ယခုနှစ် နွေကာလအတွင်း အပူချိန်များမှာ တဖြည်းဖြည်းမြင့်တက်လာသည်ကို မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
မွန်ပြည်နယ်တွင် မတ်လ၏ ပျမ်းမျှအပူ ချိန်ထက် ခုနစ်ဒီဂရီစင်တီဂရိတ်၊ နေပြည် တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေ သကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကရင် ပြည်နယ်တို့တွင် မတ်လ၏ ပျမ်းမျှအပူချိန်တို့ ထက် ငါးဒီဂရီစင်တီဂရိတ်မှ ခြောက်ဒီဂရီ စင်တီဂရိတ်အထိ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသ ကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် ကယား ပြည်နယ်တို့တွင် မတ်လ၏ ပျမ်းမျှအပူချိန်တို့ ထက် သုံးဒီဂရီစင်တီဂရိတ်မှ လေးဒီဂရီစင်တီ ဂရိတ်အထိ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် မတ်လ၏ ပျမ်းမျှအပူ ချိန်တို့ထက် နှစ်ဒီဂရီစင်တီဂရိတ်ပိုခဲ့ပြီး က ချင်ပြည်နယ်တွင် မတ်လ၏ ပျမ်းမျှအပူချိန် အောက် နှစ်ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ ကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် မတ်လ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
ထူးခြားသည့် နေ့အပူချိန်များမှာ ချောက်မြို့တွင် ၄၂ ဒီဂရီစင်တီဂရိတ်၊ ဘော်လခဲမြို့တွင် ၄၁ ဒီဂရီစင်တီဂရိတ်နှင့် ညောင် ဦးမြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ တောင်တွင်းကြီးမြို့၊ ဆင်ဖြူကျွန်းမြို့၊ ပြည်မြို့၊ တောင်ငူမြို့၊ ရွှေကျင်မြို့၊ လေးထပ်ပြင် (ပြည် မြို့နယ်)နှင့် ဖားဆောင်းမြို့တို့တွင် ၄၀ ဒီဂရီ စင်တီဂရိတ်စီတို့ဖြစ်ကြောင်း သိရသည်။
၁၉၈၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ မြို့ ပေါင်း ၃၇ မြို့၏ နှစ်အလိုက်အပူဆုံးနေ့များ ၏ ပြောင်းလဲမှုအလားအလာကို လေ့လာ တွက်ချက်မှုများအရ မြို့ပေါင်း ၃၂ မြို့မှာ ၁၀ စုနှစ် အလိုက် အပူဆုံးနေ့တွေ ပိုတိုးလာနေ သည်ကို တွေ့ရကြောင်း၊ အညာဒေသများတွင် ၁၀ စုနှစ် အလိုက် နေ့အပူချိန်မြင့်တက်လာ သည်ကိုသိသာထင်ရှားစွာတွေ့ရကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန ၏ အထက်မြန်မာပြည်ဌာနခွဲ(မန္တလေး)မှ ညွန်ကြားရေးမှူး ဦးကျော်လွင်ဦးက မြန်မာ့အ သံနှင့် တွေ့ဆုံစဉ် ပြောကြားထားသည်။
