၂၀19 ခုနှစ် ဒီဇင်ဘာလလယ် ကစလာတဲ့ ကိုဗစ်ဟာ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၅ ရက်အထိ ကမ္ဘာပေါ်မှာ ကိုဗစ် ( COVID-19 )ဖြစ် ပွားသူ ၆၃၀,၇၄၂ ဦး၊ ကိုဗစ် (COVID-19) ရောဂါကြောင့် သေဆုံးသူ ၁၉,၄၇၇ ဦးရှိခဲ့ပြီပဲဖြစ်ပါတယ်။ အိုမီခရွန်က အမြဲတမ်းသန္ဓေပြောင်းနေလို့ လူသားသန်းပေါင်းများစွာဟာ ကိုဗစ်ကိုခုခံဖို့ နောက်ထပ်အကာအကွယ်အဖြစ် မှီခိုအားထားနေတဲ့ တစ်မျိုးတည်း (Monoclonal-antibody) ကုထုံးကျော်လွန်ကာ ခြိမ်းခြောက်ခံနေရပြီး ကိုယ်ခံအားနည်းသူများ ဆောင်းရာသီမှာ ကိုရိုနာ (Corona Virus)ဗိုင်းရပ်ကူးစက်မှုလှိုင်းအသစ်နဲ့ ရင်ဆိုင်ရဖွယ်ရှိနေတယ်လို့ ဆိုပါတယ်။
အိုမီခရွန်ထပ်ဆင့်မျိုးကွဲသစ် ပေါ်ပေါက်လာမှုက အက်စထွာဇီနီကာ (Astrazeneca) ရဲ့ကိုဗစ် (COVID-19) ကာကွယ်ဆေး အီဗာရှီး (Evashield) ရဲ့ကာကွယ်နိုင်စွမ်းသာမက ထိရောက်မှုရှိတဲ့ ကိုဗစ် (COVID-19) ကုထုံးဖြစ်တဲ့ အီလီလီလီ (Elililly) ရဲ့ ဘက်ထလို ဘယ်မက် (bebtelovimab) ကုထုံးကိုပါ ရှောင်လွှဲနိုင်တယ်လို့ စစ်တမ်းက ဆိုပါတယ်။ “သည်အချက်ကခြောက်လှန့် နေပါတယ်”လို့ မီနီယာပိုလစ်ဒေသခံ မီမီရာဇင်ဖစ်ဆိုင်မွန်းက ပြောကြားခဲ့ပါတယ်။ သူ့ရဲ့သမီးဖြစ်သူဟာ အသက် ၂၃ နှစ်ရှိသူ လော်ရာဖြစ်ပြီး ကိုယ်ခံအားနည်းတဲ့အခြေအနေကြောင့်ဖြစ်ပေါ်တဲ့ ရောဂါကို ခံစားနေရတဲ့အတွက် ကျောက်ကပ် အသစ်တစ်ခုကိုလိုအပ်နေသူပဲဖြစ်ပါတယ်။
ဆရာဝန်များက လော်ရာကို ကိုဗစ် (COVID-19) ကူးစက်မခံရစေဖို့ သတိပေးထားပါတယ်။ ကိုဗစ်ဟာ ကိုယ်ခံအားနည်းခြင်းကြောင့်ဖြစ်တဲ့ ရောဂါအခြေအနေကို ပိုဆိုးလာစေနိုင်ပြီး ဆိုးရွားတဲ့ ကျောက်ကပ်ပျက်စီးမှုကိုဖြစ်စေနိုင်တယ်ဆိုပါတယ်။
လက်ရှိမှာ အိတ်ဘ်ဘီဘီ (XBB) ခေါ်နောက်ထပ် ထပ်ဆင့် မျိုးကွဲနဲ့ပတ်သက်လို့ စိုးရိမ်မှု မြင့်တက်နေပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (ျွှံဥ) ရဲ့အောက်တိုဘာ 19 ရက်ထုတ်ပြန်ချက်အရ ပဋိပစ္စည်းကို အရှောင်တိမ်းနိုင်ဆုံး ဗိုင်းရပ်ရဲ့မျိုး ကွဲ (XBB) ကိုနိုင်ငံပေါင်း ၂၆ နိုင်ငံမှာ တွေ့ရှိခဲ့တယ်ဆိုပါတယ်။ ပြည်ပ နိုင်ငံက ထိုင်းနိုင်ငံကို ရောက်လာခဲ့ သူ နှစ်ဦးမှာ (XBB) မျိုးကွဲကူးစက် ခံထားရကြောင်း စစ်ဆေးတွေ့ရှိ ထားကြောင်း ဆေးဘက်ဆိုင်ရာ သိပ္ပံဌာနက ဆိုပါတယ်။ (XBB) ဟာ ထိုင်းနိုင်ငံမှာ ကူးစက်ပျံ့နှံ့နေတဲ့ မျိုးကွဲတွေမှာ အပါအဝင်ဖြစ်တယ် လို့ ဆရာဝန်များ ကပြောကြားခဲ့ပါ တယ်။
တရုတ်နိုင်ငံမှာလည်း ကိုဗစ် ကူးစက်သူ လေးဆတိုးလာပြီးနောက် မြို့တော်ပေကျင်းမှာ ဗိုင်းရပ်ထိန်းချုပ်ရေးအစီအမံများကိုပိုမိုတင်းကျပ်စွာ လုပ်ဆောင်လျက်ရှိကာ လူထုကိုဆေးစစ်ခြင်းနှင့် အိမ်ရာ အဆောက်အအုံဝင်းအချို့ လော့ ဒေါင်း (Lockdown) ချခြင်းတို့ လုပ်ဆောင်လျက်ရှိပါတယ်။ တရုတ်မှာတွေ့ရှိရတဲ့ ကိုရိုနာဗိုင်းရပ်ဟာ အခြားနိုင်ငံများနဲ့ ယှဉ်ရင်နည်းပါးနေပေမဲ့ အစိုးရရဲ့ ကိုဗစ်ကင်းစင်ရေး မူဝါဒအရ ရောဂါတားဆီးကာကွယ်ရေးအစီအမံများက တိုးမြှင့်ဆောင်ရွက်လျက်ရှိပါတယ်။
လူထုရဲ့မကျေနပ်မှုများ မြင့်တက်ကာ စီးပွားရေးအပေါ်ထိခိုက်မှုများဖြစ်ပေါ်နေတဲ့တိုင် ကိုဗစ်ကင်းစင်ရေးမူဝါဒကို ဆက်လက်ကျင့်သုံးသွားမယ်လို့ အာဏာပိုင်တို့က ဆိုပါတယ်။
ကိုဗစ်ရဲ့ အိုမီခရွန်မျိုးကွဲသစ်များဟာ အမေရိကန်မှာ ကူးစက်ဖြစ်ပွားနေကာ ဘီအေဖိုက် (BA.5) နဲ့ ဆက်စပ်မှုရှိနေတဲ့ မျိုးကွဲသစ်တွေ ဖြစ်တာကြောင့် အိုမီခရွန်အထူးကာကွယ်ဆေးတွေကို ထပ်ဆင့်မြှင့်ဆေး (Booster Dose) အဖြစ် ထိုးနှံပေးတာတွေ ဘီကျူဝမ်း (BQ-1)နဲ့ ဘီကျူဝမ်းဝမ်း (BQ1.1)ဆိုတဲ့ အဆိုပါမျိုးကွဲသစ်တွေပါ အကာအကွယ်ပေးထားနိုင်မယ် ယုံကြည်ယူဆထားပါတယ်။ (BQ-1) နဲ့ (BQ1.1) နှစ် မျိုးပေါင်းကူးစက်မှုက အမေရိကန် မှာ ၁၀ ရာခိုင်နှုန်းကျော်သာရှိသေး တယ်လို့ အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) ကဆိုပါတယ်။
ဥရောပမှာ ဆောင်းရာသီကာလ နီးကပ်လာချိန်ကိုဗစ် (COVID- 19) ကူးစက်မှုနဲ့ တုပ်ကွေးကူးစက်မှုများ မြင့်တက်နေတဲ့အတွက် သတိရှိရှိနေထိုင်ကြဖို့ အရေးကြီးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အောက်တိုဘာ ၂၄ ရက်မှာ အလေး အနက် ပြောကြားခဲ့ပြီး ကာကွယ်ဆေး ထိုးနှံမှုခံယူကြဖို့ တိုက်တွန်းထားပါတယ်။
