ဘီလာရုစ်ပိုင်နက်ထဲတွင် တိုက်ပွဲသုံး နျူကလီးယားလက်နက်များကို ဖြန့်ကြက်ရန် စီစဉ်နေသည်ဟူသော ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ကြေညာချက်သည် ယူကရိန်းစစ်ပွဲတွင် စွန့်စားမှုကြီးတစ်ခု ပြုလုပ်ရန် ထပ် မံကြိုးပမ်းလာသည့် လက္ခဏာတစ်ခုဖြစ်ပုံ ရသည်။
ရုရှား၏ပိုင်နက်နယ်မြေ တိုက်ခိုက်ခံရ ခြင်းကို တားဆီးကာကွယ်ရန်အတွက် ရနိုင် သမျှ နည်းလမ်းအားလုံးကို အသုံးပြုရန်အသင့် ရှိနေကြောင်း ၎င်းင်း၏နျူကလီးယား လက်နက် တိုက်ကို ရည်ညွှန်းလျက် သမ္မတပူတင်က သတိပေးပြီးနောက်တွင် ၎င်းင်းကြေညာချက် ထပ်မံထွက်ပေါ်လာခြင်းဖြစ်သည်။
ပူတင်က ၎င်း၏အစီအစဉ်ကို မည်သို့ရှင်းပြခဲ့သနည်း
ဘီလာရုစ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုက ၎င်း၏နိုင်ငံထဲတွင် နျူကလီးယားလက်နက်များ ထားရှိရန် မိမိတို့ကို ကာလကြာမြင့်စွာ တိုက်တွန်းထားခြင်းဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။ ဘီလာရုစ်သည် ရုရှားနှင့် နီးကပ်သော စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးရှိသကဲ့သို့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ရုရှားက အိမ်နီးချင်း ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့စဉ်က လည်း ဘီလာရုစ်တွင် စတင်ခြေကုပ်ယူခဲ့ ခြင်း ဖြစ်သည်။
ဘီလာရုစ် စစ်လေယာဉ်များတွင် နျူ ကလီးယားလက်နက်များ သယ်ဆောင်နိုင် အောင် အဆင့်မြှင့်တင်ရာတွင် ရုရှားက ဘီ လာရုစ်ကို အကူအညီပေးခဲ့ပြီးဖြစ်သည်။
မတ်လ ၂၅ ရက်က ရုပ်သံထုတ်လွှင့်မှု တစ်ခု၌ ပြောကြားခဲ့ရာတွင် ရုရှား၏ တိုက်ပွဲသုံး နျူကလီးယား လက်နက်များကို ဘီလာရုစ်တွင် ဖြန့်ကြက်ရန် မြန်မြန်ဆန်ဆန် ဆုံးဖြတ်ခဲ့ရသည့် အကြောင်းရင်းမှာ ဗြိတိန်အ စိုးရက ယူကရိန်းကို အာနိသင်ခန်း ယူရေနီယမ်များ ပါဝင်သော သံချပ်ကာ ခွင်းကျည်များ ပေးပို့ရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် ဖြစ် သည်ဟု ပူတင်က ပြောကြားသည်။
