အီတလီစီးရီးအေပွဲစဉ် (၂၁) ပွဲကြိုသုံးသပ်ချက်

အီတလီစီးရီးအေပွဲစဉ် (၂၁) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 5 February 2023

စပီဇီယာ - နာပိုလီ (တနင်္ဂနွေညနေ ၆း၀၀ နာရီ)

စပီဇီယာက စီးရီးအေနောက်ဆုံး (၂)ပွဲဆက် ဂိုးပေါက် ပျောက်ခဲ့ပြီး တန်းမဆင်းရဖို့ ရုန်းကန်နေပေမဲ့ ထင်သလောက် အလုပ်မဖြစ်သေးဘူး။ နာပိုလီကတော့ အကောင်းဆုံးပုံစံပြနေ တဲ့အသင်းဖြစ်ပြီး အိုဆင်မန်ကို ထိပ်တန်းအဆင့်တိုက်စစ်မှူး လို့တောင် ပြောလို့ရတယ်။ ဒီပွဲလည်း နာပိုလီအတွက် ဂိုးရဖို့ သိပ်ခက်ခဲနေမှာ မဟုတ်ဘူး။ နာပိုလီ ရလဒ်ကောင်းဖို့ရှိပြီး အ နည်းဆုံး (၂)ဂိုးပြတ်နိုင်မယ်။

တိုရီနို - အူဒီးနီးစ် (တနင်္ဂနွေည ၈း၃၀ နာရီ)

လက်ရှိခြေစွမ်းချင်း သိပ်မကွာကြတဲ့ အသင်းတွေ ထိပ် တိုက်တွေ့ဆုံတဲ့ ပွဲဖြစ်တယ်။ ဒါပေမဲ့ အူဒီးနီးစ်ထက်စာရင် တိုရီ နိုရဲ့ ခြေစွမ်းက ပိုတည်ငြိမ်ပြီး ပထမအကျော့ကလည်း အနိုင်ရ ခဲ့တယ်။ အိမ်ကွင်းလည်းဖြစ်လို့ တိုရီနိုပဲ ကြိုက်တယ်။

ဖီအိုရင်တီးနား - ဘိုလော့ဂ်နာ (တနင်္ဂနွေည ၁၁း၃၀ နာရီ)

ဖီအိုရင်တီးနားက စီးရီးအေနောက်ဆုံး (၃)ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့ပေမဲ့ ပြိုင်ဘက်ကောင်းတွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်တယ်။ ဘိုလော့ဂ်နာကလည်း မာကျောတဲ့အသင်းပါ။ သရေကျဖို့များ တယ်။

အင်တာမီလန် - အေစီမီလန် (တနင်္လာနံနက် ၂း၁၅ နာရီ)

လက်ရှိခြေစွမ်းအရ အင်တာမီလန်က အေစီမီလန်ထက် အစစအရာရာ သာလွန်ပါတယ်။ ပြီးခဲ့တဲ့ စူပါဖလားပြိုင်ပွဲမှာ လည်း အင်တာမီလန်က အေစီမီလန်ကို ဂိုးပြတ်၊ ခြေပြတ်အနိုင်ရခဲ့တယ်။ ပထမအကျော့က အေစီမီလန်ကို ရှုံးနိမ့်ခဲ့ပေမဲ့ အင် တာမီလန်အသင်း ခြေစွမ်းမနိမ့်ခဲ့ဘူး။ လော်တာရိုမာတီနက်ဇ်၊ ဂျက်ကိုတို့လို ကစားသမားတွေ ဂိုးပေါက်တွေ့နေတာကလည်း အင်တာမီလန်အတွက် အားသာချက်လို့ ပြောရမယ်။ အေစီမီလန်ကတော့ ခံစစ်ကစိတ်ပျက်စရာကောင်းနေပြီး ဂိုးတွေတောက် လျှောက်ပေးနေရတယ်။ အင်တာမီလန် အနိုင်သေချာပါတယ်။

Most Read

Most Recent