ရုရှားနဲ့ ဗဟိုအာရှနိုင်ငံတွေမှာ ပါဝင်တဲ့ (WHO) ဥရောပဒေသမှာ ပါဝင်တဲ့နိုင်ငံပေါင်း ၅၃ နိုင်ငံဟာ ကိုဗစ် (COVID-19) ကပ်ရောဂါကူးစက်မှုရဲ့ ဗဟိုချက်အဖြစ် တစ်ကျော့ပြန် ရောက်ရှိလာပြီဖြစ်ပြီး ကမ္ဘာတစ်ဝန်း ကိုဗစ် (COVID-19) ရောဂါကူးစက်မှုများအနက် ၆၀ ရာခိုင်နှုန်းနီးပါးဟာ အဆိုပါဒေသမှဖြစ်ကြောင်း ‘ကလုဂ်’က ဆိုပါတယ်။
“ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းဟာ ကိုဗစ် (COVID-19)ရောဂါကို သာမက တုပ်ကွေးရောဂါကိုပါ ထိထိရောက်ရောက် အတိုက်ဖျက်နိုင်ဆုံးနည်းလမ်းတွေထဲကတစ်ခု အဖြစ်ရှိနေဆဲဖြစ်တယ်”လို့ ကလုဂ် က ဆိုပါတယ်။ အောက်တိုဘာ ၂၄ ရက်က (WHO) ဟာ ပိုလီယိုနေ့ အထိမ်းအမှတ်နေ့ပြုလုပ်ခဲ့ပါတယ်။ ပိုလီယိုရောဂါဟာ ကလေးငယ်များ ကူးစက်တတ်ပြီး အကြောသေခြင်းဖြစ်စေကာ အနောက်ကမ္ဘာမှ အားလုံးနီးပါးအမြစ်ပြတ်ခဲ့ပါပြီ။ ဒါပေမဲ့ ဗြိတိန်၊ ယူကရိန်း၊အစ္စရေးနဲ့အမေရိကန်မှာ သန္ဓေပြောင်းပိုလီယိုဗိုင်းရပ် မျိုးကွဲတစ်မျိုးတွေ့ရှိထား ပါတယ်။ အဆိုပါမျိုးကွဲဟာ မူရင်းဗိုင်းရပ်လောက် ပြင်းထန်မှုမရှိပေမဲ့ ကာကွယ်ဆေးမထိုးနှံရသေး သူတွေမှာ သွက်ချာပါဒလိုပြင်းထန်တဲ့ရောဂါ လက္ခဏာများဖြစ်စေပါတယ်။ ကာကွယ်ဆေးထိုးနှံမှုနှုန်း ကျဆင်းလာတဲ့အတွက်မကြာမီ ကိုဗစ်ဗိုင်းရပ်မျိုး ကွဲကူးစက်မှုများ ပိုမိုတွေ့ရှိထားကြောင်း သိရတယ်။ ဥရောပဒေသ တစ်ခုလုံးအတိုင်းအတာအရ ၂၀၂၁ ခုနှစ်အရောက် ပိုလီယိုကာကွယ်ဆေး ဖြန့်ကြက်ထိုးနှံမှု ၉၅ ရာခိုင် နှုန်းပြည့်မီတဲ့ နိုင်ငံပေါင်း ၂၅ ရာ ခိုင်နှုန်း ရှိပါတယ်။
ကိုဗစ် (COVID-19) ကပ်ရောဂါ လော့ဒေါင်း (Lockdown) ကာလအတွင်း ကလေးအချို့ပြောဆို ဆက်ဆံမှုသမိုင်းမှတ်တိုင်များနဲ့ လွဲချော်ခဲ့ရတယ်ဆိုပါတယ်။ ကိုဗစ်ကာလ လူ့အသိုင်းအဝိုင်းအကြား အပြန်အလှန်ဆက်သွယ်မှုပြတ်တောက်ချိန် မွေးဖွားလာခဲ့ကြတဲ့ကလေးတွေထဲ အရေးကြီးတဲ့ ပြောဆိုဆက်ဆံမှုဆိုင်ရာ သမိုင်းမှတ်တိုင်တွေနဲ့ ကွဲလွဲသူတွေရှိခဲ့တယ်လို့ သုတေသီက ဆိုပါတယ်။ အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့က တော်ဝင်ခွဲစိတ်ပညာ ကောလိပ်ကလေးကျန်းမာရေး သုတေသီဒေါက်တာဆူဆန်ဘန်း ဦးဆောင်တဲ့လေ့လာမှုမှာ အခုလို မျိုးကပ်ရောဂါကာလ လော့ဒေါင်းချမှုတွေမှာ ကလေးငယ်တချို့ရဲ့ပြောဆို ဆက်ဆံမှုပိုင်းဆိုင်ရာ အားနည်းချက်ရှိစေခဲ့တာတွေရှိကြောင်း ရေးသားထားပါတယ်။