အဆိုပါ သံချပ်ကာခွင်းကျည်များတွင် နျူကလီးယား ကုန်ကြမ်းများ ပါဝင်ကြောင်း ပူတင်က အစောပိုင်းတွင်း မှားယွင်းပြောဆိုခဲ့ ပြီးနောက် ၎င်းင်း၏စွပ်စွဲချက်ကို ပြန်လည် လျှော့ပေါ့ပြောဆိုခဲ့သော်လည်း အဆိုပါ ကျည်များသည် နောက်ဆက်တွဲအနေဖြင့် အရပ်သားများကို အန္တရာယ်ပေးနိုင်ပြီး ပတ် ဝန်းကျင် ညစ်ညမ်းစေသည်ဟု ၎င်းင်းက အခိုင် အမာ ပြောကြားဆဲဖြစ်သည်။
ရုရှားအနေဖြင့် ဘီလာရုစ်တွင် တိုက်ပွဲသုံး နျူကလီးယားလက်နက်များ ထားရှိကာ အမေရိကန် ပြည်ထောင်စုက ဘယ်ဂျီယမ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်နှင့် တူရကီတို့ တွင် ဆယ်စုနှစ်များနှင့်ချီ၍ နျူကလီးယား လက်နက်များ ဖြန့်ကြက်ခဲ့သည့်နည်းတူ လုပ် ဆောင်သွားမည် ဖြစ်ကြောင်းလည်း ပူတင်က ဆိုသည်။
အမေရိကန်သည် ၎င်း၏နေတိုးမဟာမိတ်နိုင်ငံများ၏ ပိုင်နက်တွင် အဆိုပါလက်နက်များကို ဖြန့်ကြက်ထားခြင်းဖြင့် သဘောတူညီချက်ကို ဖောက်ဖျက်နေသည်ဟု ရုရှား က ပြောဆိုခဲ့ဖူးသော်လည်း ရုရှား၏ ဖြန့်ကြက် မှုအစီအစဉ်သည် နျူကလီးယားလက်နက် များ မပြန့်ပွားအောင် တားမြစ်ထားသည့် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်ခြင်း မရှိဟု ၎င်းင်းက ပြောကြားခဲ့ သည်။ ပူတင်၏လုပ်ရပ်သည် ပြီးခဲ့သည့် သီ တင်းပတ်က ကရင်မလင်၌ တရုတ်သမ္မတ ရှီကျင်းပင်နှင့် တွေ့ဆုံခဲ့ပြီးနောက် ၎င်းင်းတို့ နိုင်ငံနယ်နိမိတ်များကို ကျော်လွန်၍ အင်အား ကြီးနိုင်ငံများက နျူကလီးယားလက်နက်များ ဖြန့်ကြက်ထားပုံကို ပြစ်တင်ပြောကြားထား သော ပူးတွဲကြေညာချက်နှင့် ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။
တိုက်ပွဲသုံး နျူကလီးယားလက်နက်ဆိုသည်မှာ အဘယ်နည်း
တိုက်ပွဲသုံး နျူကလီးယားလက်နက်ဆို သည်မှာ စစ်မြေပြင်တွင် ရန်သူ့စစ်တပ်နှင့် ရန်သူ့လက်နက်ခဲယမ်းများကို ချေမှုန်းဖျက် ဆီးနိုင်ပြီး တာတိုပစ်လက်နက်များဖြစ်ကာ မြို့များကို အလုံးစုံ ပျက်သုဉ်းစေနိုင်သည့် တာဝေးပစ် ခွင်းအားပြင်း ဒုံးလက်နက်များ တွင် တပ်ဆင်သော နျူကလီးယား ထိပ်ဖူးများ ထက် ပေါက်ကွဲအားပမာဏ များစွာလျော့ နည်းသည်။
