အက်ဆုကို ရှာမတွေ့သေးဟု အေးဂျင့်ဖြစ်သူ အတည်ပြု

အက်ဆုကို ရှာမတွေ့သေးဟု အေးဂျင့်ဖြစ်သူ အတည်ပြု
Photo: Twitter
Photo: Twitter
Published 16 February 2023

တူရကီနှင့် ဆီးရီးယားနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ပြိုကျအဆောက်အဦတွင် ပိတ်မိနေသည့် နယူးကာဆယ်နှင့် ချယ်လ်ဆီးကစားသမားဟောင်း ခရစ္စတီယန်အက်ဆုကို ဆက်လက်ရှာဖွေနေဆဲဖြစ်သည်ဟု အေးဂျင့်ဖြစ်သူ နာနာဆက်ဟီးက အတည်ပြုခဲ့သည်။

အသက်(၃၁)နှစ်အရွယ်ရှိ အက်ဆုသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့တွင်မှ တူရကီကလပ် ဟာတေစပေါ်အသင်းသို့ တစ်နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့လာသူဖြစ်သည်။

''ငလျင်လှုပ်ခဲ့တာ ကိုးရက်တိုင်ခဲ့ပါပြီ။ ကျွန်တော်တို့ ခရစ္စတီယန် ဘယ်မှာရှိနေမလဲကို မသိသေးပါဘူး။ ဟာတေမှာ ခရစ္စတီယန်ရဲ့ မိသားစုနဲ့အတူ ကျွန်တော် ရှိနေပါတယ်။ ဒီအဖြစ်အပျက်တွေက မတွေးတတ်အောင်ဖြစ်ပြီး ကြေကွဲဝမ်းနည်းရပါတယ်'' ဟု နာနာဆက်ဟီးက Twitter တွင် ရေးသားခဲ့သည်။

ထို့ပြင် နာနာဆက်ဟီးက အက်ဆု ရှိနေသည့် အခန်းတည်နေရာနှင့် သူစီးနင်းသည့် ဖိနပ်တစ်စုံကို ရှာဖွေတွေ့ရှိထားပြီဖြစ်သည်ဟု အတည်ပြုခဲ့သည်။