ကညင်ရေလှောင်တမံတွင် ရေအားနှင့်နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အား ၂၉ ဒသမ ၉ မဂ္ဂါဝပ် ထွက်ရှိမည်ဖြစ်ကြောင်းနှင့် ဧရာဝတီတိုင်းအတွင်း လေအားလျှပ်စစ်စီမံကိန်းများကိုလည်း အကောင်အထည်ဖော်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရ

ကညင်ရေလှောင်တမံတွင် ရေအားနှင့်နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အား ၂၉ ဒသမ ၉ မဂ္ဂါဝပ် ထွက်ရှိမည်ဖြစ်ကြောင်းနှင့် ဧရာဝတီတိုင်းအတွင်း လေအားလျှပ်စစ်စီမံကိန်းများကိုလည်း အကောင်အထည်ဖော်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရ
ကညင်ရေလှောင်တမံကို   တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစဉ်(ဓာတ်ပုံ-MOI)
ကညင်ရေလှောင်တမံကို   တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစဉ်(ဓာတ်ပုံ-MOI)
Published 24 December 2022

ကညင်ရေလှောင်တမံတွင် အကြိုဖြစ်မြောက်နိုင်စွမ်းလေ့လာချက်များအရ ရေအားနှင့်နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အား ၂၉ ဒသမ ၉ မဂ္ဂါဝပ်ထွက်ရှိမည် ဖြစ်ကြောင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း လေအားလျှပ်စစ်စီမံကိန်းများကို လည်း အကောင်အထည်ဖော်ရန် ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ဒီဇင်ဘာ ၂၃ ရက်က ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် တပ်ကုန်းကျေးရွာအနီးရှိ ကညင်ရေလှောင်တမံတွင် ရေအားလျှပ်စစ်နှင့်နေရောင် ခြည်စွမ်းအင်မှ လျှပ်စစ်ထုတ်လုပ်နိုင်မည့် အခြေအနေတို့ကို သွားရောက်ကြည့်ရှုစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အားရရှိမှုသည် အဓိကကျသည့်အတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေ ဖြင့် နိုင်ငံ၏သဘာဝအရင်းအမြစ်များရရှိမှု အပေါ်အခြေခံ၍ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံးဖြစ်စေမည့် ရေအားနှင့်နေရောင် ခြည်စွမ်းအင်တို့မှ လျှပ်စစ်ဓာတ်အား ထုတ်ယူရရှိနိုင်သည့် စီမံကိန်းအသစ်များကို စဉ်ဆက်မပြတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကညင်ဆည်တွင်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်‌မြောင်းဝန်ကြီးဌာနမှ ခွင့်ပြုခဲ့သော အကြိုဖြစ်မြောက်နိုင်စွမ်းလေ့လာ ထားချက်များအရ ရေအားလျှပ်စစ်မှ ၉ ဒသမ ၉ မဂ္ဂါဝပ်ရရှိနိုင်ပြီး နေရောင်ခြည်စွမ်း အင်မှမဂ္ဂါဝပ် ၂၀ ခန့် ရရှိနိုင်သဖြင့် Hybird Power System အရ စုစုပေါင်း ၂၉ ဒသမ ၉ မဂ္ဂါဝပ်ခန့် ထွက်လာနိုင်မည်ဖြစ်သဖြင့် စီမံကိန်းတစ်ခုချင်းစီအလိုက် တိုင်းဒေသ ကြီး၏အစီအစဉ်ဖြင့် အမြန်ဆုံးဆက်လက်ဆောင်ရွက်နိုင်ရန် နည်းပညာအရ လိုအပ်သည်များကို ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် အခြားသောအရင်းအမြစ်ဖြစ်သည့် လေအားလျှပ်စစ်စီမံကိန်းများကိုလည်း အကောင်အထည်ဖော်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ လျှပ်စစ်မီးရရှိလာပါက စီးပွားရေးလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့်အပြင် ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများလည်းရရှိလာပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်သည့်အတွက် စီမံကိန်းအား အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် သုံးစွဲမှုမမျှတသည့်အတွက် ခွဲဝေရရှိသည့်ဓာတ်အားကို မျှတစွခွဲဝေဖြန့် ဖြူးသွားရန်လိုအပ်ကြောင်း  လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်က ဒီဇင်ဘာ ၂၃ ရက်က ဧရာဝတီတိုင်း ဒေသကြီးပုသိမ်မြို့တွင် တိုင်း/ခရိုင်၊မြို့နယ် လျှပ်စစ်အင်ဂျင်နီယာများ၊ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်မီးရရှိရေးသည် အဓိကကျသဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်မားတိုးတက် လာစေရန် လိုအပ်နေသည့် လျှပ်စစ်ဓာတ်အားကို တိုးတက်ထုတ်လုပ်ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ယခုကာလမှ စတင်၍ လာမည့်‌နွေရာသီကာလအထိ လျှပ်စစ်ဓာတ်အားကို စဉ်ဆက်မပြတ်ဖြန့်ဖြူးပေးနိုင်ရေး ဆည်များသို့ ဝင်ရောက်နေသည့်ရေများကို စနစ်တကျသိုလှောင်၍  ထိန်းသိမ်းမောင်းနှင်ပေးလျက်ရှိကြောင်း၊ ယခုအချိန်ကာလတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် သုံးစွဲမှုမမျှတသည့်အတွက်ခွဲဝေရရှိသည့် ဓာတ်အားကို မျှတစွာခွဲဝေဖြန့်ဖြူးသွားရန် လိုအပ်ကြောင်း၊ မီးသုံးစွဲသူပြည်သူများမှ မိမိတို့ရရှိသည့်အချိန်ကို ကြိုတင်သိရှိပြင်ဆင်နိုင်ရန် ကျယ်ကျယ်ပြန့်ပြန့် ကြိုတင်အသိပေး ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ဓာတ်အားပျောက်ဆုံးမှုနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းရေး၊ လျှပ်စစ်ဓာတ်အားခကျသင့်ငွေများ အပြည့်အဝကောက်ခံ ရရှိစေရေးဆောင်ရွက်သွားရန် ပြည်ထောင်စု ဝန်ကြီးဦးသောင်းဟန်က ပြောကြားခဲ့သည်။

Most Read

Most Recent