အထူးစီးပွားရေးဇုန်အလိုက် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ တိုးတက်မှုရှိစေရေး သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေးဇုန်များမှတာဝန်ရှိသူများနှင့် ဆွေးနွေး

အထူးစီးပွားရေးဇုန်အလိုက် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ တိုးတက်မှုရှိစေရေး သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေးဇုန်များမှတာဝန်ရှိသူများနှင့် ဆွေးနွေး
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ (၄/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးကို တွေ့ရစဉ်(ဓာတ်ပုံ-စီးပွား/ကူးသန်း)
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ (၄/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးကို တွေ့ရစဉ်(ဓာတ်ပုံ-စီးပွား/ကူးသန်း)
Published 8 December 2022

အထူးစီးပွားရေးဇုန်အလိုက် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ တိုးတက်မှုရှိစေရေး သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေးဇုန်များမှတာဝန်ရှိသူများနှင့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၊ ဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးတို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ(၂)၌ ကျင်းပပြုလုပ်ခဲ့ သော မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ (၄/၂၀၂၂) ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြန်မာ အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဦးအောင်နိုင်ဦး တက်ရောက် အမှာစကားပြောကြားခဲ့သည်။

ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌက အထူးစီးပွားရေးဇုန်အလိုက် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ ပိုမိုတိုးတက်မှုရှိစေရေး၊ ဗဟိုအဖွဲ့၏ လမ်းညွှန်ချက်များအား လိုက်နာအကောင်အထည်ဖော်ရေးနှင့် လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် အထူးစီးပွားရေးဇုန်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရေး၊ အထူးစီးပွားရေးဇုန်များ အောင်မြင်စွာဆောင်ရွက်နိုင်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီများမှ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များကို ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြန်မာအထူးစီးပွားရေး ဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ဝင် ဒုတိယဝန် ကြီးများ၊ အထူးစီးပွားရေးဇုန်များ၏ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက လုပ်ငန်းဆိုင်ရာများကို  ၀ိုင်းဝန်းဆွေးနွေးခဲ့ကြပြီး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။

အဆိုပါအစည်းအဝေးသို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၊ ဒုတိယဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာအသီးသီးမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် သီလဝါအထူးစီးပွားရေးဇုန်အား ရန်ကုန်တိုင်းဒေသကြီးအတွင်း အကောင်အထည်ခဲ့ခြင်းဖြစ်သည်။ ကျောက် ဖြူအထူးစီးပွားရေးဇုန်အား ရခိုင်ပြည်နယ်တွင် အကောင်အထည်ဖော်မည်ဖြစ်ပြီးထား ဝယ်အထူးစီးပွားရေးဇုန်အား တနင်္သာရီတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်မည် ဖြစ်သည်။

Most Read

Most Recent