ဘာစီလိုနာကို ဝေဖန်ခဲ့သည့် မက်ဆီ၏ အစ်ကိုအား ဇာဗီ တုံ့ပြန်

ဘာစီလိုနာကို ဝေဖန်ခဲ့သည့် မက်ဆီ၏ အစ်ကိုအား ဇာဗီ တုံ့ပြန်
Photo: Getty Images
Photo: Getty Images
Published 13 February 2023

ဘာစီလိုနာအသင်းနည်းပြ ဇာဗီသည် သူ၏အသင်းကို ဝေဖန်ခဲ့သော မက်ဆီ၏အစ်ကိုဖြစ်သူ မာသီယက်စ်အား တုံ့ပြန်ခဲ့သည်။

ဇာဗီက ''မာသီယက်စ်က သူ့စကားအတွက် ပြန်တောင်းပန်ခဲ့ပါတယ်။ ဒီလိုပဲဖြစ်ရမှာပါ။ မက်ဆီရဲ့ မိသားစုအကြောင်း ကျွန်တော် ကောင်းကောင်းသိပါတယ်။ သိပ်ပြီး နှစ်လိုဖွယ်ရာကောင်းသူတွေပါပဲ။ တကယ်လို့ ခင်ဗျား မှားနေတယ်ဆိုရင် ပြန်တောင်းပန်ရုံကလွဲပြီး တခြား လုပ်စရာမရှိပါဘူး'' ဟု ပြောခဲ့သည်။

မာသီယက်စ်သည်  ဘာစီလိုနာသို့ မက်ဆီပြန်လာမည်မဟုတ်ဟုအပါအဝင် ဝေဖန်မှုများစွာ ပြောဆိုခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent