မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ဘန်ကောက်ခရီးစဉ်တစ်ကြောင်းစာအား ဒေါ်လာ ၄၀ မှစ၍လည်းကောင်း၊ ရန်ကုန်-စင်ကာပူခရီးစဉ်တစ်ကြောင်းစာအား ဒေါ်လာ ၁၉၅ မှစ၍လည်းကောင်း၊ ရန်ကုန်-ချင်းမိုင်ခရီးစဉ်တစ်ကြောင်းစာအား ၈၅ ဒေါ်လာမှစ၍လည်းကောင်း ရောင်းချပေးနေ

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ဘန်ကောက်ခရီးစဉ်တစ်ကြောင်းစာအား ဒေါ်လာ ၄၀ မှစ၍လည်းကောင်း၊ ရန်ကုန်-စင်ကာပူခရီးစဉ်တစ်ကြောင်းစာအား ဒေါ်လာ ၁၉၅ မှစ၍လည်းကောင်း၊ ရန်ကုန်-ချင်းမိုင်ခရီးစဉ်တစ်ကြောင်းစာအား ၈၅ ဒေါ်လာမှစ၍လည်းကောင်း ရောင်းချပေးနေ
Published 10 February 2023

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ဘန်ကောက်ခရီးစဉ်တစ်ကြောင်းစာအား ဒေါ်လာ ၄၀ မှစ၍လည်းကောင်း၊ ရန်ကုန်-စင်ကာပူခရီးစဉ်တစ်ကြောင်းစာအား ဒေါ်လာ ၁၉၅ မှစ၍လည်းကောင်း၊ ရန်ကုန်-ချင်းမိုင်ခရီးစဉ်တစ်ကြောင်းစာအား ၈၅ ဒေါ်လာမှစ၍လည်းကောင်း ရောင်းချပေးနေကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ပြည်တွင်းပြည်ပခရီးစဉ်များအား www.flymna.com၊ Application တို့မှ တစ်ဆင့် ဘိုကင်တင်ထားသော လေယာဉ်လက်မှတ်များအား Digital Payment များဖြင့်အလွယ် တကူငွေပေးချေ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

Digital Payment များအနေဖြင့် 3D Secure on ထားသော Credit Card သို့မဟုတ် Debit Card များ၊ MPU ကဒ်များ၊ 123 Service မှတစ်ဆင့် over the counter M banking/i-banking wallet အသုံးပြုသော customer များအနေဖြင့်လဲ 123 code ကိုအသုံးပြုကာ အလွယ်တကူငွေပေးချေခြင်း ပြုလုပ်နိုင်မည်ဟု သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းခရီးသည်များအနေဖြင့် ကွန်ပြူတာ၊ ကင်မရာ၊ ငွေသား၊ လတ်ဝတ်ရတနာစသည့် တန်ဖိုးကြီး ပစ္စည်းများအား Check Baggage  ထဲတွင် သယ်ဆောင်ခြင်းမပြုဘဲ 7kg ရရှိသည့် Hand Carry ထဲတွင် တစ်ပါတည်းယူဆောင် ရန် အသိပေးချက်ထုတ်ပြန်ထားသည်။

Myanmar Travel Fair 2023 တွင် မြန်မာအမျိုး သားလေကြောင်းလိုင်းက ပြည်တွင်း ပြည်ပလေယာဉ်လက်မှတ်များအား ၁၅ ရာခိုင်နှုန်းလျှော့စျေးဖြင့် ရောင်းချခဲ့သည်။

