ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် Road Map ကို  ခေတ်နှင့်လျော်ညီစွာ ပြင်ဆင်ရေးဆွဲရန် အကြံပြုဆွေးနွေး

ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် Road Map ကို  ခေတ်နှင့်လျော်ညီစွာ ပြင်ဆင်ရေးဆွဲရန် အကြံပြုဆွေးနွေး
Road Map ကို  ခေတ်နှင့်လျော်ညီစွာ ပြင်ဆင်ရေးဆွဲရေး ဆွေးနွေးစဉ်(ကုန်သည်စက်မှုအသင်းချုပ်)
Road Map ကို  ခေတ်နှင့်လျော်ညီစွာ ပြင်ဆင်ရေးဆွဲရေး ဆွေးနွေးစဉ်(ကုန်သည်စက်မှုအသင်းချုပ်)
Published 8 March 2023

ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် Road Map ကို  ခေတ်နှင့်လျော်ညီစွာ ပြင်ဆင်ရေးဆွဲရန် လိုအပ်သည်များကို အကြံပြုဆွေးနွေးခဲ့ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သိရသည်။

နိုင်ငံအတွင်း ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် Road Map ကို ခေတ်နှင့်လျော်ညီစွာ   ပြင်ဆင်ရေးဆွဲရာတွင် လိုအပ်သည်များ အကြံပြုနိုင်ရေးအတွက် ကုန်သည်စက်မှုအသင်းချုပ်၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ မြန်မာနိုင်ငံ ဒီဂျစ်တယ်စီးပွားရေးဆိုင်ရာလုပ်ငန်းရှင်များအသင်း(MDEA) တို့မှ Digital Economy Development Committee Road Map  ညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ မတ်လ (၃) ရက်က Hybird စနစ်ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင်  နိုင်ငံအတွင်း ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် Road Mapကို ပြန်လည် ဆန်းစစ်ပြီး လိုအပ်ပါက ခေတ်နှင့်လျော်ညီစွာ ပြင်ဆင်ရာတွင် အကြံပြုနိုင်ရေး၊ ကိုဗစ်အလွန်ကာလမှာနည်းပညာပြောင်းလဲမှုများ အလျင်အမြန်တိုးတက်လာသည့်အတွက် နည်းပညာပြောင်းလဲမှုနှင့်အညီ Road Map တွင်ထည့်သွင်းနိုင်ရေး၊ အာဆီယံနိုင်ငံများ တွင် ရေးဆွဲထားသည့် Commitment များ နှင့်အညီ လုပ်ဆောင်သွားရန်လိုအပ်ခြင်း၊  Artificial Intelligence ၊ Machine Learning များနှင့် လိုက်လျောညီထွေသည့် ပတ်ဝန်းကျင်ဖန်တီးနိုင်ရေး၊ နိုင်ငံ၏ ဦးစားပေးကဏ္ဍများတွင် အရေးကြီးသော အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သွင်းကုန်အစားထိုးလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုကဏ္ဍတိုး တက်ရေးတို့အတွက် ဒီဂျစ်တယ်စီးပွားရေး တိုးတက်လာစေရန် Road Map တွင် ထည့်သွင်း ရေးဆွဲ အကြံ​ပြုရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါအစည်းအဝေးကို ကုန်သည်စက်မှုအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးသောင်းတင်၊  ကုန်သည်စက်မှုအသင်းချုပ် ဗဟိုအလုပ် အမှုဆောင် ဒေါက်တာထွန်းသူရသက်၊ ဗဟိုအလုပ်အမှုဆောင် ဦးဟန်ကြည်၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ ဒုတိယဥက္ကဋ္ဌ ဦးထင်အောင်ခိုင်နှင့် ဦးဇော်မင်းဦး၊ MDEA ဥက္ကဋ္ဌ ဦးအောင်ဇေယျာလွင်၊ ဒုတိယဥက္ကဋ္ဌ ဦးအေးချမ်း၊ MDEA အလုပ်အမှုဆောင်များဖြစ်ကြသော ဦးပြေငြိမ်း၊ ဦးဝေဖြိုးလင်း၊ ဒေါက်တာစောနေနွယ်၊ ဦးမျိုးထက်လင်းတို့ တက်ရောက် ဆွေးနွေးခဲ့ကြသည်။

ကုန်သည်စက်မှုအသင်းချုပ်၏ ၂၀၂၂-၂၀၂၅ သက်တမ်းအတွက် ဖွဲ့စည်းထားသည့် အသင်းသားရေးရာ ကော်မတီ၏ပထမဆုံး အကြိမ်အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၇ ရက်က ကျင်းပခဲ့ရာ အသင်းသားရေးရာ ကော်မတီဥက္ကဋ္ဌ ဦးဆန်းလင်း၊ ဒုတိယဥက္ကဋ္ဌ ဦးတင်ကိုကို၊ အတွင်းရေးမှူးဦးစိုးနိုင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ညီနောင်အသင်း အသိအမှတ်ပြုရန် တင်ပြလာခြင်းကိစ္စရပ်များ၊ အလိုအလျောက် အလုပ်အမှုဆောင် ကိုယ်စားလှယ် အစားထိုးပြောင်းလဲခြင်း ကိစ္စနှင့် အသင်းသားရေးရာကိစ္စရပ်များ၊    မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်း ချုပ်၊ မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (ရန်ကုန်)၊ တနင်္သာရီတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှု လက်မှု လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း၊ မြန်မာအမျိုး သမီးစီးပွားရေးစွမ်းဆောင်ရှင်များအ သင်းတို့မှ တင်ပြလာသည့် အမှာစာကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ကြသည်။

Most Read

Most Recent