မြန်မာအမျိုးသားလေကြောင်းလိုင်း၏ လေယာဉ်လက်မှတ်များကို Social Media များပေါ်တွင် Page အတုများပြုလုပ်၍ လိမ်လည်မှုများရှိနေရာ ခရီးသည်များအနေဖြင့် ငွေမပေးချေမီ MNA Website ၌ စစ်ဆေးကြည့်ရှုရန် အသိပေးချက်ထုတ်ပြန်

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ လေယာဉ်လက်မှတ်များကို Social Media များပေါ်တွင် Page အတုများပြုလုပ်၍ လိမ်လည်မှုများရှိနေရာ ခရီးသည်များအနေဖြင့် ငွေမပေးချေမီ MNA Website ၌ စစ်ဆေးကြည့်ရှုရန် အသိပေးချက်ထုတ်ပြန်
Published 24 November 2022

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ လေယာဉ်လက်မှတ်များအား Social Media များပေါ်တွင် Page အတုများပြုလုပ်၍ လိမ်လည်မှုများပြုလုပ်နေ၍ ခရီးသည်များအနေဖြင့် ငွေမပေးချေမှီ MNA Website တွင်စစ်ဆေးကြည့်ရှုရန် အသိပေးချက် ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ လေယာဉ်လက်မှတ်များအား Social Media များပေါ်တွင် Page အတုများ ပြုလုပ်၍ လိမ် လည်ရောင်းချလျက်ရှိကြောင်း သိရသည်။

ခရီးသည်များအနေဖြင့် ထိုသို့လိမ်လည်မှုများအား ရှောင်ရှားနိုင်ရန် မိမိဘိုကင်ပြုလုပ်ထားသော လက်မှတ်များအား ငွေမပေးချေ မီ www.flymna.com သို့ Mobile Application ၏ Find Booking နေရာတွင် မိမိ Last Nameနှင့် လက်မှတ်၏ အပေါ်ညာ ဖက်ထောင့် အက္ခရာ ၆ လုံးပါရှိသော Booking Reference သို့ အမှတ်စဉ် ၆၆ ဖြင့် စတင်သော Ticket Number ထည့်သွင်း၍ စစ်ဆေးကြည့်ရှုနိုင်မည်ကြောင်း သတင်းရရှိသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ဘန်ကောက်-ရန်ကုန် အသွားအပြန် ခရီးစဉ်လက်မှတ်အား နှစ်သစ်ကူး အကြို အထူးစျေးနှုန်းအနေဖြင့် အမေရိကန်ဒေါ်လာ ၇၄ မှစတင်ရောင်းချပေးသွားမည် ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်း၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။   

အထူးစျေးနှုန်းဖြင့် စတင်ရောင်းချပေးမှုကို နိုဝင်ဘာ ၁၅ ရက်နေ့မှစတင် ရောင်းချပေးနေခြင်းဖြစ်ပြီး 7 kg Hand Carry နှင့် Meal အပါအဝင်ဖြစ်ကာ နေ့စဉ်ပျံသန်းသွားမည်ဖြစ်သည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်မြို့မှ ကော့သောင်းနှင့် လားရှိုးမြို့များသို့ လေကြောင်းခရီးစဉ်များ ပျံသန်းနေပြီး ခရီးစဉ်ရှိသော နေ့ရက်နှင့် အချိန်ကို www.flymna.com တွင် အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းအနေဖြင့် ရန်ကုန်-ကော့သောင်း ခရီးစဉ် တစ်ကြောင်းစာအား မြန်မာကျပ် ၁၈၅၀၀၀၊ ရန်ကုန်-လားရှိုး ခရီးစဉ်တစ်ကြောင်းစာအား မြန်မာကျပ် ၁၈၀၀၀၀ ဖြင့် ရောင်းချပေးနေကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက ယခုနှစ် ဗုဒ္ဓဂါယာဘုရားဖူးရာသီအတွက် ပထမဆုံးခရီးစဉ်ဖြစ်သည့် ရန်ကုန်- ဂါယာ-ရန်ကုန်ခရီးစဉ်အား စတင်ပျံသန်းခဲ့သည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းသည် ယခုနှစ်အတွက်ပထမဆုံး ရန်ကုန်-ဂါယာ-ရန်ကုန်ခရီးစဉ်အား ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၄ရက်နေ့တွင် စတင်ပျံသန်းခဲ့ခြင်းဖြစ်ပြီး ခရီးသည်ရရှိမှုအပေါ် မူတည်၍ အပတ်စဉ် ရန်ကုန်-ဂါယာ-ရန်ကုန်ခရီးစဉ်အား ပျံသန်းသွားမည်ဟု သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ လေကြောင်းခရီးစဉ်များ နေ့စဉ်ပျံသန်းနေပြီး ဘန်ကောက်-ရန်ကုန်အသွားအပြန်ခရီးစဉ်အား ၁၃၅ ဒေါ်လာဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းနှင့် King Power တို့ပူးပေါင်း၍ မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ခရီးသည်များအား ထိုင်းနိုင်ငံရှိ King Power ဆိုင်များတွင် MNA International Boarding Pass ပြသရုံဖြင့် သတ်မှတ်ထားသောပစ္စည်းများအနက်မှ ပထမဆုံးဝယ်ယူမည့်တစ်ခုအတွက် ၁၅ရာခိုင်နှုန်း လျှော့စျေးရရှိနိုင်ရန် စီစဉ်ထားပြီး Promotion ကာလကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ပြုလုပ်ပေးထားကြောင်း သိရသည်။

၁၅ ရာခိုင်နှုန်း လျှော့စျေးရရှိနိုင်မည့် King Power ဆိုင်များမှာ King Power Suvarnabhumi၊ Don Mueang၊ Chiang Mai၊ Phuket၊ U-Tapa Airports King Power Rangnam၊ Srivaree၊ Pattaya and Phuket ဆိုင်များဖြစ်ကြောင်း သိရသည်။

လေယာဉ်စင်းလုံးငှားခရီးစဉ်နှင့် ပတ်သက်သော အချက်အလက်များကို [email protected] သို့ email ပေးပို့၍ အသေး စိတ်မေးမြန်းနိုင်ကြောင်း သိရသည်။

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) ၏ပြည်တွင်း ခရီးစဉ်များတွင် Mobile Application မှတစ်ဆင့် Online Check-in ပြုလုပ်ပြီး E-Boarding Pass ထုတ်ယူနိုင်မည်ဖြစ်ကြောင်းသိရသည်။

 

Most Read

Most Recent