မြန်မာ့မီးရထားက အမြန်ရထားခရီးစဉ်များအနေဖြင့် ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြည်၊ ရန်ကုန်-မော်လမြိုင်နှင့် ရန်ကုန်-ပုဂံခရီးစဉ်များကို ပြေးဆွဲပေးနေ

မြန်မာ့မီးရထားက အမြန်ရထားခရီးစဉ်များအနေဖြင့် ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြည်၊ ရန်ကုန်-မော်လမြိုင်နှင့် ရန်ကုန်-ပုဂံခရီးစဉ်များကို ပြေးဆွဲပေးနေ
Published 7 March 2023

မြန်မာ့မီးရထားက အမြန်ရထားခရီးစဉ်များအနေဖြင့် ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြည်၊ ရန်ကုန်-မော်လမြိုင်နှင့် ရန်ကုန်-ပုဂံခရီးစဉ်များကို ပြေးဆွဲပေးနေကြောင်း သိရသည်။

မြန်မာ့မီးရထားက ရန်ကုန်-ပုဂံ အမြန်ရထားခရီးစဉ်အား ရိုးရိုးတန်း ကျပ် ၇၂၀၀၊ အထက်တန်းထိုင်ခုံ ကျပ် ၁၄၄၀၀၊ အထက်တန်းအိပ်စင် ကျပ် ၁၉၈၀၀ ဖြင့် ပြေးဆွဲပေးနေကြောင်း သိရသည်။

အမှတ် ၆၁ အဆန် အမြန်ရထားသည် ရန်ကုန်ဘူတာမှ ညနေ ၄ နာရီ ၁၅ မိနစ်တွင် ထွက်ခွာပြီး ပုဂံဘူတာသို့ နောက်တစ်နေ့ မွန်းတည့် ၁၂ နာရီတွင် ရောက်ရှိမည်ဖြစ်သည်။ အမှတ် ၆၂ အစုန် အမြန်ရထားသည် ပုဂံဘူတာမှ ညနေ ၄ နာရီ ၁၅ မိနစ်တွင်ထွက်ခွာပြီး နောက်တစ်နေ့မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်ဘူတာသို့ ရောက်ရှိမည်ဖြစ်ကြောင်း မြန်မာ့မီးရထားက ကြေညာထားသည်။

ရန်ကုန်-ပုဂံ အမြန်ရထားသည် လမ်းခရီးတွင် ဘူတာ ၂၃ဘူတာ ရပ်နားပေးပြီး  နတ်မောက်မြို့နယ်တွင် နတ်မောက်၊ လေး အိမ်၊ သားမျှားနှင့် ပင်းချောင်းဘူတာတို့တွင် ရပ်နားကြောင်း သိရသည်။

မြန်မာ့မီးရထားက ရန်ကုန်မြို့ပတ် ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းတွင် ပါဝင်သည့် တာမွေဘူတာအသစ်တည်ဆောက်ခြင်းလုပ်ငန်း(လုပ်ငန်းဆက်) လုပ်ကိုင်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူခဲ့ကြောင်း သတင်းရရှိသည်။

လက်ရှိတွင်မြန်မာ့မီးရထားအနေဖြင့်  ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းတွင် ပါဝင်သည့် ဘူတာအသစ်များ တည်ဆောက်ခြင်း (လုပ်ငန်းဆက်) များအတွက် အိတ်ဖွင့်တင်ဒါ ကျောက်ရေတွင်းဘူတာအသစ် တည်ဆောက်ခြင်းလုပ်ငန်း (လုပ်ငန်းဆက်) လုပ်ကိုင်ရန် အိတ်ဖွင့်တင်ဒါ ခေါ်ယူထားသည်။

တင်ဒါပုံစံများကို ဖေဖော်ဝါရီ ၁၇ ရက် နေ့မှစတင်၍ ရုံးချိန်အတွင်း ဝယ်ယူနိုင်ကြောင်းနှင့် အသေးစိတ်သိရှိလိုပါက ထောက်ပံ့ဌာန၊ မြန်မာ့မီးရထား၊ ကုန်သည်လမ်းနှင့် ၅၁ လမ်းထိပ်တွင် မေးမြန်းဝယ်ယူနိုင်ကြောင်း သိရသည်။

