ATOM က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို ငွေကျပ် သိန်းတစ်ထောင် ကူညီထောက်ပံ့

ATOM က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို ငွေကျပ် သိန်းတစ်ထောင် ကူညီထောက်ပံ့
Published 9 March 2023

ATOM က မြန်မာအမျိုးသမီးဘောလုံးအားကစားကဏ္ဍ ပိုမိုတိုးတက်အောင် မြှင့်တင်နိုင်ရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို မြန်မာငွေကျပ် သိန်းတစ်ထောင် ကူညီထောက်ပံ့ပေးခဲ့ကြောင်း ATOM ကသတင်းထုတ်ပြန်ခဲ့သည်။

ATOM က  မြန်မာအမျိုးသမီးဘောလုံးအားကစားကဏ္ဍ မြင့်တင်နိုင်ရေး လုပ်ဆောင်နိုင်ရန်ရည်ရွယ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို ငွေသားထောက်ပံကူညီမှုအနေဖြင့် မြန်မာငွေကျပ် သိန်းတစ်ထောင်ကို ထောက်ပံ့ပေးအပ်ခဲ့သည်။  အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ကို ကြိုဆိုသည့်အနေဖြင့် လုပ်ဆောင်ခဲ့သည့် အဆိုပါ ထောက်ပံ့ပေးအပ်မှု အခမ်းအနားကို ATOM မြန်မာရုံးချုပ်တွင် မတ် ၈ ရက်က ကျင်းပခဲ့ပြီး ထောက်ပံ့ငွေများကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က လက်ခံရယူခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဘောလုံးအားကစားကို မြန်မာနိုင်ငံတွင် ရှေးယခင်ကတည်းက နှစ်နှစ်ခြိုက်ခြိုက် ဆော့ကစားခဲ့ကြပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် နိုင်ငံအတွင်းရှိ မြန်မာအမျိုးသမီးဘောလုံးအားကစားကဏ္ဍ ကောင်းမွန်မြင့်တက်ရေးအတွက်စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိသည်။ ATOM ၏ ထောက်ပံ့ကူညီမှုများသည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ကြိုးစားအားထုတ်မှုများ ထပ်တိုးလုပ်ဆောင်နိုင်ရေးအတွက် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ကူညီပေးသွားမည်ဖြစ်သည်။

ထို့အပြင် မြန်မာအမျိုးသမီးများ တန်းတူအခွင့်အရေးရရှိနိုင်ရေးနှင့် စိတ်ဓာတ်မြှင့်တင်နိုင်ရေးအတွက် အားကစားကဏ္ဍမှ တစ်ဆင့် ကူညီလုပ်ဆောင်ချက်များသည် မြန်မာ့လူမှုအဖွဲ့အစည်းကို ပိုမိုကောင်းမွန်နိုင်ရေး လုပ်ဆောင်လျက်ရှိသည့် ATOM ၏ ကတိကဝတ်များကိုလည်း ထင်ဟပ်ပြသလျက်ရှိပါသည်။

ATOM ၏ ထောက်ပံ့ကူညီမှုများသည် မြန်မာအမျိုးသမီးဘောလုံးအားကစားကို လူအများစိတ်ဝင်စားမှု ပိုမိုရရှိနိုင်ရန် တိုက်တွန်းအားပေးနေရုံသာမက ထောက်ပံ့ငွေများကို ကစားသမားများ၏ ဘောလုံးကစားစွမ်းရည် မြှင့်တင်နိုင်ရေး လိုအပ်သည့် လေ့ကျင့်မှုများလုပ်ဆောင်ရန်နှင့် အရင်းအမြစ်များရရှိနိုင်ရေးအတွက် ခွဲဝေအသုံးပြုသွားမည်ဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ အခုလိုမျိုး မြန်မာအမျိုးသမီးဘောလုံးအားကစားကဏ္ဍ ပိုမိုမြင့်တက်အောင် လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေအတွက် မြန်မာငွေကျပ် သိန်းတစ်ထောင် ပေးအပ်ခွင့်ရတဲ့အပေါ် အလွန် ဂုဏ်ယူဝမ်းမြောက်ရပါတယ်။ ကျွန်တော်တို့ ATOM က အမျိုးသမီးတွေအတွက် လုပ်ပိုင်ခွင့်နဲ့ တန်းတူအခွင့်အရေးရရှိရေး ကူညီလုပ်ဆောင်ပေးဖို့က အရေးကြီးတယ်ဆိုတာကို ယုံကြည်ပါတယ်။ ဒီထောက်ပံ့ကူညီမှုအစီအစဉ်တွေက အမျိုးသမီးတွေနဲ့ အမျိုးသမီးငယ်လေးတွေ ဘောလုံးအားကစားလောကမှာ ပိုမို ပါဝင်နိုင်ပြီး  သူတို့ရဲ့ အကောင်းမွန်ဆုံး စွမ်းဆောင်ရည်တွေကို ဖော်ထုတ်ခွင့် ရနိုင်မယ့် အခွင့်အလမ်းတွေ ဖန်တီးပေးတဲ့နေရာမှာ တစ်ထောင့်တစ်နေရာကနေ ကူညီပေးသွားနိုင်မယ်လို့ ယုံကြည်ပါတယ် ” ဟု ATOM ၏ ဒုတိယအမှုဆောင်အရာရှိချုပ် ဦးဝင်းပိုင်ကျော်က ပြောကြားခဲ့သည်။

ယခုကူညီထောက်ပံ့မှုများသည် ATOM အနေဖြင့် မြန်မာနိုင်ငံတွင် လတ်တလောလုပ်ဆောင်နေသည့် လူမှုအဖွဲ့အစည်းတိုးတက်ရေးလုပ်ဆောင်ချက်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်။ ATOM သည် မြန်မာနိုင်ငံ၏ ပညာရေး၊ ကျန်းမာရေး နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများ ပိုမိုတိုးတက်လာနိုင်ရေး ထောက်ပံ့ကူညီသည့် လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် တိုးမြှင့်လုပ်ဆောင်လျက်ရှိပါသည်။

Most Read

Most Recent