၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ရှစ်လအတွင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၄၅၉ သန်းကျော်ရှိပြီး စင်ကာပူက ဒေါ်လာ ၁၁၅၄ သန်းကျော်ဖြင့် အများဆုံးဖြစ်

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ရှစ်လအတွင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၄၅၉ သန်းကျော်ရှိပြီး စင်ကာပူက ဒေါ်လာ ၁၁၅၄ သန်းကျော်ဖြင့် အများဆုံးဖြစ်
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
Published 17 December 2022

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်  ဧပြီမှနိုဝင်ဘာလကုန်အထိရှစ်လအတွင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၄၅၉ သန်းကျော်ရှိပြီး စင်ကာပူက ဒေါ်လာ ၁၁၅၄ သန်းကျော်ဖြင့် အများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA)မှ သိရသည်။

၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် ဧပြီမှနိုဝင်ဘာလကုန်အထိ ရှစ်လအတွင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံအလိုက် ဝင်ရောက်မြှုပ်နှံ မှုအနေဖြင့် စင်ကာပူနိုင်ငံကဒေါ်လာ ၁၁၅၄ ဒသမ ၂၈၆ သန်း၊ Belize ကဒေါ်လာ ၁ ဒသမ  ၅ သန်း၊ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရင်း နှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင်ဒေါ်လာ တစ်သန်း၊တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ ၉၄ ဒသမ ၉၅၇ သန်း၊ တိုင်ပေက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာသုံးသန်း၊ဟောင်ကောင်က ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ ၁၄ ဒသမ ၉၃၉သန်း၊ အိန္ဒိယက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ ၁ ဒသမ ၅၄၅ သန်း၊ ဂျပန်နိုင်ငံက ၂၁ ဒသမ ၄သန်း၊ R.O.K ကရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင်  ဒေါ်လာ ၅ ဒသမ ၄ သန်း၊ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့် ခြင်း အပါအဝင် ဒေါ်လာခြောက်သန်း၊ဆွစ်ဇာလန်က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ ၄ ဒသမ ၆၇၇ သန်း၊U.K က ဒေါ်လာဝ ဒသမ ၃၀၀ သန်း၊Seychelles က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၀ ဒသမ ၃၃၈ သန်းဝင်ရောက် မြှုပ် နှံထားခြင်းဖြစ်ကြောင်း DICA မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) ခြောက်လအတွင်း နိုင်ငံအလိုက် ဝင်ရောက်မြှုပ်နှံမှုအနေဖြင့် စင်ကာပူက ရင်းနှီး မြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၂၉၇ ဒသမ ၃၄၉ သန်း၊ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၁၄၂ ဒသမ ၁၃၇ သန်း၊တိုင်ပေက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၈ ဒသမ ၆၄၁ သန်း၊ပြင်သစ်က ဒေါ်လာ ၀ ဒသမ ၄၉၇ သန်း၊ ဟောင်ကောင်က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၁၀၉ ဒသမ  ၁၄၀ သန်း၊အိန္ဒိယနိုင်ငံက ဒေါ်လာ ၀ ဒသမ ၅၅၀ သန်း၊အင်ဒိုနီးရှားနိုင်ငံကဒေါ်လာ ၅ ဒသမ ၁ သန်း၊ ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ၄ ဒသမ ၅၃၀ သန်း၊မလေးရှားကရင်းနှီး မြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၀ ဒသမ ၃၁၂ သန်း၊ R.O.K က ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၆၂ ဒသမ ၆၉၃ သန်း၊ Samoa ကရင်းနှီးမြှုပ်နှံမှုတိုး မြှင့်ခြင်းအပါအဝင် ဒေါ်လာနှစ်သန်း၊ Seychelles ကဒေါ်လာ ၁ ဒသမ ၃၄၃ သန်း၊ ထိုင်းနိုင်ငံက ရင်းနှီး မြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ ခုနစ်သန်း၊နယ် သာလန်က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာလေးသန်း၊ U.K ကရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၀ ဒသမ ၃၃၅ သန်း၊နီပေါက ဒေါ်လာ ၁ ဒသမ ၅ သန်း ဝင်ရောက်ထားသည်။

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူစေရေးအတွက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း DICA က ကြေညာထားသည်။

လျှပ်စစ်ယာဉ်များထုတ်လုပ်သည့်လုပ်ငန်း၊ ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာပစ္စည်းထုတ်လုပ်မှုလုပ်ငန်းအပါအဝင် ရင်းနှီးမြှုပ် နှံမှုလုပ်ငန်းအမျိုးအစားရှစ်မျိုးကို ဦးစားပေးဆောင်ရွက်မည်ဖြစ်သဖြင့်  မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှုကော်မရှင်က ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ထားသည်။

Most Read

Most Recent