အဆိုပါ တာတိုပစ် ဒုံးလက်နက်များ သည် တာဝေးပစ် မဟာဗျူဟာ ဒုံးလက်နက် များကဲ့သို့ အမေရိကန်နှင့် ရုရှားတို့အကြား ထားရှိသော မည်သည့်လက်နက်ထိန်းချုပ်ရေး သဘောတူညီချက်အောက်တွင်မျှ ထိန်းချုပ် ကန့်သတ်ခံရခြင်း မရှိဘဲ ရုရှားသည်လည်း ၎င်းင်း လက်နက်အရေအတွက် မည်မျှပိုင်ဆိုင် ထားသည်ဆိုသည်နှင့် ၎င်းတို့နှင့် ဆက်စပ်နေသည့် အခြားအချက်အလက်များကို ထုတ်ပြန်ခြင်းမရှိပေ။
ရုရှားတွင် တာတိုပစ် နျူကလီးယားလက် နက် ၂,၀၀၀ ခန့် ရှိနိုင်သည်ဟု အမေရိကန် အစိုးရက ယူဆထားပြီး ၎င်းင်းတို့အနက် လေ ယာဉ်ဖြင့် တင်ဆောင်နိုင်သည့်ဗုံးများ၊ တာ တိုပစ်ဒုံးကျည်များတွင် တပ်ဆင်နိုင်သည့် ဒုံးကျည်ထိပ်ဖူးများနှင့် အမြောက်ကျည်များ ပါဝင်သည်။
မဟာဗျူဟာမြောက် နျူကလီးယားလက် နက်များကို မြေပြင် သို့မဟုတ် ရေငုပ်သင်္ဘော အခြေပြု တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်များ တွင် တပ်ဆင်ကာ ပစ်ခတ်နိုင်ရန်အတွက် အမြဲအသင့် ပြင်ဆင်ထားလေ့ရှိသော်လည်း တာတိုပစ် နျူကလီးယားလက်နက်များကိုမူ ရုရှားရှိ လုံခြုံရေးတင်းကျပ်ထားသည့် သို လှောင်ရုံအချို့တွင် ထားရှိသည့်အတွက် စစ် မြေပြင်မှ တပ် ရင်းတပ်ဖွဲ့များထံသို့ ပေးပို့နိုင် ရန် အချိန်ယူရမည်ဖြစ်သည်။
သဘောထားတင်းမာသော ရုရှားနိုင်ငံ ရေးသမားအချို့က အနောက်နိုင်ငံများကို သတိပေးသည့်အနေဖြင့် တာတိုပစ် နျူကလီး ယားလက်နက် အချို့အား ၎င်းင်းတို့ကိုပစ်လွှတ် နိုင်သည့် လေယာဉ်များနှင့် ဒုံးကျည်များရှိရာ သို့ ပိုမိုနီးကပ်စွာ ရွှေ့ပြောင်းရန် ရုရှားအစိုးရ ကို အချိန်အတော်ကြာကတည်းကပင် တိုက် တွန်းခဲ့သည်။
ရုရှားက မည်သို့လုပ်ဆောင်လာနိုင်သနည်း
ရုရှားသည် ဘီလာရုစ်စစ်လေယာဉ် ၁၀ စင်းအား နျူကလီးယားလက်နက်များ တင် ဆောင်နိုင်အောင် ကူညီ အဆင့်မြှင့်တင်ပေး ခဲ့ပြီး ဧပြီ ၃ ရက်မှစတင်ကာ ၎င်းင်းတို့ကို အသုံး ပြုနိုင်ရန်အတွက် ဘီလာရုစ် တပ်ဖွဲ့ဝင်များကို လေ့ကျင့်သင်ကြားပေးမည်ဟု ပူတင်က ပြော ကြားခဲ့သည်။ သမားရိုးကျထိပ်ဖူး သို့မဟုတ် နျူကလီးယားထိပ်ဖူးများ တပ်ဆင်နိုင်သည့် အစ္စကန်ဒါ တာတိုပစ် ဒုံးကျည်စနစ်များကို လည်း ဘီလာရုစ်ထံ ပေးအပ်ခဲ့သည်ဟု ၎င်းင်း က ပြောကြားသည်။