၂၀၂၃ ခုနှစ်ဇန်နဝါရီ ၂၇ ရက်မှ ၂၉ရက် နေ့အထိ ဝန်ကြီးများရုံးတွင် ကျင်းပခဲ့သည့် Myanmar Travel Fair 2023 တွင် မြန်မာအမျိုးသားလေကြောင်းလိုင်းက Main Sponsor အဖြစ် ပါဝင်ထားပြီး Travel Fair အတွင်း ပြည်တွင်းပြည်ပလေယာဉ် လက်မှတ်များအား ၁၅ ရာခိုင်နှုန်းအထိ လျှော့စျေးဖြင့် ရောင်းချပေးခဲ့သည့်အပြင် လက်ဆောင် ပစ္စည်းများပါ ပေးအပ်ခဲ့ကြောင်း သိရသည်။     မြန်မာအမျိုးသားလေကြောင်းလိုင်း လေယာဉ်လက်မှတ်များအား www.flymna.com တွင် မြန်မာကျပ်ငွေနှင့် အမေရိကန်ဒေါ်လာတို့ဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း လေယာဉ်လက်မှတ်များအား ဝယ်ယူရန် ဘိုကင်ပြုလုပ်ထားသော ခရီးသည်များအနေဖြင့် ငွေမပေးချေမီ www.flymna.com တွင် ticket number ထည့်သွင်း၍ စစ်ဆေးကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ခရီးသည်များ အနေဖြင့် ငွေမပေးချေမီ www.flymna.com တွင် find booking နေရာတွင် မိမိ last name နှင့် လက်မှတ်၏ အပေါ်ညာဖက်ထောင့် အက္ခရာ ၆လုံးပါရှိသော booking reference သို့မဟုတ် အမှတ်စဉ် ၆၆ ဖြင့်စတင်သော ticket number ထည့်သွင်း၍ စစ်ဆေးကြည့်ရှုနိုင်မည်ဖြစ်သည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ဘန်ကောက်ခရီးစဉ်အားနေ့စဉ်၊ ရန်ကုန်-ချင်းမိုင်ခရီးစဉ်အားတစ်ပတ် သုံးကြိမ်ပျံသန်းနေပြီး ထိုင်းနိုင်ငံရှိ King Power ဆိုင်များတွင် Boarding Pass ပြသရုံဖြင့် ၁၅ ရာခိုင်နှုန်း လျှော့စျေးရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း ပျံသန်းနေသည့် ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနှင့် အခြား ပြည်တွင်းခရီးစဉ်များတွင် Online Check-in Service ပြုလုပ်နိုင် မည်ဖြစ်ကြောင်းသိရသည်။ Online Check-in Service သည် ပြည်တွင်းခရီးစဉ်များတွင်သာ ရရှိနိုင်မည်ဖြစ်ပြီး လေယာဉ် ထွက်ခွာချိန် မတိုင်ခင် ၂၄နာရီမှ ၇၅ မိနစ်အတွင်း မည်သည့်အချိန်တွင်မဆို ပြုလုပ် နိုင်မည်ဖြစ်ပြီး print ထုတ်ထားသော E-boarding pass အားဂိတ်တွင် ပြသပြီး ခရီးစဉ်တွင် လိုက်ပါနိုင်မည်ဖြစ်သည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ဘန်ကောက်အသွားအပြန် ခရီးစဉ်အား အမေရိကန် ၇၄ ဒေါ်လာမှစတင်၍လည်းကောင်း၊ ရန်ကုန်-ချင်းမိုင်အသွားအပြန် ခရီးစဉ်အား ၁၆၀ ဒေါ်လာမှစတင်ရောင်းချနေကြောင်း သိရသည်။

၂၀၂၂အောက်တိုဘာလမှစတင်ကာ ထိုင်းနိုင်ငံတွင်း ဝင်ရောက်လာမည့် နိုင်ငံခြားသားများ၏ Visa Free အတွက် ထိုင်းနိုင်ငံတွင်း နေထိုင်နိုင်မည့်ကာလကို ရက်ပေါင်း ၃၀ မှ ၄၅ ရက်အထိ တိုးမြှင့်ပေးလိုက်ရာ မြန်မာနိုင်ငံသားများလည်း ၄၅ ရက် Visa Free သက်တမ်းရရှိခြင်းဖြစ်သည်။

Most Read

Most Recent