“ မြန်မာ့ရာသီဥတု ပြောင်းလဲမှုညွှန်း ကိန်းများကို လေ့လာရင်တော့ ပိုပူလာတာနဲ့ မိုးရွာသွန်းမှု မူမမှန်တာ အဓိကတွေ့ရပါ တယ်။ ဥပမာအနေနဲ့ ပြီးခဲ့တဲ့ ၃၅ နှစ်လောက် အတွင်း မန္တလေးမြို့ရဲ့ နှစ်အလိုက်ပူပြင်း သော နေ့ပမာဏများ (Amount of Hot Days) ၁၉၈၇ ခုနှစ်လောက်က တစ်နှစ်တာရဲ့ ၅ ဒသမ ၈ ရာခိုင်နှုန်းလောက်ရှိရာကနေ ၂၀၂၀ ပြည့်နှစ်ကျတော့ ၂၂ရာခိုင်နှုန်းအထိ ပိုများ လာတာတွေ့ရတော့ သိသိသာသာ ပိုပူတဲ့ရက် တွေများလာတယ်ဆိုတာ တွေ့ရပါတယ်” ဟု ဦးကျော်လွင်ဦးက ပြောကြားထားသည်။
အနာဂတ်ကာလများတွင် မြန်မာနိုင်ငံ ၏ အပူချိန်မှာ ပိုပူလာနိုင်ပြီး မိုးလည်းပိုများ လာနိုင်သည်ဟု ဦးကျော်လွင်ဦးက သုံးသပ် ထားသည်။
“ အနာဂတ်ကာလတွေမှာ မြန်မာနိုင်ငံ အနေနဲ့ပိုပူလာမှာနဲ့ မိုးပိုလာမယ့် အခြေအနေ တွေ တွက်ချက်ရရှိထားပါတယ်။ အဓိကက တော့ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုပေါ် အခြေခံမှန်းဆထားတဲ့ (RCP 4.5 )နဲ့ (8.5)ကို တွက်ကြတယ်။ မြန်မာနိုင်ငံအနေနဲ့နေ့ အပူချိန်တွေက ဝဒသမ ၈ မှ ၂ ဒသမ ၆ ဒီဂရီ စင်တီဂရိတ်၊ ညအပူချိန်တွေက ၀ ဒသမ ၈ ကနေ ၂ ဒသမ ၇ ဒီဂရီစင်တီဂရိတ်နဲ့ နှစ်စဉ် မိုးရေချိန် ၃၆ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်း အထိလာမယ့် ၂၁၀၀ ပြည့်နှစ်မှာ ဖြစ်လာနိုင် တယ်လို့ တွေ့ရတယ်။ မကြာသေးမီက ထုတ် ပြန်ထားတဲ့ IPCC ရဲ့ ARH 6 တွက်ချက်မှု တွေအရ ၂၀၁၀-၂၀၄၀ ပြည့်နှစ်မှာ မြန်မာ နိုင်ငံနဲ့ ပတ်ဝန်းကျင်က တောင်-အာရှ၊ အရှေ့ တောင်အာရှ ဒေသတွေမှာ ပျမ်းမျှအပူချိန် ၁ ဒသမ ၃ ဒီဂရီစင်တီဂရိတ်ပိုပူလာနိုင်ပြီး နှစ်စဉ်မိုးရေချိန် အနုတ် ၁ ဒသမ ၃ ရာခိုင်နှုန်း မှ ၂ ဒသမ ၂ ရာခိုင်နှုန်းခန့် ရှိနိုင်တယ်လို့လေ့ လာတွေ့ရှိရပါတယ်။ မိုးရွာသွန်းမှု လေ့လာ ကြည့်တော့မုတ်သုံကာလမှာ မိုးတွေပိုလာပြီး မုတ်သုံပြင်ပကာလမိုးတွေ၊ ဆောင်းရာသီမိုး ရွာမှုတွေ အနည်းငယ် လျော့နည်းနိုင်ပါတယ်။လာမယ့် အနီးဆုံးနှစ် ၂၀ ရဲ့ရာသီဥတုမျှော် မှန်းချက်တွေကလည်း မုတ်သုံမိုးတွေ ပိုလာ နိုင်မယ်ဆိုတော့ မုတ်သုံအားကောင်းနိုင်တာ၊ မိုးကြီးတာ၊ ရေကြီးတာဖြစ်နိုင်သလို အပူချိန် တိုးလာရင်လည်း အခုထက်ပူနွေးတဲ့ နေ့ပမာ ဏတွေများနိုင်တာ၊ ပူပြင်းတဲ့နေ့တွေများနိုင် တဲ့ ရာသီဥတုဆိုင်ရာ ဘေးတွေဖြစ်ပေါ်နိုင် တယ်” ဟု ၎င်းကခန့်မှန်းသုံးသပ်ထားသည်။
■ အပူချိန်မြင့်တက်မှုကြောင့်သတိထားရမည့် ကျန်းမာရေးသတိပေးချက်
အပူချိန်မြင့်တက်လာမှုကြောင့် နောက် ဆက်တွဲသတိထားရမည့် ပြသာနာမှာ ကျန်း မာရေးဆိုင်ရာပြသာနာများပင်ဖြစ်သည်။
ပတ်ဝန်းကျင်အပူချိန် မြင့်တက်လာခြင်း နှင့်အတူ အထူးဂရုပြုရမည့် ကျန်းမာရေးအန္တ ရာယ် တစ်ရပ်မှာ အပူလျှပ်ခြင်း (Heatstroke) ဖြစ်သည်။
ယင်းသည် အပူကြောင့်ဖြစ်သော ထိခိုက် မှုများထဲတွင် အဆိုးဆုံးဖြစ်သည်။ လူတစ်ဦး၏ ကိုယ်ခန္ဓာအပူချိန် ၁၀၄ ဒီဂရီ ဖာရင်ဟိုက် (၄၀ ဒီဂရီ စင်တီဂရိတ်) နှင့်အထက်တွင် ဖြစ် ပွားတတ်သည်။ အရေးပေါ် ကုသမှုခံယူရန် လိုအပ်သည့် အခြေအနေမျိုးဖြစ်ပြီး အချိန်မီ မကုသနိုင်ပါက ဦးနှောက်၊ နှလုံး၊ ကျောက် ကပ်နှင့် ကြွက်သားများကို ထိခိုက်ပျက်စီး သွားစေနိုင်ပြီး ကုသမှုခံယူရန် နှောင့်နှေးလေ လေ ထိခိုက်ပျက်စီးခံရနိုင်ခြေ များလေလေ ဖြစ်ကာ အသက်ဆုံးရှုံးနိုင်သည်အထိ အန္တ ရာယ်ရှိသည်။
အပူလျှပ်ခြင်း ဖြစ်ပွားရသည့် အကြောင်း ရင်းများမှာ အပူလွန်ကဲသော ပတ်ဝန်းကျင် နှင့် ထိတွေ့ခြင်း၊ ပြင်းထန်စွာအလုပ်လုပ်ခြင်း၊ အဝတ်အစားများ ထူထဲစွာ ဝတ်ဆင်ခြင်း၊ အ ရက်သောက်ခြင်း၊ ဆုံးရှုံးသွားသော ရေဓာတ် များကို ပြန်လည်မဖြည့်ခြင်း အစရှိသည်တို့ ဖြစ်သည်။
မည်သူမဆို အပူလျှပ်ခြင်း ဖြစ်နိုင်သော် လည်း ဖြစ်နိုင်ခြေ ပို၍မြင့်မားစေသော အ ချက်များမှာ အသက်အရွယ် (အပူဒဏ် ခံနိုင် စွမ်းသည် ဗဟိုအာရုံကြောစနစ်အပေါ်မူ တည်ပြီး ငယ်ရွယ်လွန်းပါက အာရုံကြောစနစ် ကောင်းစွာ မဖွံ့ဖြိုးသေးသကဲ့သို့ အသက် ၆၅ နှစ်အထက်တွင်လည်း အာရုံကြောစနစ်ယို ယွင်းပျက်စီးလာနိုင်ကြောင်း၊ ကလေးများနှင့် သက်ကြီးရွယ်အိုများသည် အပူချိန် ပြောင်း လဲမှုဒဏ်ကို ခံနိုင်ရည်နည်းပါးကြောင်း သိရသည်။
ထို့ပြင် ပူပြင်းသော ရာသီဥတု၌ ပြင်းထန်စွာလှုပ်ရှားခြင်း ဥပမာ- ပူပြင်းသော ရာသီဥတုမှာ ပြင်းထန်သော လေ့ကျင့်ခန်းနှင့် ဘောလုံးကဲ့သို့သော အားကစားများ၌ ပါဝင် ခြင်းတို့ဖြစ်ကြောင်း၊ ရုတ်တရက် ပူပြင်းသော ရာသီဥတုနှင့် တွေ့ထိခြင်း၊ အဲယားကွန်းမရှိခြင်း (ပန်ကာကြောင့် အပူဒဏ် သက်သာနိုင် သော်လည်း တစ်လျှောက်လုံး ပူပြင်းသော ရာသီဖြစ်ပါကအဲယားကွန်းသည်သာ အပူကို အထိရောက်ဆုံး လျှော့ချပေးနိုင်သည်)၊ ဆေးဝါးများ (အချို့သောဆေးဝါးများက ခန္ဓာ ကိုယ်၏ ရေဓာတ်ထိန်းသိမ်းမှုနှင့် အပူကို တုံ့ပြန်မှုအား ထိခိုက်စေနိုင်သည်။ ရာသီဥတု ပူပြင်းပါက သွေးကြောကျဉ်းစေသော ဆေး များ၊ သွေးကျဆေးများ၊ ဆီးဆေးများနှင့် စိတ် ကျရောဂါအတွက် သုံးသောဆေးများကို သတိထား သုံးစွဲသင့်သည်) အစရှိသည်တို့ ဖြစ်သည်။ ၎င်းအပြင်အဝလွန်သူများ၊ ယခင် က အပူလျှပ်ခြင်း ဖြစ်ဖူးသူများနှင့် နာတာ ရှည် ရောဂါများဖြစ်သည့် နှလုံး (သို့) အဆုတ် ရောဂါ ခံစားနေရသူများမှာ အပူလျှပ်ခြင်း ဖြစ်နိုင်ခြေ ပိုများကြောင်း သိရသည်။
အပူလျှပ်ခြင်း၏ ရောဂါလက္ခဏာများ မှာ ကိုယ်ပူချိန်တက်ခြင်း (ကိုယ်အပူချိန် ၁၀၄ ဒီဂရီ ဖာရင်ဟိုက် သို့မဟုတ် ၄၀ ဒီဂရီ စင်တီ ဂရိတ်နှင့် အထက်သည် အပူလျှပ်ခြင်း၏ အဓိက လက္ခဏာဖြစ်သည်)၊ စိတ်အခြေအ နေ ပြောင်းလဲခြင်း (စိတ်ရှုပ်ထွေးခြင်း၊ စကား မပီခြင်း၊ စိတ်ဆိုးလွယ်ခြင်း၊ ကယောင်က တမ်းဖြစ်ခြင်း၊ တက်ခြင်းနှင့် သတိလစ်ခြင်း များ ဖြစ်ပွားနိုင်သည်)၊ ချွေးထွက်မှုပုံစံပြောင်း ခြင်း (ရာသီဥတုပူ၍ ဖြစ်ပွားသော အပူလျှပ် ခြင်း၌ အရေပြားသည် ပူ၍ခြောက်သွေ့နေ တတ်ပြီး လေ့ကျင့်ခန်းကြောင့် ဖြစ်ပွားပါက အရေပြားသည် စိုစွတ်နေတတ်သည်)၊ ပျို့ ခြင်းနှင့် အော့အန်ခြင်း၊ အရေပြား နီမြန်းလာ ခြင်း၊ အသက်ရှူမြန်ခြင်း၊ နှလုံးခုန်နှုန်းမြန် ခြင်းနှင့် ခေါင်းကိုက်ခြင်းတို့ ဖြစ်ကြောင်း သိရ သည်။
ယင်းသို့ အပူလျှပ်ခြင်း ဖြစ်ပွားသူအား အိမ်၌ကုသ၍ မလုံလောက်နိုင်ကြောင်း၊ ရောဂါလက္ခဏာ များပြားပါက အရေးပေါ် ဆေးကုသမှုခံယူရမည်ဖြစ်ကြောင်း သိရ သည်။
