လက်ရှိဘဏ္ဍာနှစ် ကိုးလအတွင်း မြန်မာနှင့် ထိုင်း နှစ်နိုင်ငံအကြား ကုန်သွယ်မှုတွင် မြန်မာဘက်က ပို့ကုန်တင်ပို့မှုတန်ဖိုး ဒေါ်လာ ၂၇၇၅ သန်းကျော်တင်ပို့ထားပြီး ထိုင်းဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၆၁၅ သန်းကျော်ရှိ

လက်ရှိဘဏ္ဍာနှစ် ကိုးလအတွင်း မြန်မာနှင့် ထိုင်း နှစ်နိုင်ငံအကြား ကုန်သွယ်မှုတွင် မြန်မာဘက်က ပို့ကုန်တင်ပို့မှုတန်ဖိုး ဒေါ်လာ ၂၇၇၅ သန်းကျော်တင်ပို့ထားပြီး ထိုင်းဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၆၁၅ သန်းကျော်ရှိ
Published 8 March 2023

လက်ရှိဘဏ္ဍာနှစ် ကိုးလအတွင်း မြန် မာနှင့် ထိုင်း နှစ်နိုင်ငံအကြား ကုန်သွယ်မှု တွင် မြန်မာဘက်က ပို့ကုန်တင်ပို့မှုတန်ဖိုး ဒေါ်လာ ၂၇၇၅ သန်းကျော် တင်ပို့ထားပြီး ထိုင်းဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၆၁၅ သန်းကျော်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီမှ ဒီဇင် ဘာအထိ ကိုးလအတွင်း မြန်မာဘက်မှပို့ကုန် တန်ဖိုး ဒေါ်လာ၂၇၇၅ ဒသမ ၅၅၅ သန်း၊ ထိုင်းဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၆၁၅ ဒသမ ၁၁၁ သန်းဖြင့် ကုန်သွယ်မှု ဒေါ်လာ ၄၃၉၀ ဒသမ ၆၆၆ သန်း ရှိသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တို ဘာမှ မတ်လအထိ Mini Budget  ခြောက် လအတွင်း မြန်မာနှင့် ထိုင်း နှစ်နိုင်ငံအကြား ကုန်သွယ်မှုတွင် မြန်မာဘက်က ပို့ကုန်တင် ပို့မှု တန်ဖိုး ဒေါ်လာ ၁၉၁၁ သန်းကျော်တင် ပို့ထားပြီး ထိုင်းဘက်မှ သွင်းကုန်တန်ဖိုး ဒေါ် လာသန်း ၁၀၇၀ ကျော်သာရှိကြောင်း၊ ခြောက် လအတွင်း မြန်မာ-ထိုင်း နှစ်နိုင်ငံ ကုန်သွယ်မှု ဒေါ်လာ  ၂၉၈၁ ဒသမ ၅၇ သန်းရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရ သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန် မာနှင့် ထိုင်းနိုင်ငံတို့အကြား နှစ်နိုင်ငံကုန် သွယ်မှုတွင် မြန်မာဘက်မှ ပို့ကုန်တင်ပို့မှု တန် ဖိုးဒေါ်လာ ၃၂၈၇ သန်းကျော်ရှိပြီး ထိုင်းဘက် မှသွင်းကုန်တန်ဖိုးဒေါ်လာသန်း ၁၉၈၀ ကျော် သာရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တို ဘာမှ စက်တင်ဘာလကုန်အထိ မြန်မာဘက်  မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၃၂၈၇ ဒသမ ၅၄၇ သန်း၊ ထိုင်းဘက်မှသွင်းကုန်တန်ဖိုး ဒေါ်လာ ၁၉၈၀ ဒသမ ၈၉၁ သန်းဖြင့် ကုန်သွယ်မှု          ပမာဏ ဒေါ်လာ ၅၂၆၈ ဒသမ ၄၃၈ သန်း ရရှိခဲ့သည်။

COVID-19  ကြောင့်၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မြန်မာ-ထိုင်းနှစ်နိုင်ငံ ကုန်သွယ်မှု ဒေါ် လာသန်း ၅၁၀၀ ကျော်သာ ရှိပြီး ယခင်နှစ်ထက် ကုန်သွယ်မှုပမာဏ ဒေါ် လာသန်း ၃၅၀ ကျော်လျော့ကျခဲ့ကြော င်း စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တို ဘာ ၁ ရက်မှ စက်တင်ဘာလကုန်အထိ မြန် မာဘက်မှ ပို့ကုန်တင်ပို့မှုတန်ဖိုး ဒေါ်လာ ၃၀၉၅ ဒသမ ၉၈၈ သန်းရှိသည်။ ထိုင်းဘက် မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၂၀၂၁ ဒသမ ၉၂၅ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၅၁၁၇ ဒသမ ၉၁၃ သန်း ရရှိထားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တို ဘာ ၁ ရက်မှ စက်တင်ဘာလကုန်အထိ မြန် မာ-ထိုင်း နှစ်နိုင်ငံကုန်သွယ်မှုဒေါ်လာ ၅၄၆၅ ဒသမ ၁၇၃ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန် တန်ဖိုးဒေါ်လာ ၃၂၇၇ ဒသမ ၅၇၅ သန်း တင်ပို့ထားပြီး ထိုင်းဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၂၁၈၇ ဒသမ ၅၉၈ သန်း တင်သွင်း ထားသည်။

၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှစက်တင်ဘာ လကုန်အထိ မြန်မာ-ထိုင်းနှစ်နိုင်ငံကုန်သွယ် မှု ဒေါ်လာ ၂၉၅၈ ဒသမ ၀၃၉ သန်းရှိပြီး မြန် မာဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၁၅၅၉ ဒသမ ၄၅၄ သန်း တင်ပို့ထားပြီး ထိုင်းဘက်မှ သွင်း ကုန်တန်ဖိုးဒေါ်လာ ၁၃၉၈ ဒသမ ၅၈၅ သန်း တင်သွင်းထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြန်မာ-ထိုင်း နှစ်နိုင်ငံကုန်သွယ်မှုဒေါ်လာ ၅၀၇၄ ဒသမ ၇၀၇ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန် တန်ဖိုး ဒေါ်လာ၂၈၄၆ ဒသမ ၀၆၆ သန်းတင် ပို့ထားပြီး ထိုင်းဘက်မှ သွင်းကုန်တန်ဖိုး ဒေါ် လာ ၂၂၂၈ ဒသမ ၆၄၁ သန်း တင်သွင်းထား သည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် မြန်မာ -ထိုင်း နှစ်နိုင်ငံကုန်သွယ်မှု ဒေါ်လာ ၄၂၈၈ ဒသမ ၁၇၂ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန် တန်ဖိုး ဒေါ်လာ ၂၂၁၂ ဒသမ ၂၃၄ သန်း တင်ပို့ထားပြီး ထိုင်းဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၂၀၈၅ ဒသမ ၉၃၈ သန်းတင်သွင်း ထားသည်။

အမျိုးသားပို့ကုန်မဟာဗျူဟာ - NES  ၂၀၂၀-၂၀၂၅ သည် မြန်မာနိုင်ငံသားများ အတွက် အလုပ်အကိုင်များနှင့်အခွင့်အလမ်း အသစ်များ ဖန်တီးပေးနိုင်ရေးအတွက် အစိုးရ ဌာနဆိုင်ရာများနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်း လုပ်ဆောင်နိုင်မည့် အခွင့်အရေးတစ်ခုဖြစ် ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားထားသည်။

Most Read

Most Recent