စပိန်လာလီဂါပွဲစဉ် (၂၀) ပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ် (၂၀) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 5 February 2023

မာယော့ကာ - ရီးယဲလ်မက်ဒရစ် (တနင်္ဂနွေည ရး၃၀ နာရီ)

ရီးယဲလ်မက်ဒရစ်ကလည်း ကြားရက်မှာ ဗလင်စီယာနဲ့ ပွဲကျန်ပွဲစဉ်ကစားထားရတယ်။ အခုတလော ရီးယဲလ်တိုက်စစ် ပိုင်းကလည်း ဂိုးသွင်းနှုန်းပုံမှန်မရှိသလိုတွေ့နေရလို့ အိမ်ကွင်း မှာ ခံစစ်ပိုင်းကို မာမာကျောကျောကစားနိုင်တဲ့ မာယော့ကာကို ဂိုးရဖို့ဆိုရင် ရီးယဲလ်တိုက်စစ်ပိုင်းကအတော်လေးအလုပ် ကြိုး စားရတော့မယ်။ မာယော့ကာကလည်း ရီးယဲလ်ကိုအစဉ်အလာ အရယှဉ်နိုင်လေ့မရှိပေမယ့် အိမ်ကွင်းနောက်ဆုံး (၃)ပွဲစလုံး  အနိုင်ရထားပြီး ပေးဂိုးမရှိအောင်ကစားထားနိုင်တဲ့ လက်ရှိအိမ် ကွင်းအားနဲ့တော့ ရီးယဲလ်ကို အကောင်းဆုံးတုံ့ပြန်ပြနိုင်မယ့် ခြေစွမ်းမျိုးရှိနေတယ်လို့ ပြောနိုင်တယ်။ ရီးယဲလ်ကလည်း ဒီရာ သီအိမ်ကွင်းထက် အဝေးကွင်းမှာဂိုးရအောင်ပိုကစားနိုင်သ လိုတွေ့နေရလို့ ရီးယဲလ်တိုက်စစ်ကိုလည်း လျှော့တွက်လို့မ ဖြစ်ပြန်ဘူး။ ရီးယဲလ်နဲ့ ဂိုးအနည်းပဲကောင်းမယ်ထင်တယ်။

ဟီရိုနာ - ဗလင်စီယာ (တနင်္ဂနွေည ၉း၄၅ နာရီ)

နည်းပြအပြောင်းအလဲကြားမှာ ဗလင်စီယာကို သိပ်ပြီး မျှော်လင့်ထားလို့မဖြစ်သေးဘူး။ အထူးသဖြင့် အဝေးကွင်းဆိုရင် ကစားပုံသိသိသာသာလျော့သွားလေ့ရှိတဲ့ ဗလင်စီယာအတွက် အိမ်ကွင်းအားနဲ့အမှတ်ရှာတဲ့ ဟီရိုနာကို တောင့်ခံဖို့ခက်ပါလိမ့် မယ်။ ဟီရိုနာနဲ့ ဂိုးအများပဲရွေးထားချင်တယ်။

ဆိုစီဒက် - ဗယ်လာဒိုလစ် (တနင်္လာနံနက် ၀၀း၀၀ နာရီ)

ဒဏ်ရာပြဿနာတွေရှိနေပေမယ့် လာလီဂါဘက်မှာတော့ ဆိုစီဒက်ကစားပုံ အမှားနည်းနေတုန်းပါပဲ။ စပိန်ဘုရင့်ဖလားက လည်းထွက်လိုက်ရလို့ လာလီဂါဘက်ကိုပိုအားစိုက်တော့မယ့် အ ချိန်လည်းဖြစ်နေတယ်။ ဗယ်လာဒိုလစ်ကလည်း အဝေးကွင်းက စားအားလျော့နေတဲ့အပြင် တိုက်စစ်ကလည်း ဂိုးရဖို့ရုန်းကန်နေ ရတဲ့တိုက်စစ်မျိုးဖြစ်နေလို့ အနိုတာကွင်းမှာ ခြေမှန်နေတဲ့ဆိုစီဒက် ကို ပွဲချိန်ပြည့်တောင့်ခံကစားနိုင်ဖို့မရှိပါဘူး။ ဆိုစီဒက်နဲ့ ဂိုးအနည်း  ပဲရွေးထားရမယ့်ပွဲလို့ထင်တယ်။

ဘာစီလိုနာ - ဆီဗီလာ (တနင်္လာနံနက် ၂း၃၀ နာရီ)

(၄)ရက်အတွင်း ဆီးဗီးလ်မြို့ခံ (၂)သင်းနဲ့ ဘာစီလိုနာ ဆက်တိုက်ကစားရတာပါပဲ။ ပြီးခဲ့တဲ့ကြားရက်မှာ ဘက်တစ်နဲ့ ပွဲကျန်ကစားခဲ့ပြီး အခုလည်း ဆီဗီလာကိုဆက်ပြီးရင်ဆိုင်ရဦး မယ်။ ထိပ်ဆုံးမှာ ဆက်ရှိနေနိုင်ဖို့တော့ ဘာစီလိုနာကြိုးစားမှာပဲ။ ဆီဗီလာကလည်း အစဉ်အလာအရ ဘာစီလိုနာကိုယှဉ်နိုင်လေ့ သိပ်မရှိလှဘူး။ တန်းဆင်းအန္တရာယ်ဇုန်ထဲကနေ အဆင့် (၁၃) နေရာအထိ ပြန်ရောက်အောင်ရုန်းထွက်လာနိုင်ပြီဆိုပေမယ့် ဆီဗီလာရဲ့ အဝေးကွင်းခြေစွမ်းက အားရစရာမရှိသေးပါဘူး။ ဒီလိုအခြေအနေနဲ့တော့ ဘာစီလိုနာကို နူးကမ့်မှာထိုးချုပ်နိုင်ဖို့ ဆိုတာ ဆီဗီလာအတွက် လွယ်ကူမှာမဟုတ်ပါဘူး။ ဘာစီလိုနာ ကတော့ ကစားပုံပိုစေ့စပ်လာနေပြီး လီဝန်ဒေါစကီးလည်း တိုက် စစ်မှာပြန်နိုင်ချိန်မို့ ဂိုးတွေပြန်မျှော်လင့်လို့ ရမယ်ထင်တယ်။ ဘာစီလိုနာနဲ့ ဂိုးအများပဲကြိုက်တယ်။ 

Most Read

Most Recent