■ အန်ဆူဖာတီ၏အနာဂတ်ကို မိမိ မခန့်မှန်းနိုင်ဟု လာပေါ်တာ ပြောကြား     

■ အန်ဆူဖာတီ၏အနာဂတ်ကို မိမိ မခန့်မှန်းနိုင်ဟု လာပေါ်တာ ပြောကြား     
Photo: Getty Images
Photo: Getty Images
Published 10 February 2023

ဘာစီလိုနာအသင်း၏ ဥက္ကဋ္ဌဖြစ်သူ လာပေါ်တာက လူငယ်တိုက်စစ်ကစားသမား အန်ဆူဖာတီကို ရောင်းထုတ်ရန် မစဉ်းစားထားသော်လည်း ၎င်း၏အနာဂတ်ကို မိမိ မခန့်မှန်းနိုင်ကြောင်း ပြောကြားခဲ့သည်။

    

ဘာစီလိုနာအသင်းသည် လာလီဂါ၏ လစာငွေစည်းမျဉ်းနှင့် ကိုက်ညီမှုရှိစေရန်အတွက် လာမည့်နွေရာသီတွင် အသင်းမှ ကစားသမားအချို့ကို ရောင်းထုတ်ရမည့်အခြေအနေရှိနေသည်။ 

ယင်းအတွက် ခေါ်ယူလိုသည့်အသင်းများစွာရှိနေပြီး ပြောင်းရွှေ့ကြေးမြင့်မားစွာ ရရှိနိုင်မည့် အန်ဆူဖာတီနှင့် ဖရန်ကီဒီယွန်းတို့ကို ရောင်းထုတ်ဖွယ်ရှိကြောင်းလည်း သုံးသပ်နေကြသည်။ 

ယင်းအခြေအနေတွင် လာပေါ်တာက "ကျွန်တော်တို့ လက်ရှိအချိန်မှာ အန် ဆူဖာတီကို ရောင်းထုတ်ဖို့ မစဉ်းစားပါဘူး။ သူကလည်း ဒီနေရာကို သဘောကျနေပါတယ်။ ဒါပေမဲ့ အနာဂတ်ကိုတော့ ကျွန်တော် မခန့်မှန်းနိုင်ပါဘူး။ သူ့အေးဂျင့်က သူ့ကို ခေါ်ချင်တဲ့အသင်းတွေရှိနေကြောင်း ကျွန်တော်တို့ကို ပြောပြထားပါတယ်။ ရှင်းလင်းတာကတော့ သူ ဒီအသင်းမှာ အောင်မြင်မှု ရယူချင်နေတာပါပဲ"ဟု ပြောကြားခဲ့သည်။ 

ဘာစီလိုနာအသင်းသည် အန်ဆူဖာတီကို ယူရို(၁)ဘီလီယံတန် လျော်ကြေးစာချုပ် ချုပ်ဆိုထားသည်။

Most Read

Most Recent