■ လူကာကူကို သက်တမ်းတိုးရန် အင်တာ လိုလားနေ

■ လူကာကူကို သက်တမ်းတိုးရန် အင်တာ လိုလားနေ
Photo: Sky Sports
Photo: Sky Sports
Published 10 February 2023

အင်တာမီလန်အသင်းသည် ချယ်လ်ဆီးအသင်းထံမှ အငှားခေါ်ယူထားသည့် ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူကို သက်တမ်းတိုးရန် အလိုရှိနေကြောင်း သိရသည်။ 

သို့သော် အင်တာမီလန်အသင်းအနေဖြင့် လူကာကူအတွက် ငှားရမ်းခကိုမူ လျှော့ချပေးစေလိုကြောင်း သိရသည်။ 

အင်တာမီလန်အသင်းသည် လူကာကူအတွက် ငှားရမ်းခအဖြစ် တစ်ရာသီလျှင် ယူရို(၈)သန်းပေးနေရခြင်း ဖြစ်သည်။ 

အင်တာမီလန်အသင်းသည် ယင်းအတွက် ချယ်လ်ဆီးအသင်းနှင့် ဆွေးနွေးသွားမည်ဖြစ်ပြီး လက်ခံလိမ့်မည်ဟု ယုံကြည်နေကြောင်း သိရသည်။

အသက် (၂၉) နှစ်အရွယ်ရှိ လူကာကူသည် ယခုရာသီတွင် ဒဏ်ရာပြဿနာများနှင့် ရုန်းကန်နေရပြီး အင်တာမီလန်အတွက် ပြိုင်ပွဲစုံ (၁၁) ပွဲတွင် (၂) ဂိုးသာ သွင်းယူထားသည်။ 

Most Read

Most Recent