပါဝင်သည့် ရူပီး/ကျပ် တိုက်ရိုက် ငွေပေးချေမှုစနစ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းလုပ်ငန်းကော်မတီနှင့် မြန် မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးတို့ပူး ပေါင်းပြီး မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကြား ဆောင် ရွက် မည့် ရူပီး/ကျပ်ငွေပေးချေမှုစနစ် concept paper တစ်ရပ်ဖော်ထုတ်ခဲ့ပြီး အိန္ဒိယနိုင်ငံ ဗဟိုဘဏ် Reserve bank of india မှ သဘောတူပြီးဖြစ်ကြောင်း၊ Punjab National Bank, India ကို မြန်မာဘဏ် များအ တွက် Special rupee vostro - SRV  account လက်ခံ ဆောင်ရွက်ရမည် designated bank အဖြစ်သတ်မှတ်ထားကြောင်း၊ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ကုန်သွယ်မှုတွင် မြန်မာနိုင်ငံအနေဖြင့် အားသာချက်များရှိကြောင်းနှင့် နှစ်နိုင်ငံ ဗဟိုဘဏ်များ သဘောတူပြီးငွေပေးချေမှု ပုံ စံနည်းလမ်းများကိုဆွေးနွေးခဲ့ရာ တက် ရောက် လာသည့် သက်ဆိုင်ရာအ စိုးရဌာ နများမှ အကြီးအကဲများ၊ ပုဂ္ဂလိကဘဏ် များမှတာဝန်ရှိသူများက ရူပီး/ကျပ် တိုက် ရိုက်ငွေပေးချေမှုစနစ်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက် မြန်မာနိုင်ငံတော်ဗ ဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ရူပီး/ ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ်ဆောင် ရွက်ခြင်းတွင် နယ်စပ်ကုန်သွယ်မှုသာမက ပုံမှန်ကုန်သွယ်မှုအတွက်လည်း ထည့်သွင်းစဉ်းစားသွားမည်ဖြစ်ကြောင်း၊ ဘဏ်လုပ် ငန်း စနစ် လမ်းညွှန်ချက်နှင့်အတည်ပြုချက် ရရှိပါက ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များထံသို့ ရူပီး/ကျပ် အကောင်အထည် ဖော်မှုအစီအစဉ်များ အသိပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Most Read

Most Recent