အမေရိကန်နှင့် တောင်ကိုရီးယားသမ္မတတို့ တက်ရောက်မည့် ညစာစားပွဲတွင် BLACKPINK နှင့် လေဒီဂါဂါတို့ ပါဝင်ဖျော်ဖြေနိုင်ဖွယ်ရှိ

အမေရိကန်နှင့် တောင်ကိုရီးယားသမ္မတတို့ တက်ရောက်မည့် ညစာစားပွဲတွင် BLACKPINK နှင့် လေဒီဂါဂါတို့ ပါဝင်ဖျော်ဖြေနိုင်ဖွယ်ရှိ
Photo: Twitter
Photo: Twitter
Published 29 March 2023

နောက်လတွင် တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယို၏ အမေရိကန်ခရီးစဉ်ရှိပြီး ယင်းခရီးစဉ်အတွင်း နှစ်နိုင်ငံစလုံးမှ နာမည်ကျော်အဆိုတော်များ၊ အနုပညာရှင်များ တက်ရောက်ကြမည့် ယဉ်ကျေးမှုဖလှယ်ပွဲတစ် ခုကို တောင်ကိုရီးယားနှင့်အမေရိကန်အာဏာပိုင်များ စီစဉ်လျက်ရှိသည်။

သမ္မတယွန်းဆော့ယို၏ အမေရိကန်ခရီးစဉ်က ဧပြီလကုန်သတ်မှတ်ထားပြီး ၁၂ နှစ်အတွင်း ပထမဆုံးအကြိမ် အမေရိကန်သို့ ရောက်လာမည့် သမ္မတယွန်းနှင့် သမ္မတဇနီးကင်ဂွန်ဟီးတို့အတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့်ဇနီးတို့က နိုင်ငံတော်ညစာစားပွဲအခမ်းအနား စီစဉ်ထားကာ ယင်းအခမ်းအနားသို့ နိုင်ငံရေး၊စီးပွားရေးနှင့်ယဉ်ကျေးမှု နယ်ပယ်တို့မှ ထင်ပေါ်ကျော်ကြားသူ ကိုရီးယားနိုင်ငံသားများနှင့် အမေရိကန်နိုင်ငံသား ၃၀၀ ခန့် တက်ရောက်ကြမည်ဖြစ်သည်။

အခမ်းအနားတွင် အဓိကဖျော်ဖြေမည့်သူများအဖြစ် BLACKPINK အဖွဲ့နှင့်လေဒီဂါဂါတို့ သတင်းထွက်နေပြီး ထိုသတင်းမှန်ခဲ့ပါက ထိပ်သီးသမ္မတနှစ်ဦးတွေ့ဆုံပွဲကဲ့သို့ပင် စိတ်ဝင်တစားစောင့်ကြည့်ခံရမည့်ပွဲ ဖြစ် လာလိမ့်မည်။

အမေရိကန်-ကိုရီးယားမဟာမိတ်ဆက်ဆံရေးနှစ် ၇၀ ပြည့်အထိမ်းအမှတ်ပြုလုပ်မည့် ယင်းညစာစားပွဲတွင် BLACKPINK နှင့် ဂါဂါတို့တွဲဖက်ဖျော်ဖြေမှု ဖြစ်ပေါ်လာနိုင်ခြေနှင့်ပတ်သက်ပြီး သံတမန်သတင်းရင်းမြစ်တစ် ဦးက“သူတို့ချင်းက တစ်ဦးရဲ့ဂီတကို တစ်ဦးက အားပေးနေကြသူတွေပါ။အမေရိကန်သမ္မ တကတော်ရဲ့ အကြံပေးမှုကြောင့် အိမ်ဖြူတော်နဲ့ ကိုရီးယားသမ္မတရုံးတို့အကြား ဆွေးနွေးနေကြပါတယ်”ဟု ပြောသည်။

သမ္မတဘိုင်ဒင်ကိုယ်တိုင်ကလည်း ကေပေါ့ရေပန်းစားမှုအပေါ် ၎င်း၏စိတ်ဝင်စားမှုကို ၂၀၂၁ အမေရိကန်-တောင်ကိုရီးယား ထိပ်သီးအစည်းအဝေးအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြခဲ့သည်။

BLACKPINK နှင့် လေဒီဂါဂါတို့ပူးတွဲဖန်တီးမှုအဖြစ် “Sour Candy”သီချင်း  ၂၀၂၀ ခုနှစ်၊ မေတွင်ထွက်ထားပြီး သီချင်းကဂါဂါ၏ Chromatica တေးအယ်လ်ဘမ်တွင် ပါခဲ့သည်။

ညစာစားပွဲအခမ်းအနားသို့တက်မည့်သူများကို ရွေးချယ်မှုက အိမ်ရှင်နိုင်ငံဖြစ်သည့် အမေရိကန်၏တာဝန်ဖြစ်သည်။တောင်ကို ရီးယားဇာတ်လမ်းတွဲ Parasite နှင့် Minari မှ သရုပ်ဆောင်များ၊ ကမ္ဘာကျော်ဇာတ်လမ်းတွဲ Squid Game မှသရုပ်ဆောင်များ ဧည့်သည်စာရင်းတွင်ပါနေသည်ဟုလည်း သတင်း ထွက်နေသည်။ BLACKPINK အဖွဲ့က အမေရိကန်တွင် ဧပြီလအတွင်းပြုလုပ်မည့် ကိုချယ်လာဂီတပွဲတော်၌ လည်းပါဝင်မည်။

Most Read

Most Recent