စက်မှုကဏ္ဍတွင် ကုန်ထုတ်လုပ်မှုတိုးတက်ရန် ကုန်ကြမ်းရရှိရေးအတွက် အရေးကြီးကြောင်း၊ လျှပ်စစ်စွမ်းအားကို ဒီဇယ်ဖြင့် မောင်းနှင်နေရခြင်းသည် ကုန်ကျစရိတ်များပြားသည့်အတွက် နည်းလမ်းရှာဖွေရန် လုပ်ငန်းရှင်များတင်ပြ

စက်မှုကဏ္ဍတွင် ကုန်ထုတ်လုပ်မှုတိုးတက်ရန် ကုန်ကြမ်းရရှိရေးအတွက် အရေးကြီးကြောင်း၊ လျှပ်စစ်စွမ်းအားကို ဒီဇယ်ဖြင့် မောင်းနှင်နေရခြင်းသည် ကုန်ကျစရိတ်များပြားသည့်အတွက် နည်းလမ်းရှာဖွေရန် လုပ်ငန်းရှင်များတင်ပြ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် ကုန်သည်စက်မှုအသင်းချုပ်  စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်များ အသင်းချုပ်၌ တွေ့ဆုံစဉ်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် ကုန်သည်စက်မှုအသင်းချုပ်  စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်များ အသင်းချုပ်၌ တွေ့ဆုံစဉ်
Published 1 March 2023

စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင်  ကုန်ထုတ်လုပ်မှုတိုးတက်ရန် ကုန်ကြမ်းရရှိရေးအတွက် အရေးကြီးကြောင်း၊ စက်မှုကဏ္ဍအတွက် လျှပ်စစ်စွမ်းအားကို ဒီဇယ်ဖြင့် မောင်းနှင်နေရခြင်းသည် ကုန်ကျစရိတ်များပြားသည့်အတွက် နည်းလမ်းရှာဖွေရန်၊ Made in Myanmar Product များကို တင်ပို့မှု ဦးစားပေးစေလိုကြောင်း လုပ်ငန်းရှင်များက တင်ပြခဲ့ကြကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် ကုန်သည်စက်မှုအသင်းချုပ် စီမံ ခန့်ခွဲရေးကော်မတီအဖွဲ့ဝင်များ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် အသင်းချုပ်၌ တွေ့ဆုံစဉ် တင်ပြခဲ့ကြခြင်းဖြစ်သည်။

တက်ရောက်လာသည့် စီမံခန့်ခွဲရေးကော်မတီဝင်များက မြန်မာနိုင်ငံသည် စားသောက်ကုန် ထုတ်လုပ်မှုပိုလျှံသည့် နိုင်ငံ ဖြစ်သည့်အတွက် ပြည်ပမှစားသောက်ကုန် သွင်းကုန်လျှော့ချ၍  ပြည်တွင်းစားသောက်ကုန်များကို  စျေးကွက်များတွင် ပိုမိုဖြန့်ဖြူးရောင်းချနိုင်ရေးကို အားပေးကူညီခြင်းဖြင့်   MSMEs ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကိုပါ တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ရန်၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် တိရစ္ဆာန်အစားအစာသည် အခက်အခဲရှိကြောင်း၊ ဆန်ကွဲ၊ ပြောင်းတို့သည် B Grade ဖြစ်သည့်အတွက် စျေးကောင်းရကြောင်း၊ မွေးမြူရေးအစာဖြစ်သည့် ဆန်ကွဲ၊ ပြောင်း စသည့် ကုန်ကြမ်းများအတွက် စျေးနှုန်းတည်ငြိမ်အောင် ဆောင်ရွက်ပေးရန်၊ လယ်ယာကဏ္ဍတွင်လည်း စိတ်ဝင်စားသည့် ပြည်ပရင်းနှီး မြှုပ်နှံသူများရှိပါကြောင်း၊  ပြည်ပရင်းနှီးမြှုပ်နှံသူများအတွက် Insurance Sector မှာ စျေးနှုန်းကြီးမြင့်နေသည့်အတွက် နိုင်ငံတော်က ခိုင်ခိုင်မာမာသတ်မှတ်ပေးစေလိုကြောင်း၊ Export Promotion လုပ်သည့်အခါ အလားအလာရှိသည့်မွေးမြူရေးကဏ္ဍရှိကြောင်း၊   နိုင်ငံ၏ဝင်ငွေရရှိစေရေးအတွက်  မွေးမြူရေးကဏ္ဍကို ပို့ကုန်ပိုမိုတင်ပို့နိုင်ရေးအားစိုက် ဆောင်ရွက်ပေးစေလိုကြောင်း၊ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွင် ကုန်ထုတ် လုပ်မှုတိုးတက်ရန် ကုန်ကြမ်းရရှိရေးအတွက် အရေးကြီးပါကြောင်း၊ စက်မှုကဏ္ဍအတွက် လျှပ်စစ်စွမ်းအားကို ဒီဇယ်ဖြင့် မောင်းနှင်နေရခြင်းသည် ကုန်ကျစရိတ်များပြားသည့်အတွက် နည်းလမ်းရှာဖွေရန်၊ Made in Myanmar Product များကို တင်ပို့မှု ဦးစားပေးစေလိုကြောင်း ၊ ယခင်က ဆေးဝါးနှင့်ဆေးပစ္စည်းကဏ္ဍအတွက် သွင်းကုန်လိုင်စင်ရရန် ရက်အတိအကျခန့်မှန်း၍ မရခဲ့သည့်အတွက် ခက်ခဲပါကြောင်း၊ ယခုအခါ လိုင်စင်ရရှိရန် အနီးစပ်ဆုံး ခန့်မှန်းရသည့်အတွက်  ဆေးဝါးပြတ်လပ်မှုမရှိတော့ကြောင်း၊ Exchange ကြောင့်သာ စျေးနှုန်းအပြောင်းအလဲရှိကြောင်း စသည်ဖြင့် အသီးသီးတင်ပြ ခဲ့ကြသည့်အပေါ် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များကို ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ဝန်ကြီးဌာနအနေဖြင့် လက်ရှိကာ လတွင် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ပြည်တွင်း စီးပွားရေးလုပ်ငန်းများအပြင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကိုလည်း ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုများတွင် အဆင်ပြေချောမွေ့စေရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ ပို့ကုန်သွင်းကုန်လိုင်စင်များ လျှောက်ထားရာတွင် အွန်လိုင်းစနစ်ဖြင့် လွယ်ကူစွာ လျှောက်ထားနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ နယ်စပ်ကုန်သွယ်ရေးတွင် တရားမဝင် ကုန်သွယ်မှုများ ပပျောက်စေရေးအ တွက်လည်း ကြိုးစားဆောင်ရွက်လျက်ရှိပြီး ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း၊ လက်ရှိအချိန်တွင် စီးပွားရေးလုပ် ငန်းများသည် အခက်အခဲအကျပ်အတည်းများကြားမှ ကျော်လွှားလာနိုင်ခဲ့ပြီး ဖွံ့ဖြိုးရေးကို ဆောင်ရွက်ရတော့မည့် အခြေအနေဟု ထင်မြင်မိပါကြောင်းစသည်ဖြင့် ပြောကြားခဲ့သည်။ 

 

         

Most Read

Most Recent