၂၀၀၈-၂၀၁၁ ခုနှစ်ကြားမွေးဖွားတဲ့ကလေးငယ် ၁,၆၂၉ ဦးရဲ့ အချက်အလက်တွေနဲ့ကပ်ရောဂါကြောင့် လော့ဒေါင်းချထားတဲ့ ၂၀၂၀ ပြည့်နှစ်မတ်လမှ မေလအတွင်း မွေးဖွားတဲ့ကလေးငယ် ၃၀၉ ဦးရဲ့အချက်အလက်တွေ နှိုင်းယှဉ် လေ့လာခဲ့ကြတာဖြစ်ပါတယ်။ ကလေးတွေရဲ့ဖွံ့ဖြိုးတိုးတက်မှု ရလဒ်တွေပြောဆိုဆက်ဆံမှုဆိုင်ရာ တိုးတက်မှုအခြေအနေတွေမှာ တွေ့ရှိရတဲ့ ကွဲပြားခြားနားချက်တွေ လေ့လာခဲ့ကြတာဖြစ်ပါတယ်။ အဓိပ္ပာယ်ပြည့်စုံတဲ့ စကားလုံးတစ်ခုရွတ်ဆို တုံ့ပြန်နိုင်စွမ်းရှိထားခြင်းကို နှိုင်းယှဉ်လေ့လာခဲ့ရာ ကပ်ရောဂါမတိုင်မီကလေးထဲမှ ၈၉ ရာခိုင်နှုန်းရှိပြီး လော့ဒေါင်းကာလ ကလေးထဲမှာ ၇၇ ရာခိုင်နှုန်းသာရှိကြောင်း တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ကိုဗစ်ကြီးက ကမ္ဘာပေါ်မှာ(၄-၅)နှစ်ကြာနေဦးမှာဆိုတော့ ကိုဗစ် ကာကွယ်ဆေး နှစ်ကြိမ်နဲ့အခါအခွင့်သင့်တိုင်း ထပ်ဆင့်မြှင့်ကာကွယ်ဆေးထိုးနှံဖို့ လိုအပ်တဲ့အပြင် ကိုဗစ်စည်းမျဉ်းများဖြစ်တဲ့နှာခေါင်းစည်း (Surgical Mask) တပ်ဆင်ခြင်း၊ လက်ကိုရေဆပ်ပြာတို့နဲ့စက္ကန့် ၂၀ ကျော်ကြာပွတ်တိုက်ဆေးကြောခြင်း၊ လူတစ်ဦးနဲ့ တစ်ဦး ခြောက်ပေခွာခြင်း၊ လူစုလူဝေးရှောင်ခြင်း၊ လေဝင်လေထွက်ကောင်းအောင်စီစဉ်ခြင်းတို့ လိုက်နာကြဖို့လိုအပ်မှာ ဖြစ်ပါတယ်။
ကိုဗစ်ကာလအတွင်းအီးပညာရေး (e-Education)၊ အီးကျန်းမာရေး(e-health)၊ အီးဂါးဗင့်မင့် (e-government) တို့အွန်လိုင်းမီတင်း (online meeting) တို့ဆောင်ရွက်နေကြပြီး သင်ထောက်ကူ ပစ္စည်းရှား ပါးတဲ့နိုင်ငံတွေမှာ အခက်အခဲတွေ တွေ့ရပါတယ်။ အွန်လိုင်းရောင်းဝယ်ခြင်း အားကောင်းလာပြီး လိုသမျှ ဖြန့်ဝေသူ (Delivery)လုပ်ငန်းကျယ်ပြန့်လာခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်မှာ တစ်ပတ်အတွင်း နေအိမ်မှ အလုပ်လုပ်ချိန် ငါးရက်အထိ ဖြစ်လာနိုင်ပါတယ်။










