ပရီးမီးယားလိဂ်ပွဲစဉ် (၂၂) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ် (၂၂) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 5 February 2023

နော်တင်ဟမ် - လိဒ်စ် (တနင်္ဂနွေည ၈း၃၀ နာရီ)

လိဒ်စ်ယူနိုက်တက်က ခြေစွမ်းပိုင်း နည်းနည်းလေး တိုးတက်လာပေမဲ့ ရလဒ်တွေက ထင်သလောက်မဟုတ်သေးဘူး။ နိုင်ပွဲရဖို့လည်း တော်တော်လေးခက်ခဲနေတာ တွေ့ရတယ်။ နော်တင်ဟမ်ဖောရက်စ်က နောက်ပိုင်းပွဲတွေမှာ သိသိသာသာ ပြောင်းလဲလာပြီး ရလဒ် ကောင်းတွေယူနေတယ်။ ဒါပေမဲ့ ခြေစွမ်းအရဆိုရင် လိဒ်စ်ကို ပိုကြိုက်သလို တော်ရုံအ သင်းက လိဒ်စ်ကို နိုင်ဖို့တော့ခက်လို့ လိဒ်စ်ကို ကြိုက်တယ်။ 

စပါး - မန်စီးတီး (တနင်္ဂနွေည ၁၁း၀၀ နာရီ)

စပါးအသင်းက မန်စီးတီးကို အမြဲတမ်း ဒုက္ခပေးလေ့ရှိတဲ့အသင်းဖြစ်တယ်။ အန်တိုနီယိုကွန်တီက မနှစ်က အမှတ်ပေးချန် ပီယံဖြစ်သွားတဲ့ မန်စီးတီးကို နှစ်ကျော့စလုံးအနိုင်ကစားသွားခဲ့သလို၊ မကြာသေးခင်ကမှ ပူပူနွေးနွေးတွေ့ခဲ့တုန်းကလည်း ပ ထမပိုင်းမှာ မန်စီးတီးအသင်းကို (၂)ဂိုးအသာနဲ့ ဦးဆောင်ခဲ့သေးတယ်။ ဒုတိယပိုင်းကျမှ မန်စီးတီးက ဂိုးတွေသွင်းသွားပြီး စပါး အရှုံးပေးခဲ့ရတာဖြစ်တယ်။ အခုက စပါးအသင်းရဲ့ကွင်းမှာ ကစားရမှာ ဖြစ်လို့ မန်စီးတီးကို ပိုပြီး ဒုက္ခပေးနိုင်ဖို့ ကြိုးစားလိမ့်မယ်။ တစ်ခုရှိတာက စပါးရဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းနောက်ဆုံး နှစ်ပွဲက ဗီလာ၊ အာဆင်နယ်တို့ကို ရှုံးခဲ့ပြီး၊ ဂိုးတောင် ပြန်မရခဲ့တာ ကိုတွေ့ရတယ်။ ဒါကြောင့် အိမ်ကွင်း ဖြစ်နေတာတစ်ခုတည်းနဲ့တော မန်စီးတီးဆီက (၃)မှတ်ယူဖို့ မျှော်လင့်ဖို့ ခက်ပါတယ်။ မန်စီးတီး နိုင်ဖို့များပြီး အလွန်ဆုံးကမောက်ကမရလဒ်က သရေလောက်ပဲ ဖြစ်လိမ့်မယ်။ 

Most Read

Most Recent