ကာရာဘတ် နှင့် KAA ဂျန့် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)
အဇာဘိုင်ဂျန်ကလပ် ကာရာဘတ်အသင်း အခုရာသီ ဥရောပအိမ်ကွင်းပွဲတွေမှာ ရှုံးပွဲမရှိသေးဘူး။ KAA ဂျန့်အသင်း သရေလောက်တော့ ထိန်းကစားနိုင်လိမ့်မယ်။
ထရတ်ဇွန်စပေါ် နှင့် ဘေဆယ် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)
မြေငလျင်ကြောင့် တူရကီလိဂ်ပွဲတွေ ရပ်နားထားလို့ ထရတ်ဇွန်စပေါ်အသင်း ပွဲပန်းမှုဒဏ်မရှိတာက တစ်ပန်းသာနေတယ်။ ဘေဆယ်ကတော့ ဆွစ်ဇာလန်လိဂ်မှာတောင် အလယ်အလတ်အဆင့်တန်းလောက်ပဲ ရှိတော့တယ်။ ထရတ်ဇွန်စပေါ်ဘက်ကပဲ ရပ်တည်သင့်တယ်။
ဘိုဒယ်ဂလင့် နှင့် လက်ချ်ပေါ့နန် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)
ဘိုဒယ်ဂလင့်က အာဆင်နယ်၊ PSV အသင်းတို့နဲ့ တစ်အုပ်စုတည်းကျရောက်ခဲ့လို့သာ ကွန်းဖရန့်လိဂ်ကို ဆင်းကစားခဲ့ရတာပါ။ ပုံမှန်အားဖြင့်တော့ ဘိုဒယ်ဂလင့်အသင်းက အိမ်ကွင်းစွမ်းဆောင်ရည် မာကျောတဲ့အသင်းဖြစ်တယ်။ ဘိုဒယ်ဂ လင့်ပဲ နိုင်ဖို့များတယ်။
စပို့တင်းဘရာဂါ နှင့် ဖီအိုရင်တီးနား (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)
ဖီအိုရင်တီးနားအသင်း စီးရီးအေမှာ အခြေအနေမကောင်းပေမဲ့ တန်းဆင်းဇုန်နဲ့ အမှတ်ကွာဟနေလို့ ဖလားပြိုင်ပွဲတွေကို အာရုံစိုက်လာနိုင်တယ်။ စပို့တင်းဘရာဂါကလည်း အိမ်ကွင်းမာကျောပြီး ပြိုင်ပွဲစုံ(၈)ပွဲဆက် အနိုင်ကစားထားတယ်။ ဖီအိုရင်တီးနား သရေထက် ပိုမရနိုင်လောက်ဘူး။
လာဇီယို နှင့် ကလုချ် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)
လာဇီယိုက စီးရီးအေဘက်မှာလည်း အသည်းအသန် ရုန်းကန်ရတော့မယ့် အနေအထား ရောက်သွားတယ်။ ဒါပေမဲ့ အိမ်ကွင်းမှာတော့ ပရိသတ်စိတ်ကျေနပ်အောင် ကစားပြလိမ့်မယ်ထင်တယ်။ ကလုချ်ကလည်း အရင်လောက်တောင် အင်အားမရှိတော့လို့ လာဇီယိုကိုပဲ ရွေးချယ်ချင်တယ်။
လာနာကာ နှင့် ဒီနီပရို (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)
ဆိုက်ပရပ်စ်ကလပ် လာနာကာအသင်း အိမ်ကွင်းကစားရပေမဲ့ ကစားသမားအင်အားမှာတော့ ဒီနီပရိုက သာပါတယ်။ ဒီနီပရို မရှုံးလောက်ဘူး။
ရှာရစ်ဖ် နှင့် ပါတီဇန် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)
ယူရိုပါလိဂ်မှာ မန်ယူ၊ ဆိုစီဒက်အသင်းတွေနဲ့ ရှာရစ်ဖ် တစ်အုပ်စုတည်း ကျခဲ့တာပါ။ အိမ်ကွင်းကောင်းတဲ့ ရှာရစ်ဖ် အနိမ့်ဆုံးသရေကစားမယ်။
လူဒိုဂိုရတ်စ် နှင့် အန်ဒါလက်ချ် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)
လူဒိုဂိုရတ်စ်က ဘက်တစ်၊ ရိုးမားတို့နဲ့ တစ်အုပ်စုတည်း ကျခဲ့ပြီး ရိုးမားကိုတောင် အနိုင်ကစားခဲ့တယ်။ လူဒိုဂိုရတ်စ်နဲ့ပဲ စွန့်စားတာပိုကောင်းမယ်။