ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် ရုရှားနိုင်ငံဒုတိယရေတပ်ဦးစီးချုပ် တွေ့ဆုံ၍ မြန်မာ့တပ်မတော်မှ ရုရှားနိုင်ငံသို့ သင်တန်းသားများ စေလွှတ်လျက်ရှိသည့် ကိစ္စရပ်များအပါအဝင် နှစ်နိုင်ငံရေတပ် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေး

ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် ရုရှားနိုင်ငံဒုတိယရေတပ်ဦးစီးချုပ် တွေ့ဆုံ၍ မြန်မာ့တပ်မတော်မှ ရုရှားနိုင်ငံသို့ သင်တန်းသားများ စေလွှတ်လျက်ရှိသည့် ကိစ္စရပ်များအပါအဝင် နှစ်နိုင်ငံရေတပ် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေး
Published 26 December 2022

ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် မြန်မာနိုင်ငံတော်သို့ ရောက်ရှိနေသော ရုရှားဒုတိယရေတပ်ဦးစီးချုပ် Vice Admiral Igor MUKHAMETSHIN ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဒီဇင်ဘာ ၂၅ ရက်နံနက်ပိုင်းတွင် ဧရာဝတီရေတပ်စခန်းဌာနချုပ် အရာရှိရိပ်သာ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင်နှစ်နိုင်ငံရေတပ်မှ စစ်ရေယာဉ်များ အပြန်အလှန်ချစ်ကြည်ရေး ခရီးစဉ်များလေ့လာလည်ပတ်နိုင်မှုနှင့် နှစ်နိုင်ငံရေတပ်များအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာရေးအတွက် အဆင့်လိုက်ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လေ့လာလည်ပတ်နိုင်ရေး၊ မြန်မာ့တပ်မတော်မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ သင်တန်းသားများစေလွှတ်သင်ကြားလျက်ရှိသည့် အခြေအနေများနှင့် နှစ်နိုင်ငံရေတပ်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်အတူ တပ်မတော်(ရေ)မှ အရာရှိကြီးများတက်ရောက်ခဲ့ပြီး တွေ့ဆုံပွဲအပြီးတွင် ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် ရုရှားဒုတိယရေတပ်ဦးစီးချုပ်တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ရုရှားဒုတိယရေတပ်ဦးစီးချုပ် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ဧရာဝတီရေတပ်စခန်းဌာနချုပ် အမှတ်(၄)ရေတပ်ဗောတံတားမှ တပ်မတော်စစ်ရေယာဉ်ဖြင့် ထွက်ခွာခဲ့ကြပြီး ရေတပ်လေ့ကျင့်ရေးဌာနချုပ် အမှတ်(၅)ရေတပ် ဗောတံတားသို့ရောက်ရှိကြရာ ရေတပ်လေကျင့်ရေးဌာနချုပ်ဌာနချုပ်မှူး ဗိုလ်ချုပ်နိုင်မင်းကျော်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ပြီးနောက် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များ၏ လေ့ကျင့်ရေးဆိုင်ရာ ဆောင်ရွက်ပေးနေမှုကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့ပြီး Ship Handling Simulator တွင် လေ့ကျင့်နေမှုအားလည်းကောင်း၊ Engine Room Sumulator တွင် လေ့ကျင့်နေမှုများအားလည်းကောင်း လှည့်လည်ကြည့်ရှုလေ့လာရာ သိရှိလိုသည်များအား တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ရုရှားတပ်မတော် ဒုတိယရေတပ်ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr.Nikolay LISTOPADOV နှင့်အတူ ဒီဇင်ဘာ ၂၄ ရက်က ရန်ကုန်မြို့ရှိ အမှတ်(၃)ရေတပ်ဆိပ်ခံတံတား၌ ကျင်းပသည့် (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(ရေ) နှစ်ပတ်လည်နေ့ စစ်ရေယာဉ်များတပ်တော်ဝင်ခြင်းနှင့် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့သို့ လွှဲပြောင်းတပ်တော်ဝင်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်းသိရသည်။

 

Most Read

Most Recent