စက်တပ်ဆင်အင်အား ၇၂၈၇ မဂ္ဂါဝပ်ရှိသော်လည်း ရေအားလျှပ်စစ်စက်ရုံများတွင် နွေရာသီအတွက်စုဆောင်းထားရခြင်း၊ Gas ထုတ်လုပ်မှုလျော့နည်းနေခြင်း၊ဓာတ်အားလိုင်းတိုင်များ ဖောက်ခွဲခံရသဖြင့် ပို့လွှတ်မှုလျော့နည်းခြင်းတို့ကြောင့် ၃၀၆၄ မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးပြောကြား

စက်တပ်ဆင်အင်အား ၇၂၈၇ မဂ္ဂါဝပ်ရှိသော်လည်း ရေအားလျှပ်စစ်စက်ရုံများတွင် နွေရာသီအတွက်စုဆောင်းထားရခြင်း၊ Gas ထုတ်လုပ်မှုလျော့နည်းနေခြင်း၊ဓာတ်အားလိုင်းတိုင်များ ဖောက်ခွဲခံရသဖြင့် ပို့လွှတ်မှုလျော့နည်းခြင်းတို့ကြောင့် ၃၀၆၄ မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးပြောကြား
တိုင်းဒေသကြီး/ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာများနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တွေ့ရစဉ်
တိုင်းဒေသကြီး/ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာများနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တွေ့ရစဉ်
Published 15 December 2022

စက်တပ်ဆင်အင်အား ၇၂၈၇ မဂ္ဂါဝပ်ရှိသော်လည်း ရေအားလျှပ်စစ် စက်ရုံများတွင် နွေရာသီအတွက်စုဆောင်းထားရခြင်း၊ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုလျော့နည်းနေခြင်း၊မဟာဓာတ်အားလိုင်းတိုင်များ ဖောက်ခွဲခံရသဖြင့် ပို့လွှတ်မှုလျော့နည်းခြင်း တို့ကြောင့် ၃၀၆၄ မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်က ပြောကြားခဲ့သည်။

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏တိုင်းဒေသကြီး/ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၁၄ ရက်က ကျင်းပခဲ့ရာတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန်အတွက် အခြေခံအကျဆုံး လိုအပ်ချက်သည် လျှပ်စစ်ဓာတ်အားဖြစ်သည့်အတွက် နိုင်ငံတော်၏ တိုးတက်သုံးစွဲလာသည့် ဓာတ်အားလိုအပ်ချက်ကို ရရှိနိုင်သမျှသော စွမ်းအင်အရင်းအမြစ်မျိုးစုံကို အသုံးပြုပြီး ရေတိုရေရှည်နည်း လမ်းများဖြင့် လျှပ်စစ်ဓာတ်အားအမြန်ဆုံး တိုးတက်ရရှိရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးတွင် အရင်းအမြစ်မျိုးစုံမှ စက်တပ်ဆင်အင်အားသည် ၇၂၈၇ မဂ္ဂါဝပ်ရှိသော်လည်း ရေအားလျှပ်စစ်စက်ရုံများတွင် လာမည့်နွေရာသီအ တွက် ရေစုဆောင်းထားရခြင်း၊ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုလျော့နည်းနေခြင်း၊ မဟာဓာတ်အားလိုင်းတိုင်များ ဖောက်ခွဲဖျက်ဆီးခံရသဖြင့် ပို့လွှတ်မှုလျော့နည်းနေခြင်းတို့ကြောင့်  ထုတ်လုပ်မှုတွင် (၃၀၆၄) မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် သုံးစွဲမှုကို အခြေခံ၍ ဝန်အားမျှတစွာ ဖြန့်ဝေပေးထားရကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ထို့ပြင် ထပ်မံတိုးမြှင့်ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်နေသည့် ကာလများတွင်ရရှိပြီးပို့လွှတ်လျက်ရှိသော ဓာတ်အားလိုင်းများကို အကြမ်းဖက်သောင်းကျန်းသူများမှ ဖောက်ခွဲဖျက်ဆီးလျက်ရှိကြောင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် လျှပ်စစ်ဓာတ် အားသုံးစွဲမှုမမျှတ၍ လိုအပ်ချက်များရှိနေကြောင်း၊ ထိုလိုအပ်ချက်များကို ပြည့်မီနိုင်ရန် တစ်ဖက်တွင် ဖျက်ဆီးခံရသော ဓာတ် အားလိုင်းတိုင်များကို ပြန်လည်ပြင်ဆင်ခြင်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ စီမံဆောင်ရွက်ထားပြီးဖြစ်သော စီမံကိန်းအသစ်များ ကိုလည်း သတ်မှတ်နှစ်များတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထွက်ရှိလာမည့် လျှပ်စစ် ဓာတ်အားကို သုံးစွဲသူများထံရရှိစေရန် ပို့လွှတ်ရေးအပိုင်းနှင့် ဖြန့်ဖြူးရေးအပိုင်းတို့သည်လည်း အရေးပါလျက်ရှိကြောင်း၊ ဓာတ် အားဖြန့်ဖြူးပေးပို့ရာတွင်လည်း ဗို့အားပြည့်ဝစွာဖြင့် ဖြန့်ဖြူးပေးပို့နိုင်ရေး၊ ဓာတ်အားပြတ်တောက်မှု၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေးနှင့် ဓာတ်အားစနစ်တည်ငြိမ်စေရေးတို့အတွက် ဓာတ်အားခွဲရုံများ၊ ဓာတ်အားလိုင်းများအား သန့်ရှင်းရေးပြု လုပ်ခြင်းအပါအဝင် ထိန်းသိမ်းပြုပြင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို စစ်ဆေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ သယ်ယူပို့ဆောင်ပေးနေသော ဓာတ်အားလိုင်းများအနေဖြင့်လည်း လိုင်းတစ်လိုင်း အပြစ်ဖြစ်ပွားချိန်၌ အခြားလိုင်းတစ်လိုင်းမှ ပြန်လည်ပေး အပ်နိုင်ရေး စီမံဆောင်ရွက်ထားရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်က ပြောကြားခဲ့သည်။

ဓာတ်အားခကောက်ခံခြင်း အပိုင်းတွင်လည်း နိုင်ငံတော်မှရရှိမည့်ဓာတ်အားခအခွန်အခများကိုလည်း အပြည့်အဝကောက်ခံ ရရှိရေး ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်စဉ် လုံခြုံရေးအား အထူးဂရုပြုဆောင်ရွက်ရန်၊စီမံကိန်း လုပ်ငန်းများအားအကောင်အထည် ဖော်ဆောင်ရွက်သွားရန်နှင့် သတ်မှတ်ချိန် ကာလအတွင်း ပြီးစီးနိုင်ရေးအလေးထား ဆောင်ရွက်ရန်လိုအပ်ကြောင်း  ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

Most Read