၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒီဇင်ဘာ ၁၆ ရက်အထိ ပြည်ပသို့ သတ္တုတွင်းထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၂၁၅ သန်းကျော်ရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၂၉၇ သန်းကျော် လျော့ကျ

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒီဇင်ဘာ ၁၆ ရက်အထိ ပြည်ပသို့ သတ္တုတွင်းထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၂၁၅ သန်းကျော်ရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၂၉၇ သန်းကျော် လျော့ကျ
Published 24 December 2022

၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် ဒီဇင်ဘာ ၁၆  ရက်အထိ ပြည်ပသို့ သတ္တုတွင်းထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၂၁၅ သန်းကျော် ရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ၂၉၇ သန်း ကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရ သည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၁၆ ရက်အထိ ပြည်ပသို့ သတ္တုတွင်း ထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၂၁၅ ဒသမ ၆၂၃ သန်းရရှိခဲ့သည်။ ယခင်နှစ်ကာလတူက ဒေါ်လာ ၅၁၃ ဒသမ ၀၈၆ သန်းရရှိခဲ့သည်။ အဆိုပါကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက လက်ရှိဘဏ္ဍာနှစ် ဒီဇင်ဘာ ၁၆ ရက်အထိမှာ  ယခင်နှစ်ကာလတူထက် ဒေါ်လာ ၂၉၇ ဒသမ ၄၆၃ သန်း လျော့ကျခဲ့သည်။

နှစ်အလိုက် ပြည်ပသို့ သတ္တုတွင်းထွက်ပစ္စည်းတင်ပို့မှုအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁၄၆၅ ဒသမ ၄၅၉ သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်ဒေါ်လာ ၁၈၇၀ ဒသမ ၈၃၆ သန်း၊၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၈၉၅ ဒသမ ၆၁၁ သန်း၊၂၀၂၁-၂၀၂၂ (Mini Budget) ကာလအတွင်း ဒေါ်လာ၂၈၈ ဒသမ ၅၉၉ သန်း ရရှိ ခဲ့သည်။

နှစ်အလိုက် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုအနေဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၈၉၇၇ ဒသမ ၀၁၅ သန်း၊ သွင်းကုန်ဒေါ်လာ၉၀၆၈ ဒသမ ၉၁၄ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၁၈၀၄၅ ဒသမ ၉၂၉ သန်းရရှိခဲ့သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၁၄၈၈၃ ဒသမ ၁၆၀ သန်း၊ သွင်းကုန်ဒေါ်လာ ၁၈၆၉၄ ဒသမ ၈၉၂ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၃၃၅၇၈ ဒသမ ၀၅၂ သန်းရရှိခဲ့သည်။

၂၀၁၈ ခုနှစ် Mini Budget တွင် ပို့ကုန် ဒေါ်လာ ၈၈၆၁ ဒသမ ၀၃၂ သန်း၊ သွင်းကုန် ဒေါ်လာ ၉၈၆၇ ဒသမ ၇၈၃ သန်းဖြင့် ကုန် သွယ်မှုပမာဏဒေါ်လာ ၁၈၇၂၈ ဒသမ ၈၁၅ သန်းရရှိခဲ့သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပို့ကုန် ဒေါ်လာ ၁၇၀၆၀ ဒသမ ၄၁၅ သန်း၊ သွင်းကုန်ဒေါ်လာ ၁၈၀၈၆ ဒသမ ၅၉၇ သန်းဖြင့် ကုန် သွယ်မှုဒေါ်လာ ၃၅၁၄၇ ဒသမ ၀၁၂ သန်း ရရှိခဲ့သည်။    

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း နှစ်အလိုက်စျေးနှုန်းအရ ပြည်ပပို့ကုန်ကို ဒေါ်လာ ၁၅ ဒသမ ၅ ဘီလျံ (၁၅၅၀၀ သန်း) တင် ပို့ရန်နှင့် ပြည်ပသွင်းကုန်ကို ဒေါ်လာ ၁၄ ဘီ လျံ (၁၄၀၀၀ သန်း) တင်သွင်းရန် ရည်မှန်းထားကြောင်း ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေတွင် ဖော်ပြထားသည်။

၂၀၂၁-၂၀၂၂ Mini Budget ခြောက်လအတွင်း  မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၆ ဒသမ ၀၇၉ ဘီလျံ ကျော်ရရှိပြီး ယခင်နှစ်ကာလတူထက် ကုန်သွယ်မှု ဒေါ်လာ ၁၀၈ သန်းကျော် ပိုမိုရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်အထိ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၆ ဒသမ ၀၇၉ ဘီလျံရှိသည်။ယခင်နှစ်ကာလတူတွင် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၅ ဒသမ ၉၇၁ ဘီ လျံအထိရှိသည်။ သို့ဖြစ်ရာ ကုန်သွယ်မှုပမာဏသည် ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၀၈ ဒသမ ၇၅၆ သန်း ပိုမိုရရှိခဲ့သည်။

Most Read

Most Recent