ဘီလာရုစ်တွင် နျူကလီးယားလက်နက် သိုလှောင်ရုံများ တည်ဆောက်မှုသည် ဇူလိုင် ၁ ရက်တွင် ပြီးစီးလိမ့်မည်ဖြစ်ကြောင်း ပူတင် က ပြောကြားခဲ့ပြီး ဘီလာရုစ်တွင် နျူကလီး ယားလက်နက် မည်မျှထားရှိမည်၊ မည်သည့် အချိန်တွင် ဖြန့်ကြက်သွားမည် ဆိုသည်ကိုမူ ၎င်းက ပြောကြားခဲ့ခြင်းမရှိပေ။
အမေရိကန်က ၎င်းင်း၏နေတိုးမဟာမိတ် နိုင်ငံများတွင် ဖြန့်ကြက်ထားသည့် တာတိုပစ် နျူကလီးယား လက်နက်များကို ထိန်းချုပ်ထား သည့်နည်းတူ ရုရှားသည်လည်း ဘီလာရုစ်သို့ ဖြန့်ကြက်မည့် နျူကလီးယား လက်နက်များကို ဆက်လက်ထိန်းချုပ်ထားမည်ဟု ပူတင်က အခိုင်အမာ ပြောဆိုခဲ့သည်။
ရုရှားက ဘီလာရုစ်သို့ နျူကလီးယား လက်နက်များ ပေးပို့မည်ဆိုပါက ၁၉၉၀ ပြည့်လွန်နှစ် အစောပိုင်း ကာလများနောက် ပိုင်း နိုင်ငံ၏နယ်နိမိတ်ပြင်ပသို့ ပထမဆုံး အကြိမ် ဖြန့်ကြက်မှုဖြစ်လာမည်ဖြစ်သည်။ ၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်ယူနီယံ ပြိုကွဲပြီး နောက် ဘီလာရုစ်၊ ယူကရိန်းနှင့် ကာဇက်စ တန်တို့သည် နျူကလီးယား လက်နက် အများ အပြား ရရှိခဲ့သော်လည်း နောက်ပိုင်းနှစ် များတွင် ရုရှားသို့ ပြန်လည်ပို့ဆောင်ရန် သဘောတူညီခဲ့သည်။
ပူတင်၏အစီအစဉ်နောက်ကွယ်မှ ဖြစ်နိုင်ဖွယ် အကျိုးဆက်များ
ပူတင်အနေဖြင့် ယူကရိန်းစစ်ပွဲကိုအရှိန် မြှင့်ရန် ရုရှားဘက်ကအသင့်ရှိနေသည့် အရိပ် အယောင်ကိုပြသရန် နျူကလီးယားဖြင့် ခြိမ်း ခြောက်မှုကို ထပ်မံလုပ်ဆောင်ခဲ့ခြင်းဖြစ် သည်။
ရုရှားအနေဖြင့် တာတိုပစ် နျူကလီးယား လက်နက်များကို အသုံးပြုရန် ဆုံးဖြတ်လိုက် မည်ဆိုလျှင် ယူကရိန်းနှင့် ၁ယဝ၈၄ ကီလိုမီတာ (၆၇၃ မိုင်) နယ်နိမိတ်ချင်း ထိစပ်နေသည့် ဘီလာရုစ်သို့ ၎င်းလက်နက်များကို ဖြန့်ကြက် ခြင်းဖြင့် ရုရှားစစ်လေယာဉ်များနှင့် ဒုံးကျည် များကို ယူကရိန်းရှိ ဖြစ်နိုင်ဖွယ် ပစ်မှတ်များ ဆီသို့ ပိုမိုလွယ်ကူမြန်ဆန်စွာ ဖြန့်ကြက်နိုင်ရန် အခွင့်အရေး ရသွားမည်ဖြစ်သည်။ ထို့အပြင် အရှေ့ဥရောပနှင့် ဥရောပ အလယ်ပိုင်းရှိ နေတိုးအဖွဲ့ဝင် နိုင်ငံအချို့အား ပစ်မှတ်ထား တိုက်ခိုက်နိုင်စွမ်းကိုလည်း မြှင့်တင်နိုင်မည် ဖြစ်သည်။
