နှစ်သစ်ကူးအားလပ်ရက်များတွင် ထိုင်းနိုင်ငံသို့ သွားရောက်လည်ပတ်သည့် မြန်မာနိုင်ငံသားခရီးသည်များ များပြားမှုကြောင့် မြန်မာ-ထိုင်းပျံသန်းနေသည့် လေကြောင်းလိုင်းများ၏ Economy Class လေယာဉ်လက်မှတ်များ အားလုံးရောင်းချပြီးဟုဆို

နှစ်သစ်ကူးအားလပ်ရက်များတွင် ထိုင်းနိုင်ငံသို့ သွားရောက်လည်ပတ်သည့် မြန်မာနိုင်ငံသားခရီးသည်များ များပြားမှုကြောင့် မြန်မာ-ထိုင်းပျံသန်းနေသည့် လေကြောင်းလိုင်းများ၏ Economy Class လေယာဉ်လက်မှတ်များ အားလုံးရောင်းချပြီးဟုဆို
Published 27 December 2022

နှစ်သစ်ကူးအားလပ်ရက်များတွင် ထိုင်းနိုင်ငံသို့ သွားရောက်လည်ပတ်သည့် မြန်မာနိုင်ငံသားခရီးသည်များ များပြားမှုကြောင့် မြန်မာ-ထိုင်း ပျံသန်းနေသည့် လေကြောင်းလိုင်းများ၏ Economy Class လေယာဉ်လက်မှတ်များ အားလုံးရောင်းချပြီးဖြစ်ကြောင်း လေယာဉ်လက်မှတ်အရောင်းကိုယ်စားလှယ်များထံမှ သိရသည်။

“ခရစ်စမတ်နဲ့ နှစ်သစ်ကူးဆိုရင်တော့ ထိုင်းနဲ့ စင်ကာပူက မြန်မာလူမျိုးတွေ အများဆုံးသွားကြတာပါပဲ။ ခုက ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားမှုတွေအပြီး ခရီးထွက်ကြတာပိုများတာပေါ့။ ခုကတော့ ထိုင်းနိုင်ငံက ဘန်ကောက်အပြင် ချင်းမိုင်ကိုပါ အသွားများကြတယ်။ ခုဆို ထိုင်းနိုင်ငံကို အသွားများတာကြောင့် မြန်မာ-ထိုင်းပျံသန်းနေသည့် လေကြောင်းလိုင်းတွေရဲ့ Economy Class လေယာဉ်လက်မှတ်တွေ အားလုံးရောင်းကုန်သွားပြီ” ဟု ရန်ကုန်မြို့ရှိ လေယာဉ်လက်မှတ်အရောင်းကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထိုင်းနိုင်ငံသို့ ဗီဇာကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်ရာတွင် ရက်ပေါင်း ၄၅ ရက်ထိ တိုးမြှင့်နေထိုင်ခွင့်ရရှိသည့် ခရီးသွားများတွင် မြန်မာနိုင်ငံသားများပါဝင်လာကြောင်း ထိုင်းနိုင်ငံရှိ ခရီးသွားလုပ်ငန်းလုပ်ငန်း လုပ်ကိုင်သူအချို့၏ ပြောကြားချက်အရ သိရသည်။

၂၀၂၂ ခုနှစ် အောက်တိုဘာလမှစတင်ကာ ထိုင်းနိုင်ငံတွင်း ဝင်ရောက်လာမည့် နိုင်ငံခြားသားများ၏ Visa Free အတွက် ထိုင်းနိုင်ငံတွင်း နေထိုင်နိုင်မည့် ကာလကို ရက်ပေါင်း ၃၀ မှ ၄၅ ရက်အထိ တိုးမြင့်ပေးလိုက်ရာ မြန်မာနိုင်ငံသားများလည်း ၄၅ ရက် Visa Free သက်တမ်းရရှိခြင်းဖြစ်ကြောင်း သိရသည်။

နှစ်နိုင်ငံသဘောတူညီချက်အရ Visa Free အတွက် ၄၅ ရက်အထိ တိုးမြှင့်ဝင်ရောက်နေထိုင်နိုင်သော နိုင်ငံများထဲတွင် မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူမည်သူမဆို ပါဝင်ကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင် ပါဝင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအစိုးရသည် ၎င်းတို့နိုင်ငံတွင်း ဝင်ရောက်လာမည့် နိုင်ငံခြားသားများအား ဗီဇာကင်းလွတ်ခွင့် ရက်ပေါင်း ၃၀ သတ်မှတ်ပေးချိန်တွင် မြန်မာနိုင်ငံသား များအား ၁၄ ရက်သာပေးခဲ့ပြီး ရက်ပေါင်း ၆၀ နေထိုင်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။

ယင်းသို့ထုတ်ပြန်ခဲ့သော်လည်း မြန်မာနိုင်ငံသားအချို့မှာ ထိုင်းနိုင်ငံသို့သွားရောက်ရာတွင် ၁၄ ရက်ဗီဇာသက်တမ်းကိုသာရရှိနေ ခြင်းဖြစ်ပြီး အောက်တိုဘာ နောက်ဆုံးပတ်တွင်မှ စတင်ကာ ၄၅ ရက်သက်တမ်းအား ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဗီဇာကင်းလွတ်ခွင့်နဲ့လာတဲ့ မြန်မာတွေအနေနဲ့ ဗီဇာသက်တမ်း ၄၅ ရက်ရမယ် ဆိုပေမယ့် တစ်ကယ်လာတဲ့အခါကျ ၄၅ ရက် မရပါဘူး။ ၁၄ ရက်ပဲပေးတာတော်တော်များတယ်။ အောက်တိုဘာလလယ်လောက်ကမှ စပြီးတော့ ဗီဇာ ၄၅ ရက်ရတဲ့ မြန်မာတွေ ရှိလာတာကိုတွေ့ရပါတယ်”ဟု ထိုင်းနိုင်ငံရှိခရီး သွားလုပ်ငန်းလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။

၂၀၂၂ အောက်တိုဘာလမှစတင်ကာ ထိုင်းနိုင်ငံတွင်း ဝင်ရောက်လာမည့် နိုင်ငံခြားသားများ၏ Visa Free အတွက် ထိုင်းနိုင်ငံ တွင်း နေထိုင်နိုင်မည့် ကာလကို ရက်ပေါင်း ၃၀ မှ ၄၅ ရက်အထိ တိုးမြင့်ပေးလိုက်ရာ မြန်မာနိုင်ငံသားများလည်း ၄၅ ရက်  Visa Free သက်တမ်းရရှိခြင်းဖြစ်သည်။

Most Read

Most Recent