MAI လေကြောင်းလိုင်းက ကျင်းပသည့် MAI Golf Tournment ပြိုင်ပွဲကျင်းပရာတွင် Winner ဆုကို MNA လေကြောင်းလိုင်း၊ 1st Runner Up ဆုကို Air Thanlwin လေကြောင်းလိုင်းနှင့် 2nd Runner Up ဆုကို YACL တို့ အသီးသီးရရှိခဲ့

MAI လေကြောင်းလိုင်းက ကျင်းပသည့် MAI Golf Tournment ပြိုင်ပွဲကျင်းပရာတွင် Winner ဆုကို MNA လေကြောင်းလိုင်း၊ 1st Runner Up ဆုကို Air Thanlwin လေကြောင်းလိုင်းနှင့် 2nd Runner Up ဆုကို YACL တို့ အသီးသီးရရှိခဲ့
Published 13 February 2023

MAI လေကြောင်းလိုင်းက ကျင်းပသည့် MAI Golf Tournment ပြိုင်ပွဲကျင်းပရာတွင် Winner ဆုကို MNA လေကြောင်းလိုင်း၊ 1st Runner Up ဆုကို Air Thanlwin လေကြောင်းလိုင်းနှင့် 2nd Runner Up ဆုကို YACL တို့မှ အသီးသီးရရှိခဲ့ကြောင်း သိရသည်။

MAI လေကြောင်းလိုင်းက ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသည့်အထိမ်းအမှတ်အဖြစ် MAI Golf Tournment ပြိုင်ပွဲအား ဖေဖော်ဝါရီ ၁၂ ရက်က မင်္ဂလာဒုံမြို့နယ်ရှိ Dagon Golf Club ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

MAI လေကြောင်းလိုင်းအနေဖြင့် ဖေဖော်ဝါရီ ၁၂ရက်တွင် ကျရောက်သည့် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုခြင်းနှင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက် လေကြောင်းသယ်ယူပို့ ဆောင်ရေးကဏ္ဍတွင် ကျရာတာဝန်များကို စည်းလုံးညီညွတ်စွာ တာဝန်ထမ်းဆောင်နေကြသည့် မြန်မာနိုင်ငံ၏ Aviator များကို ဂုဏ် ပြုကျင်းပရခြင်းဖြစ်ပြီး ယခုအကြိမ်သည် ပထ မဆုံးအကြိမ်ပြုလုပ်သည့် ပြိုင်ပွဲဖြစ်ပြီး နောင် နှစ်စဉ်မပျက် ဆက်လက်ကျင်းပသွားရန်လည်း စီစဉ်ထားကြောင်း သိရသည်။

“ကျွန်တော်တို့ MAI လေကြောင်းလိုင်း အနေနဲ့ ကျွန်တော်တို့နိုင်ငံရဲ့ အထွဋ်အမြတ် ထားတဲ့ နေ့ထူးနေ့မြတ်တွေမှာ အားကစားပွဲ လေးတွေကို ကျင်းပပေးလေ့ရှိပါတယ်။  ပြီးခဲ့ တဲ့ လွတ်လပ်ရေးနေ့ကဆိုရင် ကြက်တောင် ရိုက်ပြိုင်ပွဲပြုလုပ်ခဲ့ပါတယ်။ ဒီနေ့ကတော့ ၇၆ နှစ်မြောက်ပြည်ထောင်စုနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ MAI Golf Tournment ပြိုင်ပွဲကိုကျင်း ပရခြင်းဖြစ်ပါတယ်။ အဓိကရည်ရွယ်ချက်က တော့ ပြည်ထောင်စုနေ့ကို ဂုဏ်ပြုချင်တာ ရယ်။ မြန်မာနိုင်ငံလေကြောင်းသယ်ယူပို့ ဆောင်ရေးကဏ္ဍမှာရှိတဲ့ Aviator တွေအားလုံးက စည်းလုံးညီညွတ်စွာနဲ့ ကျရာတာဝန် တွေကို ထမ်းဆောင်နေကြတာကို ဂုဏ်ပြုချင်တဲ့အနေနဲ့ MAI Golf Tournment ပြိုင်ပွဲကို ကျင်းပခြင်းဖြစ်ပါတယ်”ဟု MAI နှင့် Air KBZ လေကြောင်းလိုင်းမှ ဦးတင်မောင်သန်း (Director of Corporate Affairs Division)က ပြောကြားသည်။

ယခုကျင်းပပြုလုပ်သည့် MAI Golf Tournment ပြိုင်ပွဲတွင် Golfer ၁၀၄ ဦး၊ အတွဲ ၂၆တွဲ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုချီးမြှင့်ပွဲကိုပါ ယင်းနေ့ညနေတွင် တစ်ပြိုင်တည်း ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး Nearest Pin ဆုလေးဆု၊ Nearest Line ဆုတစ်ဆုနှင့် Longest Drive ဆု တစ်ဆုတို့နှင့်အတူ 2 nd Runner , 1 st runner နှင့် Winner ဆုရရှိသည့် အသင်းများအား MAI ၏ တာဝန်ရှိသူများက အသီးသီးချီးမြှင့် ခဲ့ကြောင်း သိရသည်။

Most Read

Most Recent