မြန်မာ့မီးရထားက ရန်ကုန်-မန္တလေး ရထားခရီးစဉ်အား တစ်ရက်လျှင် ရထား နှစ်စီးဖြင့် ပြေးဆွဲနေပြီး အခြားခရီးစဉ်များတွင် ခရီးသည်စီးနင်းမှုများပြားလာသည်နှင့် အမျှ  ရထားတွဲဆိုင်းများ ပိုဆိုချိတ်ဆက်ခြင်းနှင့် ရထားစင်းရေတိုးမြှင့်ပြေးဆွဲခြင်းများ ပြုလုပ်သွားမည်။

မြန်မာ့မီးရထားက နယ်ဝေးရထားခရီးစဉ်များအဖြစ် ရန်ကုန်- မန္တလေးလမ်းပိုင်း၌ အမြန်ရထားလေးစင်း၊ စာပို့ရထားနှစ်စင်း၊ ရန်ကုန်-ပြည်လမ်းပိုင်းတွင် အမြန်ရထားနှစ်စင်း၊ စာပို့ရထား နှစ်စင်း၊ ရန်ကုန်-မော်လမြိုင် ညရထားအပါအဝင် လမ်းပိုင်းအသီးသီးတွင် လူစီးနှင့် ကုန်တင်ရထားများပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

မြန်မာ့မီးရထားက ရန်ကုန်-မန္တလေး လမ်းပိုင်းတွင် အမြန်ရထားလေးစင်း၊ စာပို့ရထားနှစ်စင်း၊ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းတွင် အမြန်ရထားနှစ်စင်း၊ ရန်ကုန်- ပြည်လမ်းပိုင်းမှာ အမြန်ရထားနှစ်စင်း၊ စာပို့ရထား နှစ်စင်း၊ ရန်ကုန်-ပဲခူးလမ်းပိုင်းတွင်ရထား နှစ် စင်း၊ ပုသိမ် - ဟင်္သာတ- ကြံခင်းလမ်းပိုင်းတွင် စာပို့ရထားနှစ်စင်း၊ ပျဉ်းမနား-တောင်တွင်း ကြီးလမ်းပိုင်းတွင် လူစီးကုန်တင်ရထား နှစ်စင်း၊ သာစည်-ရွှေညောင်လမ်းပိုင်းတွင် စာပို့ရထားနှစ်စင်း၊ ပြင်ဦးလွင်-ဂုတ်ထိပ်လမ်းပိုင်းတွင် အမြန်ရထားနှစ်စင်း၊ ပြည်တော်သာ- ရေချမ်းပြင် လမ်းပိုင်းတွင်ရထားလေးစင်း၊ တောင်ကြီး- ဆိုက်ခေါင်လမ်းပိုင်းတွင် လူစီး ကုန်တင်ရထား နှစ်စင်း စုစုပေါင်း ၂၈ စင်းနှင့် ရန်ကုန်မြို့ပတ်ရထား ၂၆ စင်းစုစုပေါင်း လူစီးရထား ၅၄ စင်း ပြေးဆွဲပေးနေခြင်းဖြစ်သည်။

မြန်မာ့မီးရထားက ပြေးဆွဲမှုရပ်နားထားသည့် ပုသိမ်-ဟင်္သာတ-ကြံခင်း အစုန်အဆန် အမြန်ရထားအား စက်တင်ဘာ ၁၁ ရက်တွင် စတင်ကာ ပြန်လည်ပြေးဆွဲခဲ့ကြောင်း သတင်းရရှိသည်။

အမှတ် ၁၈၁ ပုသိမ်-ဟင်္သာတ-ကြံခင်း (အဆန်) အမြန်ရထားခရီးစဉ် ပြန်လည်ပြေးဆွဲခြင်းအခမ်းအနားကို စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းက ပုသိမ်မြို့ ပုသိမ်ဘူတာတွင် ကျင်းပခဲ့ပြီး နံနက် ၆နာရီတွင် ပုသိမ်ဘူတာမှ ရထား စတင်ထွက်ခွာခဲ့ကြောင်း သိရသည်။

မြန်မာ့မီးရထားက ရန်ကုန်-ပြည် ရထားလမ်းပိုင်းတွင် အမြန်ရထား တစ်စီး ထပ်မံတိုး ချဲ့ပြေးဆွဲခဲ့ပြီး ယခင်ရန်ကုန်ဘူတာကြီးက စတင်ထွက်ခွာသည့် စာပို့ရထားကိုမူ ကြည့်မြင်တိုင်ဘူတာမှ စတင်ထွက်ခွာခြင်းသို့ ပြောင်းလဲပြေးဆွဲခဲ့ကြောင်း မြန်မာ့မီးရထားက သတင်းရရှိသည်။