ပြည်တွင်း ပြည်ပခရီးသည်များ ပြင်ဦးလွင်မြို့အနီးရှုခင်းများနှင့် ဂုတ်ထိပ်တံတားအား ကြည့်ရှုလေ့လာနိုင်ရန် မြန်မာ့မီးရထားက ပြင်ဦးလွင်-ဂုတ်ထိပ်ရထားခရီးစဉ်အားမကြာမီပြေးဆွဲနိုင်ရန် စီစဉ်နေ

ပြည်တွင်း ပြည်ပခရီးသည်များ ပြင်ဦးလွင်မြို့အနီးရှုခင်းများနှင့် ဂုတ်ထိပ်တံတားအား ကြည့်ရှုလေ့လာနိုင်ရန် မြန်မာ့မီးရထားက ပြင်ဦးလွင်-ဂုတ်ထိပ်ရထားခရီးစဉ်အားမကြာမီပြေးဆွဲနိုင်ရန် စီစဉ်နေ
Published 16 December 2022

ပြည်တွင်း ပြည်ပခရီးသည်များ ပြင်ဦးလွင်မြို့အနီးရှုခင်းများနှင့် ဂုတ်ထိပ်တံတားအား ကြည့်ရှုလေ့လာနိုင်ရန် မြန်မာ့မီးရထားက ပြင်ဦးလွင်-ဂုတ်ထိပ်ရထားခရီးစဉ်အားမကြာမီပြေးဆွဲနိုင်ရန် စီစဉ်နေကြောင်း သိရသည်။

“ ပြည်တွင်း ပြည်ပခရီးသည်တွေ နာမည်ကျော် သက်တမ်းရင့် ဂုတ်ထိပ်တံတားကိုလေ့လာနိုင်ဖို့  ပြင်ဦးလွင်-ဂုတ်ထိပ် ရထားခရီးစဉ်ကို မကြာမီပြေးဆွဲသွားဖို့ စီစဉ်နေပါတယ်။ နေ့တိုင်းဖြစ်မလား၊ တစ်ပတ်ဘယ်နှစ်ကြိမ် ဖြစ်မလဲဆိုတာကိုတော့ ညှိနှိုင်းဆွေးနွေးနေတုန်းပါ” ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

မြန်မာ့မီးရထားက နယ်ဝေးရထားခရီးစဉ်များအဖြစ် ရန်ကုန်- မန္တလေးလမ်းပိုင်း၌ အမြန်ရထားလေးစင်း၊ စာပို့ရထားနှစ်စင်း၊ ရန်ကုန်-ပြည်လမ်းပိုင်းတွင် အမြန်ရထားနှစ်စင်း၊ စာပို့ရထားနှစ်စင်း၊ ရန်ကုန်-မော်လမြိုင်ညရထားအပါအဝင် လမ်းပိုင်းအသီးသီး တွင် လူစီးနှင့်ကုန်တင်ရထားများပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

မြန်မာ့မီးရထားက ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် အမြန်ရထားလေးစင်း၊ စာပို့ရထား နှစ်စင်း၊ ရန်ကုန် - မော်လမြိုင်လမ်း  ပိုင်းတွင် အမြန်ရထား နှစ်စင်း၊ ရန်ကုန်-ပြည် လမ်းပိုင်းမှာ အမြန်ရထား နှစ်စင်း၊ စာပို့ရထား နှစ်စင်း၊ ရန်ကုန် - ပဲခူးလမ်းပိုင်းတွင် ရထား နှစ်စင်း၊ ပုသိမ်-ဟင်္သာတ-ကြံခင်းလမ်းပိုင်းတွင် စာပို့ရထား နှစ်စင်း၊ ပျဉ်းမနား-တောင်တွင်းကြီး လမ်းပိုင်းတွင် လူစီးကုန်တင်ရထား နှစ်စင်း၊ သာစည်-ရွှေညောင်လမ်းပိုင်းတွင် စာပို့ရထား နှစ်စင်း၊ ပြင်ဦးလွင်-ဂုတ်ထိပ်လမ်း ပိုင်းတွင်အမြန်ရထား နှစ်စင်း၊ ပြည်တော်သာ-ရေချမ်းပြင် လမ်းပိုင်းတွင်ရထား လေးစင်း၊ တောင်ကြီး- ဆိုက်ခေါင်လမ်းပိုင်းတွင် လူစီးကုန်တင်ရထား နှစ်စင်း စုစုပေါင်း ၂၈ စင်းနှင့် ရန်ကုန်မြို့ပတ်ရထား ၂၆ စင်း စုစုပေါင်း လူစီးရထား ၅၄ စင်း ပြေးဆွဲပေးနေခြင်းဖြစ်သည်။

