လာမည့်နှစ်ရက်အတွင်း ရှမ်းပြည်နယ် တွင် ညအပူချိန်များ အနည်းငယ်လျော့နည်း နိုင်ကြောင်း နိုဝင်ဘာ ၃ ရက်တွင် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန် ချက်အရ သိရသည်။
ထုတ်ပြန်ချက်အရ လာမည့်နှစ်ရက်အ တွင်း ရှမ်းပြည်နယ်တွင် ညအပူချိန်များ အ နည်းငယ်လျော့နည်းနိုင်ကြောင်း သိရသည်။
ထူးခြားသည့်အခြေအနေဖြင့် တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်း ကမ်းခြေအနီးတွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းငယ်သည် တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်း ကမ်း ခြေကို ဖြတ်ကျော် ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါအပူပိုင်းမုန်တိုင်းငယ်သည် အနောက် -အနောက်တောင်ဘက်သို့ ဆက်လက်ရွေ့ လျားပြီး တဖြည်းဖြည်းအားလျော့သွားမည်ဟု ခန့်မှန်းရကြောင်း သိရသည်။
ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အနောက် အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ် ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ် အနည်းငယ် ဖြစ်ထွန်းနေခြင်းကြောင့် ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာ ဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင် ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည် ဖြစ်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်ကြောင်း၊ ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အ သင့်အတင့် ဖြစ်ထွန်းမည်ဖြစ်သည်။
မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်း ငယ်မှ လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ပြီး လှိုင်း အမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် သုံးပေမမှ ခြောက်ပေခန့်ရှိနိုင်ကြောင်း သိရသည်။
လွန်ခဲ့သော ၂၄ နာရီအတွင်းကလည်း ရန်ကုန်တိုင်းဒေသကြီးတွင် နေရာကျဲကျဲနှင့် ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ် ချုန်းရွာခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည် နယ်တို့တွင်တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ ကြောင်း၊ ညအပူချိန်များမှာ ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် ချင်းပြည်နယ်တို့တွင် နိုဝင် ဘာလ၏ပျမ်းမျှအပူချိန်တို့အောက် ခြောက် ဒီဂရီစင်တီဂရိတ်၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) နှင့် ကယားပြည် နယ်တို့တွင် နိုဝင်ဘာလ၏ပျမ်းမျှအပူချိန်တို့ အောက် သုံးဒီဂရီစင်တီဂရိတ်မှ လေးဒီဂရီစင် တီဂရိတ်အထိနှင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တို့တွင် နိုဝင်ဘာ လ၏ပျမ်းမျှအပူချိန်တို့အောက် နှစ်ဒီဂရီစင် တီဂရိတ်လျော့နည်းခဲ့ပြီး ကျန်တိုင်းဒေသကြီး နှင့် ပြည်နယ်တို့တွင် နိုဝင်ဘာလ၏ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့ကြောင်း သိရသည်။
ထူးခြားသည့် ညအပူချိန်များမှာ ဟားခါး မြို့တွင် လေးဒီဂရီစင်တီဂရိတ်၊ မိုင်းယန်းမြို့ တွင် ခုနစ်ဒီဂရီစင်တီဂရိတ်၊ ကျောက်မဲမြို့နှင့် ပြင်ဦးလွင်မြို့တို့တွင် ရှစ်ဒီဂရီစင်တီဂရိတ်စီ နှင့် နမ့်စန်မြို့နှင့် မိုးကုတ်မြို့တို့တွင် ကိုးဒီဂရီ စင်တီဂရိတ်စီတို့ ဖြစ်ကြကြောင်း၊ မှတ်သား ဖွယ်ရာ မိုးရေချိန်များမှာ ရန်ကုန် (ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်) နှင့် ဘီးလင်းမြို့တို့တွင် ၁ ဒသမ ၂၆ လက်မစီ၊ ရန်ကုန် (ဗိုလ်တထောင် မြို့နယ်) တွင် ၁ ဒသမ ၂၂ လက်မ၊ ဟိုင်းကြီး ကျွန်းမြို့တွင် သုည ဒသမ ၃၉ လက်မ၊ ရန်ကုန် (မရမ်းကုန်းမြို့နယ်) တွင် သုည ဒသမ ၃၅ လက်မနှင့် ရန်ကုန် (မင်္ဂလာဒုံမြို့နယ်) တွင် သုည ဒသမ ၃၂ လက်မတို့ဖြစ်ကြကြောင်း မိုးဇလမှ သိရသည်။















