၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ရှစ်လနီးပါးအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁ ဒသမ ၂၈ သန်းကျော်တင်ပို့ထားပြီး ယခင်နှစ်ကာလတူထက် တန်ချိန် တစ်သိန်းလေးသောင်းကျော် ပိုမိုတင်ပို့ထား

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ရှစ်လနီးပါးအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁ ဒသမ ၂၈ သန်းကျော်တင်ပို့ထားပြီး ယခင်နှစ်ကာလတူထက် တန်ချိန် တစ်သိန်းလေးသောင်းကျော် ပိုမိုတင်ပို့ထား
ရန်ကုန်မြို့ရှိ ၀ါးတန်းဆိပ်ကမ်း၌ ဆန်အတင်အချပြုလုပ်နေမှုကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ ၀ါးတန်းဆိပ်ကမ်း၌ ဆန်အတင်အချပြုလုပ်နေမှုကို တွေ့ရစဉ်
Published 17 December 2022

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ရှစ်လနီးပါးအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁ ဒသမ ၂၈ သန်းကျော်တင်ပို့ထားပြီး ယခင် နှစ်ကာလတူထက် တန်ချိန်တစ်သိန်းလေးသောင်းကျော် ပိုမိုတင်ပို့ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက် မှ နိုဝင်ဘာ ၂၅ ရက်အထိ (ယာယီ) စာရင်းများအရ ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှုတွင် ဆန်တန်ချိန် ၇၇၉၇၆၂ ဒသမ ၄၆၅ တန်၊ တန်ဖိုးဒေါ်လာ ၂၉၁ ဒသမ ၇၉၈ သန်း၊ ဆန်ကွဲတန်ချိန် ၅၀၄၉၃၄ ဒသမ ၁၁၀ တန်၊ တန်ဖိုးဒေါ်လာ ၁၆၇ ဒသမ ၉၄၅ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲတင်ပို့နိုင်မှု တန်ချိန် ၁၂၈၄၆၉၆ ဒသမ ၅၇၅ တန်၊ တန်ဖိုးအားဖြင့် ဒေါ်လာ ၄၅၉ ဒသမ ၇၄၃ သန်း ရရှိထားသည်။

ယခင်နှစ်ကာလတူတွင် ဆန်တန်ချိန် ၆၅၃၀၆၂ ဒသမ ၉၅၃ တန်၊ တန်ဖိုးဒေါ်လာ ၂၄၄ ဒသမ ၁၉၅ သန်း၊ ဆန်ကွဲတန်ချိန် ၄၈၉၇၂၈ ဒသမ ၄၈၀ တန်၊ တန်ဖိုး ဒေါ်လာ ၁၅၃ ဒသမ ၈၂၁ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲတင်ပို့နိုင်မှု တန်ချိန် ၁၁၄၂၇၉၁ ဒသမ ၄၃၃ တန်တင်ပို့မှုမှ တန်ဖိုးဒေါ်လာ ၃၉၈ ဒသမ ၀၁၆ သန်းရရှိခြင်းဖြစ်ကြောင်း ကုန်သွယ်မှုစာရင်းများအရ သိရှိရသည်။

ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၁၂၆၆၉၉ ဒသမ ၅၁၂ တန်၊ တန်ဖိုးအားဖြင့် ဒေါ်လာ ၄၇ ဒသမ ၆၀၃ သန်း၊ ဆန်ကွဲတင်ပို့မှုအနေဖြင့် ဆန်ကွဲတန်ချိန် ၁၅၂၀၅ ဒသမ ၆၃၀ တန်၊ တန်ဖိုးအားဖြင့် ဒေါ်လာ ၁၄ ဒသမ ၁၂၄ သန်း ပိုမိုတင် ပို့ခဲ့ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလ ကုန်အထိ ၁၂ လအတွင်း ပြည်ပသို့ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ ဒေါ်လာ ၆၈၇ ဒသမ ၂ သန်း ရရှိခဲ့ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနမှထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၁ ခုနှစ်အတွင်း လအလိုက် ပြည်ပသို့ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ ဝင်ငွေရရှိမှုအနေဖြင့် ဇန်နဝါရီလတွင် ဒေါ်လာ ၉၆ ဒသမ ၂ သန်း၊ ဖေဖော်ဝါရီလတွင် ဒေါ်လာ ၄၅ သန်း၊ မတ်လတွင် ဒေါ်လာ ၄၂ ဒသမ ၄ သန်း ၊ ဧပြီလတွင် ဒေါ်လာ ၄၇ ဒသမ ၅ သန်း၊မေလတွင် ဒေါ်လာ ၇၂ ဒသမ ၈ သန်း၊ဇွန်လတွင် ဒေါ်လာ ၇၄ ဒသမ ၇ သန်း၊ ဇူလိုင်လတွင် ဒေါ်လာ ၁၈ သန်း၊ သြဂုတ်လတွင်ဒေါ်လာ ၁၈ ဒသမ ၈ သန်း၊ စက်တင်ဘာလတွင် ဒေါ်လာ ၃၈ ဒသမ ၂ သန်း၊ အောက်တိုဘာလတွင် ဒေါ်လာ ၅၆ ဒသမ ၂ သန်း၊နိုဝင်ဘာလတွင် ဒေါ်လာ ၇၂ ဒသမ ၂ သန်းနှင့် ဒီဇင်ဘာလတွင် ဒေါ်လာ ၁၀၅ ဒသမ ၁ သန်းဖြင့် စုစု ပေါင်းဒေါ်လာ ၆၈၇ ဒသမ ၂ သန်းရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်  ပြည်ပသို့  ဆန်တင်ပို့မှုလျော့ကျခဲ့သော်လည်း ဆန်ကွဲတင်ပို့မှုမြင်တက်ခဲ့သဖြင့် ယခင်နှစ်ကာလ တူထက် ဝင်ငွေဒေါ်လာ ၈၄ သန်းကျော် ပိုမိုရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုကို ပျှမ်းမျှအားဖြင့် နှစ်စဉ် ၁၀ ရာခိုင်နှုန်းခန့် တိုးတက်လာအောင်  ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် တန်ချိန်မြင့်တက်မှုအပြင် ဝင်ငွေပိုမိုမြင့်တက်လာစေရန် အရည်အသွေးကောင်းမွန်သည့် တန်းမြင့်ဆန်များအမျိုးအစားများ ပိုမိုတင်ပို့နိုင်အောင် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ ဒေါ်လာ ၇၀၀ ဒသမ ၁၃ သန်းရရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ သိရသည်။

Most Read

Most Recent