မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ချင်းမိုင်ခရီးစဉ်အား ဒီဇင်ဘာ ၉ ရက်မှစ၍ တစ်ပတ်နှစ်ကြိမ် သောကြာနှင့် တနင်္ဂနွေနေ့များတွင် ပျံသန်းမည်ဖြစ်ပြီး ခရီးသည်ရရှိမှုပေါ်မူတည်၍ အကြိမ်ရေတိုးမြှင့်ပျံသန်းသွားမည်

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ချင်းမိုင်ခရီးစဉ်အား ဒီဇင်ဘာ ၉ ရက်မှစ၍ တစ်ပတ်နှစ်ကြိမ် သောကြာနှင့် တနင်္ဂနွေနေ့များတွင် ပျံသန်းမည်ဖြစ်ပြီး ခရီးသည်ရရှိမှုပေါ်မူတည်၍ အကြိမ်ရေတိုးမြှင့်ပျံသန်းသွားမည်
ရန်ကုန်-ချင်းမိုင်ခရီးစဉ် စတင်ပျံသန်းခြင်း မိတ်ဆက်အခမ်းအနားကို တွေ့ရစဉ်
ရန်ကုန်-ချင်းမိုင်ခရီးစဉ် စတင်ပျံသန်းခြင်း မိတ်ဆက်အခမ်းအနားကို တွေ့ရစဉ်
Published 6 December 2022

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ချင်းမိုင်ခရီးစဉ်အား ဒီဇင်ဘာ ၉ ရက်မှစ၍ တစ်ပတ်နှစ်ကြိမ် သောကြာနှင့် တနင်္ဂနွေနေ့များတွင် ပျံသန်းမည်ဖြစ်ပြီး ခရီးသည်ရရှိမှုပေါ်မူတည်၍ အကြိမ်ရေ တိုးမြှင့်ပျံသန်းသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၅ ရက်က ပြုလုပ်ခဲ့သည့် ခရီးစဉ်စတင်ပျံသန်းခြင်း မိတ်ဆက်အခမ်းအနားမှ သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ချင်းမိုင်ခရီးစဉ်ကို ဒီဇင်ဘာ ၉ ရက်မှစတင်ကာ တစ်ပတ်လျှင် နှစ်ကြိမ်ပျံသန်းမည်သည်။

“ရန်ကုန်-ချင်းမိုင်ခရီးစဉ်က ကိုဗစ်မတိုင်ခင်က ပြေးဆွဲခဲ့ပြီးပါပြီ။ ကိုဗစ်ဖြစ်လို့ ရပ်လိုက်တာပေါ့။ ခုကနောက်တစ်ခေါက် ပြန်ဆွဲတာမို့ Relaunching ပေ့ါ။ ဒီဇင်ဘာ ၉ ရက်မှစဆွဲမယ်။ တစ်ပတ်နှစ်ခေါက်ပေါ့။ သောကြာတစ်ခေါက်၊ တနင်္ဂနွေတစ်ခေါက်၊ ခရီးသည်ရရှိမှုအပေါ်မူတည်ပြီး အကြိမ်ရေထပ်တိုးဖို့ရှိပါတယ်။ ခုလောလောဆယ်တော့ လေယာဉ်လက်မှတ်စျေးနှုန်းက အသွားအပြန်ကို ဒေါ်လာ ၁၆၀ ပေါ့။ စျေးနှုန်းကတော့ အနည်းငယ်အပြောင်းလဲရှိနိုင်ပါတယ်။ ခုလက်ရှိ ရောင်းပြီးတာက လက်မှတ်အစောင် ၁၀၀ ရောင်းထားပြီးပါပြီ။ ခု လောလောဆယ်တော့ ATR လေယာဉ်နဲ့ စပြီးဆွဲတာပေါ့။ နောက်ပိုင်းခရီးသည်ရရှိမှုပေါ်မူတည်ပြီး ဘိုးရင်းနဲ့ ပြေးဆွဲသွားဖို့ရှိပါတယ်” ဟု မြန်မာအမျိုးသားလေကြောင်းလိုင်းမှ စီးပွားရေးဌာနမှူးချုပ် ဦးနိုင်စောလွင်က ပြောကြားသည်။

ဒီဇင်ဘာလ ခရီးသွားရာသီတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ အလည်သွားရောက်မည့် ခရီးသည်များအတွက် တစ်ပတ်လျှင် နှစ်ကြိမ် သောကြာနေ့နှင့် တနင်္ဂနွေနေ့များတွင်ပျံသန်းသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက နှစ်သစ်ကူးအကြိုအထူးစျေးနှုန်းအနေဖြင့် ရန်ကုန်-ဘန်ကောက်ခရီးစဉ် အသွားတစ်ကြောင်းစာအား Full Service အနေဖြင့် အမေရိကန်ဒေါ်လာ ၄၀ မှစတင်ရောင်းချပေးနေကြောင်း သတင်းရရှိသည်။

အဆိုပါရန်ကုန်-ဘန်ကောက်ခရီးစဉ်အား အသွားအပြန် round trip အား အမေရိကန်ဒေါ်လာ ၇၄ ဒေါ်လာဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

Most Read

Most Recent