မိုနာကို - PSG (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၁ ရက် ည ၁၀:၃၀ နာရီ)
ဒီပွဲက အဆင့် (၁)နေရာမှာ (၈)မှတ်ဖြတ်ဦးဆောင်နေတဲ့ PSG ထက် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှားခံလို့မရတဲ့ အိမ်ရှင်မိုနာကိုအတွက် ပိုပြီးအရေးပါနေတယ်။ PSG က လက်ရှိမှာ နိုင်ပွဲပြန်ဆက်နေပြီး မက်ဆီကလည်း ဂိုးတွေဆက်တိုက်သွင်းနေတယ်။ ကစားပုံအရလိုအပ်ချက်တွေရှိနေပေမဲ့ ချန်ပီယံလိဂ်နီးလာချိန်ဖြစ်လို့ ပွဲတိုင်းကိုအာရုံစိုက်ပြီး ပြင်ဆင်ကစားလာမှာပါ။ ဒါပေမဲ့ မိုနာကလည်း လက်ရှိမှာ ရလဒ်ရော ခြေစွမ်းပါတည်ငြိမ်နေသလို အိမ်ကွင်းဆိုရင်လည်း တိုက်စစ်ကဂိုးရအောင်ကစားတတ်ပါတယ်။ အဝေးကွင်းမှာ PSG တို့ သရေလောက်ပဲ မျှော်လင့်နိုင်လိမ့်မယ်။
ကလယ်မွန့် - မာဆေးလ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၂:၃၀ နာရီ)
နှစ်သင်းစလုံး ရလဒ်တွေဆက်တိုက်ကောင်းခဲ့ပြီးမှ နောက်ဆုံးကစားခဲ့တဲ့ပွဲတွေမှာ ရှုံးပွဲကိုယ်စီပြန်တွေ့ခဲ့တယ်။ ခြေစွမ်းနဲ့ စုဖွဲ့မှုအရ မာဆေးလ်သာပေမဲ့ ကလယ်မွန့်ကွင်းမှာတော့ လွယ်ကူမယ်မထင်ပါဘူး။ မာဆေးလ်ကပ်နိုင်ရုံလောက်ပဲ ဖြစ်မယ်။