မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းရှိ အင်စီယာန်ကျေးရွာအနီးတွင် လမ်းလုပ်ငန်းလုပ်ကိုင်သည့်လုပ်ငန်းရှင်တစ်ဦးနှင့် ၎င်း၏ယာဉ်မောင်းဖြစ်သူ  သတ်ဖြတ်ခံရ

မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းရှိ အင်စီယာန်ကျေးရွာအနီးတွင် လမ်းလုပ်ငန်းလုပ်ကိုင်သည့်လုပ်ငန်းရှင်တစ်ဦးနှင့် ၎င်း၏ယာဉ်မောင်းဖြစ်သူ  သတ်ဖြတ်ခံရ
Published 2 April 2023
ထွန်းလင်းအောင်(မြစ်ကြီးနား)

ပူတာအိုမှ မြစ်ကြီးနားသို့ မော်တော်ယာဉ်ဖြင့် ထွက်ခွါလာသည့် လမ်းလုပ်ငန်းများ လုပ်ကိုင်နေသည့် လုပ်ငန်းရှင်တစ်ဦးနှင့်ယာဉ်မောင်း ဖြစ်သူတို့အား လက်နက်ကိုင် အဖွဲ့တစ်ခုက မတ်လ ၃၀ ရက်က  ပစ်သတ်ခဲ့ကြောင်း ဒေသခံများကဆိုသည်။ 

မတ်လ ၃၀  နံနက် ၉ နာရီခန့်တွင် မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းရှိ အင်စီယာန်ကျေးရွာအနီးတွင် လုပ်ငန်းရှင်တစ်ဦးနှင့်ယာဉ်မောင်း တို့သည် သေနတ်ဒဏ်ရာ ဓါးဒဏ်ရာများ သေဆုံးနေသည်ကို တွေ့ရကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများက ပြောကြားသည်။

သေဆုံးသူများမှာ  အသက် ၅၅ နှစ်အရွယ် လုပ်ငန်းရှင် ဦးဇော်ဝင်း နှင့် ၎င်း၏ ယာဉ်မောင်း တို့ ဖြစ်ကြောင်း၊ ၄င်းတို့အား ယနေ့(ဧပြီ ၂ ရက်) ညနေပိုင်းတွင် ပူတာအိုမြို့တွင် သဂြိုဟ် လိုက်ပြီဖြစ်ကြောင်းသိရသည်။ 

လုပ်ငန်းရှင် ဦးဇော်ဝင်းမှာ ကောင်းခန့်ဇော်၊ဝေလင်းဖြိုး၊ကျော်ဒိုင်နစထီ  ကုမ္ပဏီတို့၏ ပိုင်ရှင်ဖြစ်ပြီး ကွယ်လွန်ချိန်တွင် ဇနီးနှင့် သားသမီးများ ကျန်ရစ်ကြောင်း သိရသည်။ 

လုပ်ငန်းရှင် ဦးဇော်ဝင်း နှင့် ပတ်သတ်ပြီး မိတ်ဆွေတစ်ဦးက '' အလွန်စိတ်ထားကောင်းတဲ့ လူပါဗျာ။ကချင်ကို လုပ်ငန်းဝင်တာ ၂၀၁၆ လောက်ကတည်းက ဝင်လာတာ။ပူတာအို လမ်းအများစုကလည်းသူ့ကုမ္ပဏီကပဲ အများဆုံး လုပ်ခဲ့တာ။ အင်ဂျန်းယန်မြို့နယ်ထဲမှာ လုပ်ငန်း လုပ်တယ်ဆိုကတည်းက  KIA နဲ့လည်း အဆင်ပြေလို့ပေါ့။ ဖားကန့်လမ်းပိုင်းကိုလည်း သူကိုင်ခဲ့တာပဲ။ အဖွဲ့အစည်းအားလုံးနဲ့ တည့်တယ်ဗျာ။ဘယ်လိုလူတွေနဲ့ တွေ့ပြီး ကံဆိုးသလဲမသိပါဘူး''ဟု ဆိုသည်။

 

Most Read

Most Recent