မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ချင်းမိုင်ခရီးစဉ်ကို ဒီဇင်ဘာ ၂၁ ရက်မှစ၍ တစ်ပတ်လျှင် နှစ်ကြိမ်မှ သုံးကြိမ်သို့ တိုးမြှင့်ပျံသန်းမည်

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ချင်းမိုင်ခရီးစဉ်ကို ဒီဇင်ဘာ ၂၁ ရက်မှစ၍ တစ်ပတ်လျှင် နှစ်ကြိမ်မှ သုံးကြိမ်သို့ တိုးမြှင့်ပျံသန်းမည်
ရန်ကုန်-ချင်းမိုင်ခရီးစဉ် စတင်ပျံသန်းခြင်း မိတ်ဆက်အခမ်းအနားကို တွေ့ရစဉ်
ရန်ကုန်-ချင်းမိုင်ခရီးစဉ် စတင်ပျံသန်းခြင်း မိတ်ဆက်အခမ်းအနားကို တွေ့ရစဉ်
Published 9 December 2022

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ချင်းမိုင်ခရီးစဉ်ကို ဒီဇင်ဘာ ၂၁ ရက်မှစ၍ တစ်ပတ်လျှင် နှစ်ကြိမ်မှသုံးကြိမ် သို့ တိုးမြှင့်ပျံသန်းမည်ဖြစ်ကြောင်း  သိရသည်။                 

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ချင်းမိုင်ခရီးစဉ်ကို ဒီဇင်ဘာ ၉ ရက်မှ စတင်ကာ တစ်ပတ်လျှင် နှစ်ကြိမ်ပျံသန်းပြေးဆွဲရန် လျာထားခဲ့ခြင်းဖြစ်သည်။

 “ရန်ကုန်-ချင်းမိုင်ခရီးစဉ်က ကိုဗစ်မတိုင်ခင်က ပြေးဆွဲခဲ့ပြီးပါပြီ။ ကိုဗစ်ဖြစ်လို့ ရပ်လိုက်တာပေါ့။ ခုကနောက်တစ်ခေါက် ပြန်ဆွဲတာမို့ Relaunching ပေ့ါ။ ဒီဇင်ဘာ ၉ ရက်မှစဆွဲမယ်။ တစ်ပတ်နှစ်ခေါက်ပေါ့။ သောကြာတစ်ခေါက်၊ တနင်္ဂနွေတစ်ခေါက်၊ ခရီးသည်ရရှိမှုအပေါ်မူတည်ပြီး အကြိမ်ရေထပ်တိုးဖို့ရှိပါတယ်။ ခုလောလောဆယ်တော့ လေယာဉ်လက်မှတ်စျေးနှုန်းက အသွားအပြန်ကို ဒေါ်လာ ၁၆၀ ပေါ့။ စျေးနှုန်းကတော့ အနည်းငယ်အပြောင်းလဲရှိနိုင်ပါတယ်။ ခုလက်ရှိ ရောင်းပြီးတာက လက်မှတ်အစောင် ၁၀၀ ရောင်းထားပြီးပါပြီ။ ခု လောလောဆယ်တော့ ATR လေယာဉ်နဲ့ စပြီးဆွဲတာပေါ့။ နောက်ပိုင်းခရီးသည်ရရှိမှုပေါ်မူတည်ပြီး ဘိုးရင်းနဲ့ ပြေးဆွဲသွားဖို့ရှိပါတယ် ဟု မြန်မာအမျိုးသားလေကြောင်းလိုင်းမှ စီးပွားရေးဌာနမှူးချုပ် ဦးနိုင်စောလွင်က ပြောကြားသည်။

ဒီဇင်ဘာလ ခရီးသွားရာသီတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ အလည်သွားရောက်မည့် ခရီးသည်များအတွက် တစ်ပတ်လျှင် နှစ်ကြိမ် သောကြာနေ့နှင့် တနင်္ဂနွေနေ့များတွင်ပျံသန်းသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက နှစ်သစ်ကူးအကြိုအထူးစျေးနှုန်းအနေဖြင့် ရန်ကုန်-ဘန်ကောက်ခရီးစဉ် အသွားတစ်ကြောင်းစာအား Full Service အနေဖြင့် အမေရိကန်ဒေါ်လာ ၄၀ မှစတင်ရောင်းချပေးနေကြောင်း သတင်းရရှိသည်။

အဆိုပါရန်ကုန်-ဘန်ကောက်ခရီးစဉ်အား အသွားအပြန် round trip အား အမေရိကန်ဒေါ်လာ ၇၄ ဒေါ်လာဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

“မြန်မာနိုင်ငံသား ခရီးသည်တွေအသွားများတဲ့ ဘန်ကောက်ခရီးစဉ်ကို နှစ်သစ်ကူးအကြိုအထူးစျေးနှုန်းအနေနဲ့ ပျံသန်းပေးတာ ဖြစ်ပါတယ်”ဟု မြန်မာအမျိုးသားလေကြောင်းလိုင်းက တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်မြို့မှကော့သောင်းနှင့် လားရှိုးမြို့များသို့ လေကြောင်းခရီးစဉ်များ ပျံသန်းနေပြီး ခရီးစဉ်ရှိသော နေ့ရက်နှင့်အချိန်ကို www.flymna.com တွင် အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက ယခုနှစ်ဗုဒ္ဓဂါယာဘုရားဖူးရာသီအတွက် ပထမဆုံးခရီးစဉ်ဖြစ်သည့် ရန်ကုန်- ဂါယာ-ရန်ကုန်ခရီးစဉ်အား စတင်ပျံသန်းခဲ့သည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းသည် ယခုနှစ်အတွက်ပထမဆုံး ရန်ကုန်-ဂါယာ-ရန်ကုန်ခရီးစဉ်အား ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၄ရက်နေ့တွင် စတင်ပျံသန်းခဲ့ခြင်းဖြစ်ပြီး ခရီးသည်ရရှိမှုအပေါ် မူတည်၍ အပတ်စဉ် ရန်ကုန်-ဂါယာ-ရန်ကုန်ခရီးစဉ်အား ပျံသန်းသွားမည်ဟု သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းနှင့် King Power တို့ပူးပေါင်း၍ မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ခရီးသည်များအား ထိုင်းနိုင်ငံရှိ King Power ဆိုင်များတွင် MNA International Boarding Pass ပြသရုံဖြင့် သတ်မှတ်ထားသောပစ္စည်းများအနက်မှ ပထမဆုံးဝယ်ယူမည့်တစ်ခုအတွက် ၁၅ရာခိုင်နှုန်း လျှော့စျေးရရှိနိုင်ရန် စီစဉ်ထားပြီး Promotion ကာလကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ပြုလုပ်ပေးထားကြောင်း သိရသည်။

Most Read