ကန်တော်ကြီးရေကန်အတွင်း ရေနစ်သေဆုံးနေသည့် အသက် ၂၆ နှစ်အရွယ် အမျိုးသားအလောင်းတွေ့ရှိ

ကန်တော်ကြီးရေကန်အတွင်း ရေနစ်သေဆုံးနေသည့် အသက် ၂၆ နှစ်အရွယ် အမျိုးသားအလောင်းတွေ့ရှိ
ဓာတ်ပုံ - မင်္ဂလာတောင်ညွန့်လူငယ်လူမှုကူညီရေးအသင်း
ဓာတ်ပုံ - မင်္ဂလာတောင်ညွန့်လူငယ်လူမှုကူညီရေးအသင်း
Published 17 January 2023

ကန်တော်ကြီးရေကန်အတွင်း ရေနစ်သေဆုံးနေသည့် အသက် ၂၆ နှစ်အရွယ် အမျိုးသားအလောင်းတွေ့ရှိခဲ့ကြောင်း မင်္ဂလာတောင်ညွန့်လူငယ်လူမှုကူညီရေးအသင်းမှ စုံစမ်းသိရှိရသည်။

ဇန်နဝါရီ ၁၇ ရက်၊ နံနက် ၁၀ နာရီခန့်တွင် ကန်တော်ကြီးဝင်ပေါက်နှင့် ပန်ကန်လုံးကျွန်းကြား၊ တံဘားဘေး ကန်တော်ကြီးရေကန်အတွင်း အလောင်းပေါ်လာကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာပရဟိတအဖွဲ့များမှ သွားရောက်ခဲ့ကြောင်း သိရသည်။

ရေနစ်သေဆုံးသည့် အလောင်းအား ပရဟိတအဖွဲ့များမှ ပူးပေါင်းကာ လှေဖြင့် ကန်တော်ကြီးဝင်ပေါက်အနီးထိ ဆွဲယူသယ်ဆောင်ခဲ့ရကြောင်း သိရသည်။

သေဆုံးသူမှာ အသက် ၂၆ နှစ်အရွယ် အမျိုးသားဖြစ်ကြောင်း၊ ယင်းနောက် အလောင်းအား Dead Body အိတ်ဖြင့်ထည့်ကာ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent