ရပ်ရှ်ဖို့ဒ်သာ ကြံ့ခိုင်မှုပြည့်ဝနေပါက မန်ယူအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံလုပွဲမှ ချန်လှပ်ထားနိုင်မည်မဟုတ်ဟု ဂရေမီဆောင်းနက်စ် ဆို

ရပ်ရှ်ဖို့ဒ်သာ ကြံ့ခိုင်မှုပြည့်ဝနေပါက မန်ယူအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံလုပွဲမှ ချန်လှပ်ထားနိုင်မည်မဟုတ်ဟု ဂရေမီဆောင်းနက်စ် ဆို
Photo: Getty Images
Photo: Getty Images
Published 20 February 2023

ဘောလုံးသုံးသပ်သူအဖြစ် ဆောင်ရွက်နေသည့် နည်းပြဟောင်း ဂရေမီဆောင်းနက်စ်က တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်သာ ကြံ့ခိုင်မှုပြည့်ဝနေပါက မန်ယူအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံလုပွဲမှ ချန်လှပ်ထားနိုင်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ဂရေမီဆောင်းနက်စ်က မန်ယူအသင်းအနေဖြင့် အာဆင်နယ်နှင့် မန်စီးတီး နှစ်သင်းစလုံးကို ကျော်လွှားနိုင်ရန် ခက်ခဲမည်ဖြစ်သော်လည်း မဖြစ်နိုင်သည့်အခြေအနေမဟုတ်ဟုလည်း ဆိုခဲ့သည်။

''အဓိက ကစားသမားဖြစ်တဲ့ မားကပ်စ်ရပ်ရှ်ဖို့ဒ်သာ ကြံ့ခိုင်မှုပြည့်ဝနေရင် မန်ယူအသင်းမှာလည်း အခွင့်အရေးရှိပါတယ်။ သူတို့ ချန်ပီယံမဖြစ်ဘူးလို့ မပြောနိုင်ပါဘူး''ဟု ဂရေမီဆောင်းနက်စ်က ဆိုခဲ့သည်။

မန်ယူ၏အထက်တွင် ရှိနေသော အာဆင်နယ်နှင့် မန်စီးတီးသည် ထိပ်တိုက်တွေ့ဆုံ ရန် ကျန်ရှိနေသေးသည်။

Most Read

Most Recent