ရီရှီဆူနက်သည် ရာထူးမှ ထွက်ခွာသွားသော လစ်ထရက်စ်နေရာတွင် အစားထိုးခံအပ်ခံရသဖြင့် အောက်တိုဘာ ၂၅ ရက်တွင် ၎င်းသည် ဗြိတိန်ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။
ဘောရစ်ဂျွန်ဆင်က ဝန်ကြီးချုပ်အဖြစ် ပြန်လည်အရွေးခံမည့်ကိစ္စကို စွန့်လွှတ်ရန် ဆုံးဖြတ်လိုက်ပြီးနောက် ဗြိတိန်ကွန်ဆာဗေး တစ်ပါတီဝင်ရီရှီဆူနက်သည် အောက်တိုဘာ ၂၄ ရက်တွင် ကွန်ဆာဗေးတစ်ပါတီ၏ ခေါင်းဆောင်ဖြစ်လာသည်။
အောက်တိုဘာ ၂၃ ရက်နှောင်းပိုင်းတွင် ဝန်ကြီးချုပ်ဟောင်းဂျွန်ဆင်၏ မျှော်လင့်မထားသော လုပ်ဆောင်ချက်ကြောင့် အောက်တိုဘာ ၂၄ ရက် နေ့ခင်းပိုင်းတွင် ဆူနက်သည် ခေါင်းဆောင်သစ်ဖြစ်လာခြင်းဖြစ်သည်။
ဆူနက်သည် အာဏာရကွန်ဆာဗေးတစ်ပါတီကို ဦးဆောင်ရန် ပထမဆုံး ကြိုးပမ်းမှု အောင်မြင်မှုမရဖြစ်ခဲ့ပြီးနောက် သီတင်းပတ်အနည်းငယ်အကြာတွင် ကံကြမ္မာအပြောင်းအလဲဖြစ်ခဲ့ခြင်းဖြစ်သည်။
ဝင်ရောက်အရွေးခံမည်ဟု တရားဝင် ကြေညာခြင်းမပြုမီ ဝန်ကြီးချုပ်ရွေးပွဲမှ ဘောရစ်ဂျွန်ဆင် နုတ်ထွက်မှုကြောင့် ဝင်ရောက်အရွေးခံမည်ဟု အခြားကြေညာထားသူအဖြစ် အစိုးရအဖွဲ့ဝင် ပန်နီမော်ဒေါင့်သာ ကျန်ရှိသည့် အနေအထားဖြစ်လာသည်။
သို့ရာတွင် ပန်နီမော်ဒေါင့်သည် ရုန်းကန်နေရပြီး ဘဝတူလွှတ်တော်အမတ်များထဲမှ ထောက်ခံသူ နှစ်ဆယ်ကျော်လောက်သာရရှိခဲ့သည်ဟု သိရသည်။
အသက် ၄၂ နှစ်အရွယ် ဟိန္ဒူဘာသာဝင် ဆူနက်သည် ဗြိတိန်၏ ပထမဆုံးလူဖြူမဟုတ်သော ဝန်ကြီးချုပ်လည်းဖြစ် နှစ်၂၀၀ ကျော်အတွင်း အသက်အငယ်ဆုံး ဗြိတိန်ဝန်ကြီးချုပ်လည်းဖြစ်သည်။
ဆူနက်သည် တတိယမြောက်ချားလ် ဘုရင်ရှေ့မှောက်တွင် ဝန်ကြီးချုပ်ရာထူးကို လက်ခံရယူခဲ့သည်။
ရာထူးမှ ထွက်ခွာသွားသည့် လစ်ထရက်စ်က ဒေါင်းနင်းလမ်းအိမ်တော်တွင် နုတ်ဆက်မိန့်ခွန်ပြောကြားခဲ့ပြီးနောက် ဝန်ကြီးချုပ်သစ်ဆူနက်က မိန့်ခွန်းပြောကြားခဲ့သည်။
ဆူနက်သည် အောက်တိုဘာ ၂၆ ရက်တွင် ပါလီမန်၌ “ဝန်ကြီးချုပ်၏ မေးခွန်းများ” ကဏ္ဍမစတင်မီ အစိုးရအဖွဲ့၏ ထိပ်တန်းဝန်ကြီးများကို ခန့်အပ်ခဲ့သည်။
အိန္ဒိယနှင့် အရှေ့အာဖရိကတို့မှ လာသည့် ချမ်းသာသော ရွှေ့ပြောင်းမိသားစုမှ ဆင်းသက်လာသော ဆူနက်သည် မဲဆန္ဒရှင်ပြည်သူများထံမှ တိုက်ခိုက်အာဏာအပ်နှင်းမှုကို မရရှိသော နောက်ဆုံးဗြိတိန်ခေါင်းဆောင် ဖြစ်လာပြီးနောက် အထွေထွေရွေးကောက်ပွဲကျင်းပရန် တောင်းဆိုမှုများကို ရင်ဆိုင်နေရသည်။
မဲဆန္ဒရှင်ပြည်သူ ၆၂ ရာခိုင်နှုန်းက ၂၀၂၂ ခုနှစ်နှစ်ကုန်တွင် ရွေးကောက်ပွဲကျင်းပပေးရန် အလိုရှိနေသည်ဟု အောက်တိုဘာ ၂၄ ရက်တွင် Pollster Ipsos က ထုတ်ပြန်ခဲ့သည်။
“သူဟာ အာဏာအပ်နှင်းခံရတာမျိုးမရှိပါဘူး။ အဖြေတွေလည်း မရှိပါဘူး။ အတွေးအခေါ်စိတ်ကူးတွေလည်းမရှိပါဘူး” ဟု လေဘာပါတီ၏ ဒုတိယခေါင်းဆောင်အန်ဂျယ်လာရေနာက Twitter တွင် ရေးသားခဲ့သည်။
မကြာမီရက်ပိုင်းတွင် ပြည်သူ ၁၂၀၀၀ ကိုစစ်တမ်းကောက်ယူခဲ့ရာ၌ မဲဆန္ဒနယ် ၃၈၉ ခုတွင် လေဘာပါတီခေါင်းဆောင် ကဲယာစတာမားကို အကောင်းဆုံးဝန်ကြီးချုပ်အဖြစ် ရှုမြင်ထားကြောင်း တွေ့ရှိရပြီး ဆူနက်ကိုမူ မဲဆန္ဒနယ် ၁၂၇ ခုက အကောင်းဆုံးဝန်ကြီးချုပ်အဖြစ် ရှုမြင်ကြောင်း တွေ့ရသည်။
ဆူနက်သည် တိုရီပါတီခေါ် ကွန်ဆာဗေးတစ်ပါတီထံမှ ယုံကြည်မှုပြန်လည်ရရှိရန် ခက်ခက်ခဲခဲ ရုန်းကန်ရမည့်အနေအထားရှိနေသည်ဟု YouGov သုတေသနအဖွဲ့၏ စစ်တမ်းတွင်ဖော်ပြထားသည်။