ယင်းသို့ ဆေးရုံ၊ ဆေးခန်းသို့ မရောက်မီ ကာလတွင် အပူလွန်ကဲသူအား အေးသွားစေ ရန် အရိပ်ထဲ (သို့) အဲယား ကွန်းရှိသောနေရာ (သို့) အိမ်ထဲသို့ ချက်ချင်းခေါ်လာရမည် ဖြစ် ကြောင်း၊ ရေအေးဖြင့် ရေချိုးပေးခြင်း (သို့) ရေပတ်တိုက်ပေးခြင်းများ ပြုလုပ်ရမည်ဖြစ် ကြောင်း၊ ရေငွေ့ ပန်ကာဖြင့် အအေးပေးခြင်း၊ ရေခဲကပ်ခြင်း၊ ဦးခေါင်း၊ လည်ပင်း၊ ချိုင်း၊ ပေါင်ခြံတို့အား ရေစိုဝတ်ဖြင့် အုပ်ပေးခြင်းတို့ ပြုလုပ်ပေးနိုင်ကြောင်း၊ ရေဓာတ် ပြန်လည် ဖြည့်တင်းရန် ရေများများသောက်ရမည်ဖြစ် ကြောင်း၊ ချွေးထွက်များပါက ဆားဓာတ်ဆုံးရှုံး နိုင်သဖြင့် ဓာတ်ဆားသောက်သုံးရမည်ဖြစ် ကြောင်း သိရသည်။
အပူလျှပ်ခြင်းကဲ့သို့ ရှောင်လွှဲမရနိုင် သည့့် အခြားကျန်းမာရေးတစ်ခုမှာ နေရောင် ခြည်ကြောင့် အရေပြားထိခိုက်မှုများဖြစ်သည်။
ပုံမှန်အခြေအနေများတွင် နေရောင်ခြည် မှထွက်ပေါ်လာသည့် ခရမ်းလွန်ရောင်ခြည် အား လေထုထဲကအိုဇုန်းလွှာက ကာကွယ်ပေး ထားခြင်းဖြစ်သည်။
သို့သော် သက်ရင့်ရုပ်ကြွင်း (ရေနံ၊ ကျောက်မီးသွေး)အလွန်အကျွံသုံးစွဲခြင်း၊ တောမီးလောင်ခြင်း လူသားတို့ ကလိုရိုဖလူရို ကာဗွန်များဖြစ်တဲ့ အဲကွန်း၊ ရေခဲသေတ္တာ ဓာတ်ငွေ့ဖြည့်ခြင်း၊ ဖျက်မင်၊ လက်သည်းချွတ် ဆေး၊ ရင်ကျပ်ရှုဆေးတို့ အမြောက်အမြား သုံးစွဲလာကာ လေထုထဲက အိုဇုန်းလွှာပေါက် ပြဲလာပြီး ခရမ်းလွန်ရောင် ခြည် ကမ္ဘာမြေကိုကျ ရောက်စေသည်။
ခရမ်းလွန်ရောင်ခြည်မှာ ညပိုင်းများတွင် သုညဖြစ်သော်လည်း ပူပြင်းသည့် နေ့အချိန် တွင်မူ ၁ဝမှ ၁၄ ကြား ရှိနိုင်ကြောင်း သိရသည်။
ယင်းကြောင့် ခရမ်းလွန် ရောင်ခြည်မြင့် မားသည့် နံနက် ၁၀ နာရီမှညနေ ၄ နာရီ အ တွင်း နေရောင်ခြည်နဲ့တိုက်ရိုက် ထိတွေ့ခြင်း ရှောင်ကြဉ်သင့်ကြောင်း၊ မဖြစ်မနေအပြင် ထွက်ရမည်ဆိုပါက ထီး၊ ဦးထုပ် ဆောင်းသင့် ကြောင်း၊ နေရောင်ခံခရင်မ် လိမ်းသင့်ကြောင်း၊ ခရမ်းလွန်ရောင်ခြည်သည် မျက်စိကို တိမ်စွဲ ခြင်းဖြစ်စေကာ အမြင်အာရုံထိခိုက်စေနိုင်သ ဖြင့် ခရမ်းလွန်ရောင်ခြည် ၉၉ ရာခိုင်နှုန်း ကာ ကွယ်ပေးသည့် နေကာမျက်မှန်များကိုတပ် သင့်ကြောင်း ဆရာဝန်များက အကြံပြုပြော ကြားထားသည်။










