မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ရပ်တန့်ရန် တောင်းဆိုသည့် ဆုံးဖြတ်ချက် အဆိုမူကြမ်းကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အတည်ပြု

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ရပ်တန့်ရန် တောင်းဆိုသည့် ဆုံးဖြတ်ချက် အဆိုမူကြမ်းကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အတည်ပြု
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ  အစည်းအဝေးကို တွေ့ရစဉ်
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးကို တွေ့ရစဉ်
Published 23 December 2022
 Ref: Reuters

နှစ်ပေါင်း ၇၄ နှစ်အတွင်း ပထမဆုံးအ ကြိမ်အဖြစ် မြန်မာ့အရေးနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက် အဆိုမူကြမ်းကို ဒီဇင်ဘာ ၂၁ ရက်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ မဲခွဲ အတည်ပြုခဲ့ပြီး အကြမ်းဖက်မှုများ ရပ်တန့် ရန်နှင့် ဖမ်းဆီးခံခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်း သားအားလုံးကို ပြန်လွှတ်ပေးရန် တောင်းဆို ခဲ့သည်။

“မိမိတို့အနေနဲ့ ဒီဆုံးဖြတ်ချက် အဆို မူကြမ်းကို အပြည့်အဝ အကောင်အထည်ဖော် နိုင်ဖို့ မျှော်လင့်ထားတယ် ဆိုတာကို လုံးဝသံ သယမရှိဖို့ ဒီကနေ့မှာ တပ်မတော်ကို ပြတ်ပြတ်သားသား မက်ဆေ့ခ်ျ ပေးလိုက်တာဖြစ် တယ်” ဟု ဆုံးဖြတ်ချက်မူကြမ်းကို မဲခွဲအတည် ပြုပြီးနောက် ကုလသမဂ္ဂဆိုင်ရာ ဗြိတိန် သံ အမတ် ဘာဘရာဝုဒ်ဝါ့ဒ်က ပြောကြားသည်။ အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းကို ဗြိတိန်က ရေးဆွဲခဲ့ခြင်းဖြစ်သည်။

“မြန်မာပြည်သူတွေရဲ့ အခွင့်အရေးတွေ၊ သဘောထားဆန္ဒတွေနဲ့ သူတို့ရဲ့ အကျိုးစီးပွား တွေကို ရှေးရှုပြီးတော့ မိမိတို့အနေနဲ့ တိုးတက် မှုတွေကို ရှာဖွေနေတယ်ဆိုတာကိုလည်း ရှင်း ရှင်းလင်းလင်း မက်ဆေ့ချ်ပေးလိုက်တာဖြစ် တယ်” ဟုလည်း အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်သော ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ ၎င်းက ပြော ကြားခဲ့သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် မြန်မာနိုင်ငံ၏ အကျပ်အတည်းနှင့်ပတ်သက် ၍ ကာလကြာမြင့်စွာ ကွဲလွဲမှုများရှိနေခဲ့ကာ ပြင်းထန်သော တုံ့ပြန်ဆောင်ရွက်မှုများကို တရုတ်နှင့် ရုရှားတို့က ကန့်ကွက်ထားသည်။ ဒီဇင်ဘာ ၂၁ ရက် မဲခွဲဆုံးဖြတ်မှုတွင် တရုတ်၊ ရုရှား နှစ်နိုင်ငံစလုံးနှင့် အိန္ဒိယတို့က မဲမပေး ဘဲ ကြားနေခဲ့ကာ ကျန်အဖွဲ့ဝင် ၁၂ နိုင်ငံက ထောက်ခံမဲပေးခဲ့သည်။

“တရုတ်နိုင်ငံအနေနဲ့ စိုးရိမ်မှုတွေ ရှိ နေတုန်းပါပဲ။ ဒီအရေးကိစ္စကို မြန်မြန်ဆန် ဆန် ဖြေရှင်းနိုင်တဲ့ နည်းလမ်းမရှိပါဘူး။ အ ဆုံးသတ်မှာ သင့်တင့်လျောက်ပတ်စွာ ဖြေ ရှင်းနိုင်ခြင်း ရှိ မရှိဆိုတာဟာ အခြေခံအားဖြင့် မြန်မာနိုင်ငံအပေါ်မှာပဲ မူတည်ပါတယ်” ဟု ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ် ကျန်း ကျွင်းက ပြောကြားခဲ့သည်။

လုံခြုံရေးကောင်စီအနေဖြင့် မြန်မာ့အ ရေးနှင့်ပတ်သက်၍ ဆုံးဖြတ်ချက် မူကြမ်း တစ်ရပ်ကို အတည်ပြုခြင်းထက် တရားဝင် ကြေညာချက်ထုတ်ပြန်ရေးကို တရုတ်နိုင်ငံက လိုလားခဲ့ကြောင်းလည်း ၎င်းင်းက ဆိုသည်။

ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ် ဗက်ဆီလီနီဘန်ဇီယာက မြန်မာနိုင်ငံ၏ အ ခြေအနေသည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပေါ် ခြိမ်းခြောက်မှုဖြစ်စေသည် ဟု ရုရှားနိုင်ငံက မယူဆကြောင်းနှင့် ၎င်းင်းကိစ္စ ရပ်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ ဖြေ ရှင်းသင့်သည်ဟု မယူဆကြောင်း ပြောကြားခဲ့ သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအန်တို နီဘလင်ကင်ကမူ ၎င်းင်းဆုံးဖြတ်ချက် အဆိုမူ ကြမ်းကို အတည်ပြုနိုင်ခဲ့သည့်အပေါ် ကြိုဆို ခဲ့ပြီး ယင်းသည် မြန်မာနိုင်ငံ၏ အကျပ်အ တည်းကို ဖြေရှင်းရန် လုံခြုံရေးကောင်စီ၏ အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။                  

 

Most Read

Most Recent