မြန်မာ့မီးရထားက ပြေးဆွဲမှုရပ်နားထားသည့် ပုသိမ်-ဟင်္သာတ-ကြံခင်း အစုန်အဆန် အမြန်ရထားအား စက်တင်ဘာ ၁၁ ရက်တွင် စတင်ကာ ပြန်လည်ပြေးဆွဲခဲ့ကြောင်း သတင်းရရှိသည်။

အမှတ် ၁၈၁ ပုသိမ်-ဟင်္သာတ-ကြံခင်း (အဆန်) အမြန်ရထားခရီးစဉ် ပြန်လည်ပြေး ဆွဲခြင်းအခမ်းအနားကို စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းက ပုသိမ်မြို့ပုသိမ်ဘူတာတွင် ကျင်းပခဲ့ပြီး နံနက် ၆နာရီတွင် ပုသိမ်ဘူတာမှရထား စတင်ထွက်ခွာခဲ့ကြောင်း သိရသည်။

အလားတူ ၁၈၂ ကြံခင်း-ဟင်္သာတ-ပုသိမ် (အစုန်) အမြန်ရထားခရီးစဉ်ကိုလည်း ကြံခင်းဘူတာမှ နံနက် ၆ နာရီတွင် စတင် ထွက်ခွာခဲ့ကြောင်း သိရသည်။

မြန်မာ့မီးရထားက ယခင်ပြေးဆွဲခဲ့သည့် တောင်ကြီး-ဆိုက်ခေါင်လမ်းပိုင်းရှိ တောင်ကြီး-ဘန်းယဉ် အဆန်၊ အစုန် ရထားခရီးစဉ် အား ပြန်လည်ပြေးဆွဲခဲ့သည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး ခရိုင် တောင်ကြီး-ဆိုက်ခေါင် ရထားလမ်းပိုင်း ရှိ တောင်ကြီးဘူတာမှ ဘန်းယဉ်ဘူတာအထိ ၃၃ ဒသမ ၇၁ မိုင်ရှိ ရထားလမ်းပိုင်းတွင် ရထားပြန်လည်ပြေးဆွဲခြင်းဖြစ်ရာ တောင် ကြီး-ဆိုက်ခေါင်ရထားလမ်းပိုင်း၌ ရထားပြေး ဆွဲခြင်းကို ၂၀၂၁ ခုနှစ် ေဖေဖာ်ဝါရီလ ဒုတိယ ပတ်ခန့် ကိုဗစ်-၁၉ ကာလတွင် ယာယီရပ်နား ခဲ့ကြောင်း သိရသည်။

ယခုအခါဒေသခံတိုင်းရင်းသား  ပြည်သူ များ၏ တောင်းဆိုချက်အရ မြန်မာ့ မီးရထား က ရထားလမ်းပိုင်း ကြံ့ခိုင်တောင့်တင်းမှုရှိစေ ရေး ပြုပြင်ဆောင်ရွက်ပေးခဲ့ပြီး ရထားစီးခရီး သွားတိုင်းရင်းသားပြည်သူများ စိတ်ချမ်းမြေ့ လုံခြုံစွာသွားလာအသုံးပြုနိုင်စေရန် ဆောင် ရွက်ထားပြီး ပြည်သူများ၏ လိုအပ် ချက်ပေါ် မူတည်၍ ခရီးဆုံးဘူတာဖြစ်သည့် ဆိုက်ခေါင် အထိ ပြေးဆွဲနိုင်ရန် စီစဉ် ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။                         

မြန်မာ့မီးရထားက ရန်ကုန်-ပြည် ရထား လမ်းပိုင်းတွင် အမြန်ရထား တစ်စီး ထပ်မံတိုး ချဲ့ပြေးဆွဲခဲ့ပြီး ယခင်  ရန်ကုန်ဘူတာကြီးက စတင်ထွက်ခွာသည့် စာပို့ရထားကိုမူ ကြည့်မြင်တိုင်ဘူတာမှ စတင်ထွက်ခွာခြင်းသို့ ပြောင်းလဲပြေးဆွဲ ခဲ့ကြောင်း မြန်မာ့မီးရထား က သတင်းရရှိသည်။

Most Read

Most Recent