ငြိမ်းချမ်းရေးနှင့်စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဒီဇင်ဘာလအတွင်း သဘောတူညီမှုတစ်ခုရရှိနိုင်မည်ဟု မျှော်လင့်ကြောင်းနှင့် ရွေးကောက်ပွဲကို သတ်မှတ်ကာလအတွင်း ဆောင်ရွက်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း နစကဥက္ကဋ္ဌ ပြောကြား

ငြိမ်းချမ်းရေးနှင့်စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဒီဇင်ဘာလအတွင်း သဘောတူညီမှုတစ်ခုရရှိနိုင်မည်ဟု မျှော်လင့်ကြောင်းနှင့် ရွေးကောက်ပွဲကို သတ်မှတ်ကာလအတွင်း ဆောင်ရွက်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း နစကဥက္ကဋ္ဌ ပြောကြား
Published 12 November 2022

ငြိမ်းချမ်းရေးနှင့်စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဒီဇင်ဘာ လအတွင်း သဘောတူညီမှုတစ်ခုရရှိ နိုင် မည်ဟုမျှော်လင့်ကြောင်းနှင့် ရွေးကောက် ပွဲကို သတ်မှတ်ကာလအတွင်း ဆောင်ရွက်နိုင် ရေးကြိုးပမ်းလျက်ရှိကြောင်း  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန် ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

နိုဝင်ဘာ ၁၁ ရက်ကပြုလုပ်သည့် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၉/၂၀၂၂)သို့တက်ရောက်အမှာစကားပြော ကြားရာတွင် နစကဥက္ကဋ္ဌက ထိုသို့ထည့်သွင်း ပြောကြားခြင်းဖြစ်သည်။

ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များနှင့် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၁၀ ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ဃြဗ  လက်မှတ် ရေးထိုး ထားသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ ပါဝင်သကဲ့သို့လက်မှတ်ရေးထိုး ထားခြင်းမရှိသေးသည့် အဖွဲ့များလည်း ပါဝင် ကြောင်း၊ လာရောက်ဆွေးနွေးသည့်အဖွဲ့များ အားလုံးအနေဖြင့် ငြိမ်းချမ်းရေးလမ်း ကြောင်းပေါ်တွင် လျှောက်လှမ်းလိုသည့် သ ဘောထားများ ရှိသည်ကိုတွေ့ရကြောင်း၊ မိမိ တို့အနေဖြင့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀ဝ၈ ခုနှစ်)နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ပေါ်တွင်အခြေခံ၍ဆွေးနွေးနေခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ၎င်းတို့နှင့်ဆွေး နွေး ချိန်အတွင်း ဥပဒေအရဆောင်ရွက်၍ ရ သည် များကို ရှင်းလင်းပြောကြားခဲ့ကြောင်း၊ ထို သို့ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံရေး အရ အမြင့်ဆုံးရှိသည့် လွှတ်တော်ကိုတင်ပြရ မည်ဖြစ်ကြောင်း၊ လွှတ်တော်တွင် ဆွေးနွေး နိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းရင်းသားကိုယ်စားလှယ်များ ပါဝင်ရန်လိုအပ်သဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး နှင့် ပြည်နယ်များအားလုံးတွင် ရွေးကောက်ပွဲများ ကျင်းပနိုင်ရန်လိုကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

ထို့ပြင် လွှတ်တော်တွင် တိုင်းရင်းသားကိုယ်စားလှယ်များ ပါဝင်ရမည်ဖြစ်ပြီး အဆိုပါကိုယ်စား လှယ်များအနေဖြင့်  တိုင်းရင်းသားအရေး၊ ဒေသအရေးများကို စိတ်ပါဝင်စား၍ ဆွေးနွေးနိုင်သူများဖြစ်ရန်လိုအပ်ကြောင်း၊ တိုင်းရင်းသားများပါဝင်နိုင်ရေး ဏျွ စနစ်ဖြင့် ဆောင်ရွက်နိုင်သည်ကို မိမိအနေဖြင့် ရှင်းလင်းပြောကြားခဲ့ရာ အချို့အဖွဲ့များ အနေဖြင့် သဘောတူညီမှုများရှိကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ဆက်လက်ဆွေးနွေး လျက်ရှိကြောင်း၊ ဒီဇင်ဘာလအတွင်း သဘောတူ ညီချက်တစ်ခု ရရှိနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်ပတ်သက်၍ ထိုက်သင့် သလောက် တိုးတက်မှုများရှိသည်ကိုတွေ့ရှိရကြောင်း နစကဥက္ကဋ္ဌ ပြောကြားသည်။        

