ယခုတစ်ပတ်ကျင်းပခဲ့သည့် ထိုင်းလိဂ်ပြိုင်ပွဲများတွင် မြန်မာကစားသမားများထဲမှ သန်းပိုင်နှင့် လွင်မိုးအောင်တို့ ဂိုးသွင်းယူနိုင်ခဲ့ပြီး နှစ်ဦးစလုံး ယခုရာသီ သွင်းဂိုး ၈ ဂိုးစီရယူထား

ယခုတစ်ပတ်ကျင်းပခဲ့သည့် ထိုင်းလိဂ်ပြိုင်ပွဲများတွင် မြန်မာကစားသမားများထဲမှ သန်းပိုင်နှင့် လွင်မိုးအောင်တို့ ဂိုးသွင်းယူနိုင်ခဲ့ပြီး နှစ်ဦးစလုံး ယခုရာသီ သွင်းဂိုး ၈ ဂိုးစီရယူထား
Photo: kanchanarburi city fc
Photo: kanchanarburi city fc
Published 20 February 2023

ယခုတစ်ပတ်ကျင်းပခဲ့သည့် ထိုင်းလိဂ်ပြိုင်ပွဲများတွင် မြန်မာကစားသမားများထဲမှ  သန်းပိုင်နှင့် လွင်မိုးအောင်တို့ ဂိုးသွင်းယူနိုင်ခဲ့ကြောင်း သိရသည်။

ယခုတစ်ပတ် ထိုင်းလိဂ်ပြိုင်ပွဲများကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇၊ ၁၈၊ ၁၉ ရက်များက ကျင်းပခဲ့ခြင်းဖြစ်သည်။

ထိုင်းလိဂ်-၁ ပြိုင်ပွဲတွင် မောင်မောင်လွင်၊ အောင်သူတို့၏ လမ်ဖွန်အသင်းသည် အိမ်ကွင်း၌ ရတ်ချာစီမာအသင်းနှင့် ဂိုးမရှိသရေကျခဲ့သည်။

ယင်းပွဲတွင် မြန်မာကစားသမားနှစ်ဦးစလုံး ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး မောင်မောင်လွင်မှာ  ပွဲချိန်ပြည့်ကစားခွင့်ရခဲ့သော်လည်း အဝါကတ်ပြသခံခဲ့ရသည်။

အောင်သူမှာမှာမူ ပွဲကစားချိန် ၆၇ မိနစ်တွင် လူစားလဲခံခဲ့ရသည်။

ဟိန်းဖြိုးဝင်း၏ ရတ်ချာဘူရီအသင်းမှာ ဘန်ကောက်ယူနိုက်တက်ကို(၀-၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ဟိန်းဖြိုးဝင်းမှာ ပွဲကစားချိန် ၈၅ မိနစ်မှ ဝင်ရောက်ကစားခွင့်ရခဲ့သည်။

ထိုင်းလိဂ်-၂ ပြိုင်ပွဲတွင် လွင်မိုးအောင်၏ ရရောင်းအသင်းမှာ ဆာမတ်ပရာကန်အသင်းကို(၄-၀) ဂိုးဖြင့် အနိုင်ရခဲ့ပြီး လွင်မိုးအောင်မှာ ပွဲကစားချိန် ၅၅ မိနစ်တွင် အသင်းအတွက် ဒုတိယဂိုးကို သွင်းယူပေးခဲ့သည်။

ယင်းဂိုးမှာ လွင်မိုးအောင်အတွက် ယခုရာသီ ၈ ဂိုးမြောက် သွင်းယူသည့်ဂိုးဖြစ်ကြောင်း သိရသည်။

လွင်မိုးအောင်သည် ဇန်နဝါရီလအတွက် ထိုင်းလိဂ် -၂ ပြိုင်ပွဲ၏ တစ်လတာအကောင်းဆုံးကစားသမားဆုကိုလည်း ပြီးခဲ့သည့်ရက်ပိုင်းကမှ ရရှိထားသူဖြစ်သည်။

အောင်ကောင်းမာန်၏ ကာစတမ်အသင်းသည် အူထိုင်းထာနီအသင်းနှင့် ဂိုးမရှိသရေကျခဲ့ပြီး အောင်ကောင်းမာန်မှာမူ ပွဲချိန်ပြည့် ဝင်ရောက်ကစားခွင့်ရခဲ့သည်။

စည်သူအောင်၏ အယုဒ္ဓယအသင်းမှာ နာခွန်ပတ်သွမ်အသင်းကို(၀-၁) ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီး စည်သူအောင်မှာ ပွဲကစားချိန် ၇၂ မိနစ်ရောက်မှ ဝင်ရောက်ကစားခွင့်ရခဲ့သည်။

ထိုင်းလိဂ်-၃ ပြိုင်ပွဲတွင် သန်းပိုင်၏ ကန်ချနာဘူရီစီးတီးအသင်းမှာ သာဝိဆာမတ်ဆာခွန်အသင်းကို(၂-၀) ဂိုးဖြင့် အနိုင်ရခဲ့ပြီး သန်းပိုင်းမှာ ပွဲချိန်ပြည့်ကစားခွင့်ရရှိခဲ့သလို ပွဲကစားချိန် ၆၄ မိနစ်တွင် အသင်းအတွက် ဒုတိယဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။

ယင်းဂိုးမှာ ယခုရာသီ သန်းပိုင်၏ ကန်ချနာဘူရီစီးတီးအသင်းအတွက် ၈ ဂိုးမြောက် သွင်းယူသည့်ဂိုး ဖြစ်ကြောင်း သိရသည်။

ငြိမ်းချမ်းအောင်၏ မြောင်ထရန်ယူနိုက်တက်အသင်းမှာ နာခွန်ဆီအသင်းကို(၁-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ငြိမ်းချမ်းအောင်မှာ ပွဲထွက်ကစားခွင့်ရခဲ့သော်လည်း ပွဲကစားချိန် ၆၄ မိနစ်တွင် လူစားလဲခံခဲ့ရကြောင်း သိရသည်။ 

Most Read

Most Recent