နှစ်ပေါင်း ၃၄ နှစ်နီးပါးအတွင်း သီလဝါအထူးစီးပွားရေးဇုန်အပါအဝင် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၉၄ ဒသမ ၇၈ ဘီလျံကျော် ဝင်ရောက်ခဲ့ပြီး စွမ်းအင်ကဏ္ဍတွင် အများဆုံးဖြစ်

နှစ်ပေါင်း ၃၄ နှစ်နီးပါးအတွင်း သီလဝါအထူးစီးပွားရေးဇုန်အပါအဝင် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၉၄ ဒသမ ၇၈ ဘီလျံကျော် ဝင်ရောက်ခဲ့ပြီး စွမ်းအင်ကဏ္ဍတွင် အများဆုံးဖြစ်
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်နေသည့်လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်နေသည့်လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
Published 8 March 2023

နှစ်ပေါင်း ၃၄ နှစ်နီးပါးအတွင်း သီလဝါအထူးစီးပွားရေးဇုန်အပါအဝင် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၉၄ ဒသမ ၇၈ ဘီလျံကျော် ဝင်ရောက်ခဲ့ပြီး စွမ်းအင်ကဏ္ဍတွင် အများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာနမှ သိရသည်။

၁၉၈၈-၈၉ ဘဏ္ဍာနှစ်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ၁၁လအတွင်း  မြန်မာနိုင်ငံ အတွင်းသို့ ကဏ္ဍအလိုက် နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုဝင်ရောက်မှုကို လေ့လာကြည့်ပါက စွမ်းအင်ကဏ္ဍတွင် ဒေါ်လာ ၂၆၁၆၇ ဒသမ ၁၉၉ သန်း(၂၆ ဒသမ ၁၆၇ ဘီလျံကျော်)၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ဒေါ်လာ ၂၂၇၇၃ ဒသမ ၃၉၂ သန်း(၂၂ ဒသမ ၇၇၃ ဘီလျံကျော်)၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ဒေါ်လာ ၁၃၃၀၉ ဒသမ ၈၉၀ သန်း ( ၁၃ ဒသမ ၃၀၉ ဘီလျံကျော်)၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၁၁၃၄၅ ဒသမ ၄၈၇ သန်း (၁၁ ဒသမ ၃၄၅ ဘီလျံ ကျော်)၊ အိမ်ခြံမြေကဏ္ဍတွင် ဒေါ်လာ ၆၅၉၂ ဒသမ ၉၆၄ သန်း (၆ ဒသမ ၅၉၂ ဘီလျံ ကျော်)၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍတွင် ဒေါ်လာ ၃၂၈၂ ဒသမ ၈၃၇ သန်း (၃ ဒသမ ၂၈၂ ဘီလျံကျော်)၊သတ္တုကဏ္ဍတွင် ဒေါ်လာ ၂၉၁၃ ဒသမ၂၈၅ သန်း(၂ ဒသမ ၉၁၃ ဘီလျံကျော်)၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍတွင် ဒေါ်လာ ၉၄၅ ဒသမ ၇၀၈ သန်း၊ စက်မှုဇုန်ကဏ္ဍတွင် ဒေါ်လာ ၆၂၁ ဒသမ ၇၈၂ သန်း၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ဒေါ်လာ ၄၅၀ ဒသမ ၃၈၁ သန်း၊ ဆောက်လုပ်ရေးကဏ္ဍတွင် ဒေါ်လာ ၁၀၂ ဒသမ ၇၆၇ သန်းနှင့်ဝန်ဆောင်မှုကဏ္ဍတွင် ဒေါ်လာ ၄၀၈၈ ဒသမ ၃၈၃ သန်းဖြင့် ဒေါ်လာ ၉၂၅၉၄ ဒသမ ၀၇၅ သန်း (၉၂ ဒသမ ၅၉၄ ဘီလျံကျော်)ဝင်ရောက်ခဲ့သည်။

အထူးစီးပွားရေးဇုန်ဥပဒေအရ သီလဝါအထူးစီးပွားရေးဇုန်တွင် ဒေါ်လာ ၂၁၉၀ ဒသမ ၇၉၀ သန်း(၂ ဒသမ ၁၉၀ ဘီလျံကျော် ) ဝင်ရောက်ခဲ့သဖြင့်  ၃၄ နှစ်နီးပါးအတွင်း စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၉၄၇၈၄ ဒသမ ၈၆၅ သန်း(၉၄ ဒသမ ၇၈၄ ဘီလျံကျော်)ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် ဧပြီမှဇန်နဝါရီ လကုန်အထိ ၁၀ လအတွင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံအလိုက် ဝင်ရောက်မြှုပ်နှံမှုအ နေဖြင့် စင်ကာပူနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၁၁၅၇ ဒသမ ၅၅၃ သန်း၊ Belize ကဒေါ်လာ ၁ ဒသမ  ၅ သန်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင်ဒေါ်လာ တစ်သန်း၊ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ ၁၀၅ ဒသမ ၅၅၂ သန်း၊ တိုင်ပေက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ၄ ဒသမ ၁၁၃သန်း၊ ဟောင် ကောင်က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ၁၆၅ဒသမ ၁၀၉သန်း၊ အိန္ဒိယက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင်  ဒေါ်လာ ၁ ဒသမ ၅၄၅ သန်း၊ ဂျပန်နိုင်ငံက ၂၁ ဒသမ ၄သန်း၊ R.O.K က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင်  ဒေါ်လာ ၅ ဒသမ ၄ သန်း၊ Samoa ကရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ ၀ ဒသမ ၃၈၉ သန်း၊ Seychelles က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၀ ဒသမ ၃၃၈ သန်း၊ ဆွစ်ဇာလန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၄ ဒသမ ၆၇၇ သန်း၊ ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာခြောက်သန်း၊ U.K က ဒေါ်လာ၂ ဒသမ ၀၅၆ သန်းဖြင့် စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၁၄၇၆ ဒသမ ၆၃၁ သန်း ဝင်ရောက်မြှုပ်နှံထားခြင်းဖြစ်သည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်(Mini Budget) ခြောက်လအတွင်း နိုင်ငံအလိုက် ဝင်ရောက်မြှုပ်နှံမှုအနေဖြင့် စင်ကာပူက ရင်းနှီး မြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၂၉၇ ဒသမ ၃၄၉ သန်း၊ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၁၄၂ ဒသမ ၁၃၇ သန်း၊တိုင်ပေက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၈ ဒသမ ၆၄၁ သန်း၊ပြင်သစ်က ဒေါ်လာ ၀ ဒသမ ၄၉၇ သန်း၊ ဟောင်ကောင်က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၁၀၉ ဒသမ  ၁၄၀ သန်း၊အိန္ဒိယနိုင်ငံက ဒေါ်လာ ၀ ဒသမ ၅၅၀ သန်း၊ အင်ဒိုနီးရှားနိုင်ငံက ဒေါ်လာ ၅ ဒသမ ၁ သန်း၊ ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၄ ဒသမ ၅၃၀ သန်း၊မလေးရှားကရင်းနှီး မြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၀ ဒသမ ၃၁၂ သန်း စသည်ဖြင့် ဝင်ရောက်ထားသည်။

Most Read

Most Recent