ထို့အတူ အချို့သော တိုင်းရင်းသား ဒေသများတွင် သန်းခေါင်စာရင်းကောက်ယူခြင်းနှင့် နိုင်ငံသားမှတ်ပုံတင်ပြုလုပ်ခြင်း များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် မဲစာရင်းပြုစုခြင်း လုပ်ငန်းများကို အထောက်အကူဖြစ်စေပြီး လာမည့်အထွေထွေရွေးကောက်ပွဲတွင် ယခင်ရွေးကောက်ပွဲများ၌ ကျန်ရှိခဲ့သည့် တိုင်းရင်းသား ဒေသများ၌ပါ ရွေးကောက်ပွဲ ကျင်းပနိုင်မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပနိုင်ရေးနှင့်ပတ်သက်ပြီး ရှေ့လုပ်ငန်းစဉ် ၅ ရပ်နောက်ဆုံး အချက်၌ အရေးပေါ်ကာလဆိုင်ရာပြဋ္ဌဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀ဝ၈)ခုနှစ် နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေးဆက်လက်ဆောင် ရွက်သွားမည် ဟု ပါဝင်ပြီးဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို သတ်မှတ်ထားသည့် အချိန် ကာလအတွင်းဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြီးခဲ့သည့် ရွေးကောက်ပွဲ ၃ ကြိမ်၌ ပထမအကြိမ်ရွေးကောက်ပွဲတွင် မြို့နယ် ၃၂၅ မြို့နယ်၊ ဒုတိယ အကြိမ်တွင် ၃၂၃ မြို့နယ်၊ တတိယအကြိမ်တွင် ၃၁၅ မြိုနယ်တို့တွင် ကျင်းပခဲ့ ကြောင်း နစကဥက္ကဋ္ဌဆိုသည်။

အလားတူ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပရာတွင် လွတ်လပ်ပြီး တရား မျှတသည့် ရွေးကောက်ပွဲဖြစ်ရန်လိုကြောင်း၊ ထို့ကြောင့် နယ်မြေများအားလုံးတွင် မှန်ကန်သည့် ရွေးကောက်ပွဲ၊ ပြည်သူအများစုက လက်ခံသည့်ရွေးကောက်ပွဲဖြစ်မှသာ နောင်တက်လာမည့် အစိုးရကလုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက် နိုင်မည်ဖြစ် ကြောင်း၊ မိမိတို့အနေဖြင့် ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေးအတွက် တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲဝင်ရောက်ရန်အတွက် ပါတီများ စနစ်တကျဖွဲ့နိုင်ရန်လိုကြောင်း၊ ထို့ကြောင့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေး လျက်ရှိကြောင်း၊ ပါတီများအနေဖြင့် ပြည်သူများကအားကိုးရသည့် ပါတီ၊ ရွေးချယ်ခံ ရသည့် ပါတီကိုယ်စားလှယ်သည်လည်း ပြည်သူကအမှန်ယုံကြည်စိတ်ချစွာဖြင့် ရွေးချယ်သည့် လွှတ်တော်အမတ်များဖြစ်ရန်လိုကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲကို ဏျွ စနစ်ဖြင့် ကျင်းပနိုင်ရေးရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း  နစကဥက္ကဋ္ဌက ပြောကြားသည်။

 

Most Read

Most Recent