တရုတ်-မြန်မာ နယ်စပ်ဂိတ်လမ်းကြောင်းများဖြစ်သည့် ရွှေလီနယ်စပ်ဂိတ်ကျယ်ဂေါင်နန်းတော်ဂိတ်၊ ကုန်ပစ္စည်းစခန်း၊ တရုတ်-မြန်မာစျေး စသည့်လမ်းကြောင်းသုံးခု၌ လူ၊ ကုန်ပစ္စည်းများ ဖြတ်သန်းသွားလာမှု ဇန်နဝါရီ ၈ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်မည်

တရုတ်-မြန်မာ နယ်စပ်ဂိတ်လမ်းကြောင်းများဖြစ်သည့် ရွှေလီနယ်စပ်ဂိတ်ကျယ်ဂေါင်နန်းတော်ဂိတ်၊ ကုန်ပစ္စည်းစခန်း၊ တရုတ်-မြန်မာစျေး စသည့်လမ်းကြောင်းသုံးခု၌ လူ၊ ကုန်ပစ္စည်းများ ဖြတ်သန်းသွားလာမှု ဇန်နဝါရီ ၈ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်မည်
Published 5 January 2023

တရုတ်-မြန်မာ နယ်စပ်ဂိတ်လမ်းကြောင်းများဖြစ်သည့် ရွှေလီနယ်စပ်ဂိတ် ကျယ်ဂေါင်နန်းတော်ဂိတ်၊ ကုန်ပစ္စည်းစခန်း၊ တရုတ်-မြန်မာစျေးစသည့် လမ်းကြောင်း သုံးခု၌ လူ၊ ကုန်ပစ္စည်းများ ဖြတ်သန်းသွားလာမှု ဇန်နဝါရီ ၈ ရက်မှစ၍ ပြန်လည်ဖွင့်လှစ် မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက သတင်းထုတ်ပြန်ထားသည်။

တရုတ်-မြန်မာစီးပွားရေးနှင့် ကုန်သွယ်ရေးဆက်ဆံမှု၊ ပြည်သူလူထုဘဝအကျိုးစီးပွားများကို ပိုမိုကောင်းမွန်စွာ  ဝန်ဆောင်မှုပေးနိုင်ရန်၊ နှစ်နိုင်ငံနယ်စပ်ဒေသ ချစ်ကြည်ရင်းနှီးစွာ ကူးလူးဆက်ဆံပူးပေါင်းဆောင်ရွက်မှုကို မြှင့် တင်နိုင်ရန်အတွက် တရုတ်နိုင်ငံသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၈ ရက်မှစ၍ တရုတ်-မြန်မာ နယ်စပ်ဂိတ်လမ်းကြောင်းများဖြစ်သည့် ရွှေလီနယ်စပ်ဂိတ် ကျယ်ဂေါင်နန်းတော်ဂိတ်၊ ကုန်ပစ္စည်းစခန်း၊ တရုတ်-မြန်မာစျေးစသည့် လမ်းကြောင်းသုံးခု၌ လူ၊ ကုန်ပစ္စည်းများ ဖြတ်သန်းသွားလာမှုကို ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ထားသည်။

ဖြတ်သန်းသွားလာခွင့် ပြန်လည်ဖွင့်လှစ်ပြီးနောက် ပြည်ဝင်ပြည်ထွက်သည့်ကုန်ပစ္စည်း ယာဉ်များနှင့်မောင်းနှင်သူများသည်  ကုန် ပစ္စည်းစခန်းလမ်းကြောင်းမှ ဝင်ထွက်ရမည်ဖြစ်ပြီး အချိန်မှာ ပေကျင်းစံတော်ချိန် ၈းဝ၀ -၂၃းဝ၀ အထိဖြစ်သည်။

အစိုးရဝန်ထမ်းနှင့်အတူလိုက်ပါသော ယာဉ်များသည် နန်းတော်ဂိတ်လမ်းကြောင်းမှ ဝင်ထွက်ရမည်ဖြစ်ပြီး အချိန်မှာပေကျင်းစံ တော်ချိန် ၈းဝ၀-၂၁း၃၀ အထိဖြစ်သည်။ အခြားလူပုဂ္ဂိုလ်နှင့်အသေးစားအိမ်စီးကား၊ နှစ်ဘီးဆိုင်ကယ်၊ အီလက်ထရွန်နစ်ဆိုင်ကယ်များကမူ တရုတ်-မြန်မာစျေးလမ်းကြောင်းမှ ဝင်ထွက်ရမည်ဖြစ်ပြီး အချိန်မှာ ပေကျင်းစံတော်ချိန် ၈းဝ၀-၂၁း၃၀ အထိဖြစ်သည်။

လက်ရှိတွင် တရုတ်နိုင်ငံ ရွှေလီနယ်စပ်ဂိတ်စီမံအုပ်ချုပ်သည့်ဌာနက နှစ်ဦးနှစ်ဖက် လူပုဂ္ဂိုလ်သွားလာမှု၊ကုန်ပစ္စည်းဖြတ်သန်းမှု ပြန်လည်ဖွင့်လှစ်ရန်အတွက် ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း တရုတ်သံရုံးကထုတ်ပြန်ထားသည်။

မြန်မာ-တရုတ်နယ်စပ်တွင် မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီးနှင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းတို့နှင့် ကုန်သွယ်မှု ပြုလုပ်နေခြင်းဖြစ်ပြီး မူဆယ်နယ်စပ်မှာ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးစခန်း တစ်ခုဖြစ်သည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ရှစ်လခွဲ အတွင်း မူဆယ်နယ်စပ်မှ နယ်စပ်ကုန်သွယ်မှု ယခင်နှစ်ကာလတူထက် ကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၂၀ ကျော် ပိုမိုရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၁၆ ရက်အထိ မူဆယ်နယ်စပ်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၁၃၅၂ ဒသမ ၈၇၃ သန်း၊ သွင်းကုန်တန်ဖိုးဒေါ်လာ ၁၈၂ ဒသမ ၄၉၃ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၅၃၅ ဒသမ ၃၆၆ သန်းရရှိခဲ့သည်။

ယခင်နှစ်ကာလတူက မူဆယ်နယ်စပ်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၁၂၃၉ ဒသမ ၆၄၆ သန်း၊ သွင်းကုန်တန်ဖိုးဒေါ်လာ၂၇၅ ဒသမ ၅၁၉ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၁၅၁၅ ဒသမ ၁၆၅ သန်းရရှိခဲ့သည်။

နှစ်အလိုက် မူဆယ်နယ်စပ်မှ ကုန်သွယ်မှုအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၅၄၁၀ ဒသမ ၀၅၆ သန်း၊ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၅၈၄၁ ဒသမ ၈၇၉ သန်း၊ ၂၀၁၈ ကြားကာလခြောက်လတွင် ဒေါ်လာ ၂၉၉၅ ဒသမ ၄၀၁သန်း၊၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၄၉၁၇ ဒသမ ၉၇၆ သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၄၈၉၀ ဒသမ ၅၈၇ သန်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၄၀၅၇ ဒသမ ၇၂၄ သန်းရရှိခဲ့သည်။

Most Read

Most Recent