ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုကဏ္ဍတွင် မတည်ငွေရင်း ကျပ်သန်း ၄၀၈၀ နှင့် ဒေါ်လာ ၀ ဒသမ ၅၀ သန်းရှိသည့် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု နှစ်ခုအတည်ပြု

ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုကဏ္ဍတွင် မတည်ငွေရင်း ကျပ်သန်း ၄၀၈၀ နှင့် ဒေါ်လာ ၀ ဒသမ ၅၀ သန်းရှိသည့် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု နှစ်ခုအတည်ပြု
Published 16 December 2022

ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုကဏ္ဍတွင် မတည်ငွေရင်း ကျပ်သန်း ၄၀၈၀ နှင့် ဒေါ်လာ ၀ ဒသမ ၅၀ သန်းရှိသည့် ပြည် တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု နှစ်ခုကို ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီက အတည်ပြုပေးလိုက်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၂/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်တွင် ရန်ကုန်မြို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော် မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး အဆိုပါအစည်းအဝေးတွင် အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် စက်မှုကဏ္ဍတွင် မြန်မာနိုင်ငံသားရင်းနှီး မြှုပ်နှံမှုလုပ်ငန်းတစ်ခုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုတို့ကို အတည်ပြုပေးခဲ့သည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ ကျပ် ၄၀၈၀ ဒသမ ၅၀ သန်းနှင့် ဒေါ်လာ ၀ ဒသမ ၅၀ သန်း ဖြစ် ပြီး လုပ်ငန်းစုစုပေါင်း နှစ်ခုတို့မှ  ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ၂၉၅ ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် အစည်းအဝေးတွင် အထွေထွေကိစ္စရပ်များတင် ပြလာသည့်ကုမ္ပဏီ ၁၆ ခုအနက် ကုမ္ပဏီလေးခုတို့အား မတည်ငွေရင်းပမာဏ ဒေါ်လာ ၂ ဒသမ ၄၈၃ သန်းတိုးမြှင့်ခွင့်နှင့်ကုမ္ပဏီ တစ်ခုမှပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်း ၅၀၀ ဦးအတွက် တိုးမြှင့်ခန့်ထားခွင့်များကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၁၆၃၃ သန်းကျော်နှင့် ဒေါ်လာ ခုနစ်သန်းကျော်ရှိသည့် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ခုနစ်ခုကို ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီ ၏(၁၁/၂၀၂၂)ကြိမ်မြောက်အစည်းအဝေးတွင် အတည်ပြုပေးခဲ့သည်။

အဆိုပါအစည်းအဝေးတွင် စက်မှုကဏ္ဍအတွက် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ် ငန်းခြောက်ခုကို အတည်ပြုပေးခဲ့သည်။ အတည်ပြုပေးခဲ့သည့်လုပ်ငန်းများမှာ CMP စနစ်ဖြင့် အဝတ်အထည်၊ ခြေအိတ်၊ ဖိနပ်အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းလုပ်ငန်း၊ Manufacture of Structural Metal Products  တို့ဖြစ်သည်။

အဆိုပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ ကျပ် ၁၆၃၃ ဒသမ ၄၀၅ သန်းနှင့် ဒေါ်လာ ၇ ဒသမ ၁၄၈ သန်း ဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၈၈၅ နေရာ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၁၄၄၄ သန်းကျော်နှင့် ဒေါ်လာလေးသန်းနီးပါးရှိသည့် ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းငါးခုကို ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏(၄/၂၀၂၂)ကြိမ်မြောက်အစည်းအဝေးတွင် အတည်ပြုပေးခဲ့သည်။

အဆိုပါအစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီသည် စက်မှုကဏ္ဍတွင် မြန်မာနိုင်ငံသားရင်းနှီးမြှုပ် နှံမှုလုပ်ငန်းတစ်ခုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းလေးခုတို့ကို အတည်ပြုပေးခဲ့သည်။ အတည်ပြုပေးခဲ့သည့်လုပ်ငန်းများမှာ နိုင်ငံတကာအဆင့်မီ တန်ဖိုးမြှင့်ဆန်ထုတ်လုပ်တင် ပို့ရောင်းချခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်းနှင့်အိတ်အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်းတို့ဖြစ်သည်။

အဆိုပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ ကျပ် ၁၄၄၄ ဒသမ ၄၉ သန်းနှင့် ဒေါ်လာ ၃ ဒသမ ၉၉၇ သန်းဖြစ် ပြီး လုပ်ငန်းစုစုပေါင်းငါးခုတို့မှ ပြည်တွင်းအလုပ်အကိုင် ၃၃၇၀ ဦးတို့အတွက် ဖန်တီးပေးနိုင်မည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်သန်း ၇၀၀ နှင့် ဒေါ်လာခြောက်သန်းနီးပါးရှိသည့် CMP စနစ်ဖြင့် ပလတ်စတစ်ပြားထုတ်လုပ်ခြင်း၊ အဝတ်အထည်ချုပ်လုပ်ခြင်းနှင့် ချည်မျှင်ထုတ်လုပ်ခြင်းလုပ်ငန်းလုပ်ကိုင်ရန် ရန်ကုန်တိုင်းဒေသ ကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏(၂/၂၀၂၂)ကြိမ်မြောက်အစည်းအဝေးတွင် အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီက စက်မှုကဏ္ဍတွင် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှစ်ခုတို့ကို အတည်ပြုပေးခဲ့သည်။ ယင်းလုပ်ငန်းများမှာ CMP  စနစ်ဖြင့် ပလတ် စတစ်ပြားထုတ်လုပ်ခြင်းလုပ်ငန်း၊ အဝတ်အထည်ချုပ်လုပ်ခြင်းလုပ်ငန်းနှင့်ချည်မျှင် ထုတ်လုပ်ခြင်းလုပ်ငန်းတို့ ဖြစ်သည်။

Most Read

Most Recent