ရုရှားက သိမ်းယူထားသည့် နယ်မြေများ ကို ပြန်သိမ်းယူရန်အတွက် ယူကရိန်းက တန်ပြန်ထိုးစစ် ဆင်နွှဲရန် အသင့်ပြင်ဆင်နေ ချိန်တွင် ပူတင်၏အစီအစဉ် ထွက်ပေါ်လာ ခြင်းဖြစ်သည်။
ရုရှားလုံခြုံရေးကောင်စီ၏ လက် ထောက်အကြီးအကဲ ဒီမီထရီ မက်ဗီဒက်ဗ်က လည်း ခရိုင်းမီးယား ကျွန်းဆွယ်ကို ပြန်လည် ထိန်းချုပ်ရန် ယူကရိန်း၏ ကြိုးပမ်းမှုများသည် ရုရှားနိုင်ငံ၏ ဖြစ်တည်မှုကို ခြိမ်းခြောက်မှု ဖြစ်စေသည်ဟု ပြီးခဲ့သည့် သီတင်းပတ်က သတိပေးခဲ့ပြီး ယင်းသည် နိုင်ငံ့လုံခြုံရေး မူဝါဒကို အကြောင်းပြု၍ နျူကလီးယားလက် နက်ဖြင့် တုံ့ပြန်နိုင်သည့် လုံလောက်သော အကြောင်းရင်းကို ဖန်တီးလိုက်ခြင်းလည်း ဖြစ်သည်။ ရုရှားသည် ၂၀၁၄ ခုနှစ်တွင် ခရိုင်း မီးယားကျွန်းဆွယ်ကို ယူကရိန်းထံမှ သိမ်းယူ ခဲ့သည်။
“အနောက်နိုင်ငံတွေက ယူကရိန်းကို စစ်လက်နက်တွေ နေ့စဉ်နဲ့အမျှ ထောက်ပံ့ ပေးနေတာဟာ နျူကလီးယားကြောင့် ကမ္ဘာ ကြီးပျက်သုဉ်းနိုင်တဲ့ အန္တရာယ်နဲ့ ပိုနီးကပ်လာ အောင် လုပ်နေတာပဲဖြစ်တယ်”ဟုလည်း မက်ဗီဒက်ဗ်က ဆိုသည်။
ယူကရိန်းစစ်တပ်၏ ခွဲခြမ်းစိတ်ဖြာ လေ့ လာရေး ပညာရှင်ဖြစ်သူ အိုလက်ဇာဒါနော့ဗ် ကမူ ပူတင်၏ ရည်ရွယ်ချက်မှာ ယူကရိန်းက တန်ပြန်ထိုးစစ်မဆင်မီ အနောက်နိုင်ငံများက ယူကရိန်းအား စစ်လက်နက်များ ထပ်မံပ့ံပို့ ခြင်းမရှိအောင် ဟန့်တားရန်ဖြစ်သည်ဟု ဆို သည်။
ပူတင်သည် နျူကလီးယားဖြင့် ခြိမ်း ခြောက်ကာ စစ်မြေပြင် အခြေအနေအပေါ် သက်ရောက်မှုရှိစေရန်နှင့် နျူကလီးယား အန ္တရာယ် မြင့်တက်လာမှုကြောင့် မိတ်ဖက် အနောက်နိုင်ငံများက ယူကရိန်းကို စစ်လက် နက် အသုံးအဆောင်များ ထောက်ပံ့ မှု လျော့ ကျသွားစေရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ၎င်းင်းက ထပ်မံပြောကြားခဲ့သည်။
“ဘီလာရုစ်ရဲ့ နျူကလီးယားလက်နက် တိုက်ဟာ ယူကရိန်းအတွက်ရော ဥရောပ ဒေသအတွက်ပါ အာရုံစိုက်စရာ ဖြစ်လာမှာ ဖြစ်ပြီး ခြိမ်းခြောက်မှုတွေကို အဆက်မပြတ် ဖန်တီးကာ တင်းမာမှုတွေကို မြင့်တက်စေပြီး ယူကရိန်းပြည်သူတွေနဲ့ မိတ်ဖက်အနောက် နိုင်ငံတွေကို စိုးရိမ်စိတ်ဝင်လာအောင် လုပ် ဆောင်နေခြင်းဖြစ်တယ်”ဟုလည်း ၎င်းက သုံးသပ်ခဲ့သည်။
Ref: AP
Photo: AP










