ဗြိတိန်နာမည်ကျော်ဘောလုံးသမားတွေ ရဲ့ ကြင်သူသက်ထားဇနီးတွေ (WAGs) ဟာ ငွေကို အိမ်သာသုံံးစက္ကူလို သဘောထားခဲ့ပါတယ်။ တန်ဖိုးမြင့်ဖက်ရှင်အသုံးဆောင်ပစ္စည်းတွေ ထည်လဲသုံးပြီး ညဘက်ပါတီပွဲကြား သာယာပျော်ရွှင်တတ်သူတွေထဲက တစ်ယောက်ဟာ အခုဆိုရင် အကြွေးပေါင် (၅)သိန်းတင်နေလို့ သူ့ဘဝသူ အဆုံးသတ်ချင်နေပါပြီ။ သူက ဆူဇီဝေါ်လ်ကာပါပဲ။ ဒေးဗစ်ဘက်ခမ်ရဲ့ ဇနီးဗစ်တိုးရီးယားဘက်ခမ်နဲ့အတူ တစ်ချိန်တုန်းက ညဘက်အတူလျှောက်လည်ခဲ့ဖူးသူဟာ ပြန်လည်အဖတ်ဆယ်လို့မရတဲ့ ဘဝနွံထဲ နစ်မွန်းနေတယ်။ ဆူဇီဟာ စပါးအသင်း ဂိုးသမားဟောင်း အီယန်ဝေါ်လ်ကာရဲ့ ဇနီးအဖြစ် ကျော်ကြားသူဘဝကို ပိုင်ဆိုင်ခဲ့တာပါပဲ။ သူက ခရစ္စတယ်ပဲလေ့စ်အသင်းပိုင်ရှင်ဟောင်း ဆီမွန်ဂျော်ဒန်နဲ့လည်း ရွှေလက်တွဲခဲ့ဖူးပါတယ်။ ဆူဇီဟာ သူ့ခေတ်သူ့အခါတုန်းက လှသွေးကြွယ်ခဲ့သူလို့ ဆိုရပါမယ်။ The Sun ရဲ့ နာမည်ကျော် Page 3 မှာ အဖော်အချွတ်မော်ဒယ်အဖြစ်လည်း ထင်ရှားဖူးတယ်။ အခုတော့ ဆူဇီတစ်ယောက် အသက် (၅၂)နှစ်နဲ့ အရွယ်ဟိုင်းခဲ့ပြီဖြစ်သလို၊ ဖိတ်ဖိတ် လက်ဘဝကိုလည်း စွန့်လွှတ်လိုက်ရပြီ။ ကျန်းမာရေးပြဿနာတွေလည်း ဆိုးဆိုးရွားရွားရင်ဆိုင်ရလို့ ရှိသမျှအကုန်ရောင်းပြီး အသက်ဆက်နေရပါတယ်။
ပေါင် (၅)သိန်း အကြွေးတင်လို့ ဘဝကိုအဆုံးသတ်ချင်နေတဲ့ ဗြိတိန်ရဲ့ ပထမဆုံး WAG (LIFE)
Photos: Getty Images