ကုမ္ပဏီနှစ်ခုက တင်သွင်းလာသည့် လျှပ်စစ်သုံးမော်တော်ယာဉ် ၅၃ စီး ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပြီး အဆိုပါလျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် ထုတ်ယူခွင့်ပြု

ကုမ္ပဏီနှစ်ခုက တင်သွင်းလာသည့် လျှပ်စစ်သုံးမော်တော်ယာဉ် ၅၃ စီး ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပြီး အဆိုပါလျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် ထုတ်ယူခွင့်ပြု
ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသော လျှပ်စစ်သုံးမော်တော်ယာဉ်များကို တွေ့ရစဉ်
ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသော လျှပ်စစ်သုံးမော်တော်ယာဉ်များကို တွေ့ရစဉ်
Published 15 March 2023

ကုမ္ပဏီနှစ်ခုမှ တင်သွင်းလာသည့် လျှပ်စစ်သုံးမော်တော်ယာဉ် ၅၃ စီး ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပြီးအဆိုပါလျှပ် စစ်သုံးမော်တော်ယာဉ်များအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် ထုတ်ယူခွင့် ပြုထားကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Essential Motor Co.,Ltd မှတင်သွင်းလာ‌သော လျှပ်စစ်သုံးမော်တော်ယာဉ် ၁၅ စီးနှင့် Grand Sirius Col.,Ltd မှတင်သွင်းလာ‌သော လျှပ်စစ်သုံးမော်တော်ယာဉ် ၃၈ စီး၊ စုစုပေါင်း လျှပ်စစ်သုံးမော်တော်ယာဉ် (၅၃) စီးသည် ရန်ကုန်ဆိပ်ကမ်းသို့  ရောက်ရှိလာပါသဖြင့်မတ် ၁၁ ရက်က လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်းနှင့် အဆိုပါလျှပ်စစ်သုံးမော်တော်ယာဉ်များ တင်သွင်းမှုအတွက် အကောက်ခွန်ကင်း လွတ်ခွင့်ပြုထားကြောင်း လျှပ်စစ်ကားများ အသုံးပြုလာချိန်တွင် ပြည်သူများအနေဖြင့် အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ရေးအတွက် ပြည်သူများ အသုံးပြုမှုများပြားသော စျေးဝယ်စင်တာများ၊ ဘတ်စ်ကားဂိတ်များနှင့် အဝေးပြေးယာဉ် ရပ်နားစခန်းနေရာများတွင် လွယ်လင့်တကူ အားသွင်းနိုင်ရေးအတွက် နိုင်ငံတော်က စီမံဆောင်ရွက်ပေးလျက် ရှိသည့်အပြင် လျှပ်စစ်ယာဉ်များနှင့် ပတ်သက်သည့် ဘေးကင်းလုံခြုံမှုဆိုင်ရာ ကိစ္စရပ်များကို လုပ်ငန်းတာဝန်များ သတ်မှတ်၍ ဆောင်ရွက်လျက်ရှိ ကြောင်း၊ သို့ဖြစ်၍ Charging Station များ တည်ဆောက်ရာတွင်လည်း လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ အရည်အသွေး စံချိန်စံညွှန်း ပြည့်မီရေး၊ သတ်မှတ်ချိန် အချိန်မီပြီးစီးရေးတို့ကို အလေးဂရုပြုဆောင်ရွက်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းဖေက ပြောကြားထားသည်။

ပြည်သူများအသုံးပြုရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် လျှပ်စစ်သုံးယာဉ်များအတွက် Charging Station များကို နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ သုခတော်ဝင်အိမ်ရာရှေ့၊ မြို့မစျေး၊ သပြေကုန်းစျေး၊ စည်ပင်ဧည့်ရိပ်သာ၊ ဘောဂသီရိ အဝေးပြေးယာဉ်ရပ်နားစခန်း စသည့်တည် နေရာများတွင်လည်းကောင်း၊ ရန်ကုန်မြို့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ရန်ကုန်ဘူတာကြီး၊ အဝေးပြေးကားဝင်းများ၊ သီရိမင်္ဂလာ စျေး၊ သခင်မြပန်းခြံ၊ မန္တလေးမြို့တွင် မြို့ပတ်လမ်း၊ သိပ္ပံလမ်းမ၊ ကျုံးပတ်လမ်း၊ အဝေးပြေး ကားဝင်းများစသည့်နေရာများတွင်လည်းကောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက် မိုင်တိုင် (၁/၀) တိုးလ်ဂိတ်၊ မိုင်တိုင် (၁၁၅/၀) ဖြူးယာဉ်ရပ်နားစခန်း၊ မိုင်တိုင် (၂၀၁/၀) နေပြည်တော် ယာဉ်ရပ်နားစခန်း၊ မိုင်တိုင်  (၂၈၄/၀) သီးကုန်းယာဉ်ရပ်နားစခန်း၊ မိုင်တိုင် (၃၅၂/ ၀) စကားအင်းယာဉ် ရပ်နားစခန်းစသည့် နေရာတို့တွင် ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်ရှိ EV Charging Station များကို မတ်လအတွင်း အပြီးတည်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ က နိုင်ငံပိုင်သတင်းစာနှင့်တွေ့ဆုံ မေးမြန်းမှု အစီအစဉ်တွင် ထည့်သွင်းပြောကြားခဲ့သည်။

Most Read

Most Recent