နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပဲတီစိမ်းဧက ၁၂၀၀၀၀ ကျော်နှင့် နွေစပါးဧက ၂၈၀၀၀ ကျော် စိုက်ပျိုးထုတ်လုပ်မည်

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပဲတီစိမ်းဧက ၁၂၀၀၀၀ ကျော်နှင့် နွေစပါးဧက ၂၈၀၀၀ ကျော် စိုက်ပျိုးထုတ်လုပ်မည်
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပဲစိုက်ခင်းများကို တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပဲစိုက်ခင်းများကို တွေ့ရစဉ်
Published 27 December 2022

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပဲတီစိမ်းဧက ၁၂၀၀၀၀ ကျော်နှင့် နွေစပါးဧက ၂၈၀၀၀ ကျော် စိုက်ပျိုးထုတ်လုပ်မည်ဖြစ်ပြီး ပဲတီစိမ်းတစ်ဧကလျှင် ကျပ်တစ်သိန်းနှစ်သောင်းနှင့် ညီမျှသော သွင်းအားစုကိုလည်းကောင်း၊ နွေစပါးတစ်ဧကလျှင် ကျပ်နှစ်သိန်းနှင့်ညီမျှသော သွင်းအားစုကိုလည်းကောင်း ထောက်ပံ့ပေးမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ပဲတီစိမ်းနှင့် နွေစပါး စီမံကိန်းဝင်တောင်သူများအား သွင်းအားစုပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းက သန်လျင် အ.ထ.က(၁) ရတနာရှင်းသန့်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ စီမံကိန်းဝင်တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ပဲတီစိမ်းနှင့် နွေစပါးစီမံကိန်း၏ ရည်ရွယ်ချက်၊ စိုက်ပျိုးထုတ်လုပ်သူတောင်သူအစုအဖွဲ့များ၊ သွင်းအားစုလုပ်ငန်းရှင်များနှင့် ဝယ်ယူကြိတ်ခွဲရောင်းချသူများ အားလုံးပူးပေါင်းဆောင်ရွက်ရန်လိုအပ်ချက်များကို ရှင်းလင်းပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက သီးနှံများအထွက်တိုးရေးနှင့် အရည်အသွေးကောင်းသီးနှံများ ထုတ်လုပ်ရေး၊ စျေးကွက်ခိုင်မာသေချာရေး၊ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းပညာများအပေါ် စနစ်တကျလိုက်နာရန် လိုအပ်ချက်များကို ပြောကြားသည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပဲတီစိမ်းဧက ၁၂၀၀၀၀ ကျော်နှင့် နွေစပါးဧက ၂၈၀၀၀ ကျော် စိုက်ပျိုးထုတ်လုပ်မည်ဖြစ်ပြီး ပဲတီစိမ်းတစ်ဧကလျှင် ကျပ်တစ်သိန်းနှစ်သောင်းနှင့်ညီမျှသော သွင်းအားစုကိုလည်းကောင်း၊ နွေစပါးတစ်ဧကလျှင် ကျပ်နှစ်သိန်းနှင့် ညီမျှသော သွင်းအားစုကိုလည်းကောင်း ထောက်ပံ့ပေးမည်ဖြစ်သည်။

ဝန်ဆောင်စရိတ် တစ်ရာခိုင်နှုန်းမှအပ အတိုးမဲ့ထုတ်ပေးထားသည့် အဆိုပါထောက်ပံ့ခြင်းအတွက် သီးနှံပေါ်ချိန်တွင် သွင်းအားစုဖိုးနှင့် ညီမျှသောသီးနှံကို ကာလပေါက်စျေးဖြင့် ပေးသွင်းရန်ဖြစ်ပြီး ကျန်သီးနှံကို တောင်သူစိတ်တိုင်းကျ ရောင်းချနိုင်မည်ဖြစ်သည်။ သွင်းအားစုဖိုး ပြန်လည်ကောက်ခံရရှိငွေကို နောက်ရာသီသီးနှံစိုက်ပျိုးရေးအတွက် ဆက်လက်ထောက်ပံ့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent