ဘောလုံးနဲ့ နိုင်ငံရေးဟာ ခပ်ဝေးဝေးနယ်မြေနှစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံတော့လည်း နယ်မြေချင်းထိစပ်မှုလေးတွေလည်း ရှိတတ်ပါတယ်။ တချို့ဘောလုံးသမားဟောင်းတွေဟာ နိုင်ငံရေးနယ်ပယ်ထဲ ရောက်သွားကြတယ်။ အထင်ရှားဆုံးဆိုရင် လိုက်ဘေးရီးယားသမ္မတဖြစ်သွားတဲ့ ဂျော့ချ်ဝီယာပေါ့။ ဒါပေမဲ့ တခြားထင်ရှားသူတွေလည်း ရှိပါသေးတယ်။ ပြင်သစ်ဂန္ထဝင်ဟောင်း လီလီယန်သူရမ်ဆိုလည်း ပြင်သစ်နိုင်ငံရေးလောကထဲမှာပဲ။ ဘရာဇီးလ်မှာလည်း နိုင်ငံရေးသမားဖြစ်လာတဲ့ ဘောလုံးသမားဟောင်းတွေ အများကြီးရှိပါတယ်။ ဒရော့ဘာကျတော့ အိုင်ဗရီကို့စ်ရဲ့ ဂန္ထဝင်တစ်ဦးဖြစ်သည့်တိုင် အိုင်ဗရီကို့စ် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရာထူးအတွက် ဝင်အရွေးခံတော့ နိုင်ငံရေးနယ်ပယ်ကနေ ဝိုင်းပြီးတွန်းထုတ်တာကို ခံရတယ်။ ရွေးကောက်ပွဲ ဝင်ခွင့်မပေးဘူး။ နောက်ဆုံး ဖီဖာကတောင် အိုင်ဗရီကို့စ်ဘောလုံး အဖွဲ့ချုပ်ရွေးကောက်ပွဲကိစ္စကို ဝင်ပြီးညှိနှိုင်းပေးရတဲ့ အဆင့်ရောက်တယ်။ ဒရော့ဘာရဲ့ ပုံရိပ်၊ နာမည်နဲ့ဆိုရင် အစိုးရနောက်ခံနဲ့ လူကြီးဖြစ်နေပြီး ကာလရှည်အုပ်စိုးထားသူတွေဟာ လွင့်ထွက်ကုန်လိမ့်မယ်။ ဒီအခါ သူတို့ဟာ ဒရော့ဘာကို ဥက္ကဋ္ဌဖြစ်ခွင့်မရအောင် ကြံဖန်ပြီးကြိုးစားကြခြင်းဖြစ်တယ်။ ဥက္ကဋ္ဌရွေးကောက်ပွဲစည်းမျဉ်းတွေက ရယ်စရာလည်းကောင်းသလို စိတ်ပျက်စရာလည်းကောင်းတယ်။ ကမ္ဘာကြီးရဲ့ အခြား ဘယ်နေရာမှာမှမရှိနိုင်တဲ့ စည်းမျဉ်းတွေဖြစ်နေတဲ့အခါ ဖီဖာက ဝင်ပါခဲ့ရခြင်းလည်းဖြစ်တယ်။
အားကစားက လူသားဆန်နေရင် သူတို့အတွက် ပြဿနာ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















