မကျေပွဲထိုုးသတ်ခွင့်ရလျှင် မေဝယ်သာကို အဆုံးသတ်နိုင်လိမ့်မည်ဟု မက်ဂရီဂေါ် ကြုံးဝါး

မကျေပွဲထိုုးသတ်ခွင့်ရလျှင် မေဝယ်သာကို အဆုံးသတ်နိုင်လိမ့်မည်ဟု မက်ဂရီဂေါ် ကြုံးဝါး
Photo: Getty Images
Photo: Getty Images
Published 19 October 2022

 

အိုင်ယာလန်နာမည်ကြီး MMA အားကစားသမား မက်ဂရီဂေါ်က ၎င်းအနေဖြင့် ရှုံးပွဲမရှိသေးသည့် အမေရိကန်လက်ဝှေ့အကျော်အမော် ဖလွိုက်မေဝယ်သာနှင့် မကျေပွဲထိုးသတ်ခွင့်ရလျှင် ပြိုင်ဘက်ဖြစ်သူကို အဆုံးသတ်နိုင်လိမ့်မည်ဟု ကြုံးဝါးခဲ့သည်။

မေဝယ်သာနှင့် မက်ဂရီဂေါ်သည် ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်က အမေရိ ကန်နိုင်ငံ၊ လက်စ်ဗီးဂတ်စ်မြို့ရှိ T-Mobile Arena တွင် လက်ဝှေ့ကြိုးဝိုင်းအတွင်း တွေ့ ဆုံခဲ့ပြီး မေဝယ်သာက ၁၀ ချီမြောက်တွင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ 

"မကျေပွဲသာ ပြန်ထိုးသတ်ဖြစ်ရင် ကျွန်တော့်အနေနဲ့ ဖလွိုက်ကို အနိုင်ယူနိုင်မှာပါ။ ဖော်မပြနိုင်တဲ့ အမှန်တရားကတော့ ပထမပွဲတုန်းက အစောပိုင်းအချီတွေမှာ သူ့ကို ကျွန်တော် အသာစီးရခဲ့ပါတယ်။ ကျွန်တော့်ရဲ့ထိုးချက်တိုင်းလည်း ထိခဲ့ပါတယ်။ ရင်ဘတ်ကနေ ခေါင်းအထိကို  ကျွန်တော် လျင်မြန်စွာနဲ့ ရွေ့လျားနိုင်ခဲ့ပါတယ်။ အားအင်အပြည့်နဲ့ ကျွန်တော် ပြန်လာပါပြီ။ အခုချိန်မှာတော့ ဖလွိုက်ကို ကျွန်တော် အဆုံးသတ်မှာပါ"ဟု မက်ဂရီဂေါ်က သူ၏ Twitter တွင် ရေးသားခဲ့သည်။ 

၂၀၁၇ ခုနှစ် အတွင်းက ထိုးသတ်ခဲ့သည့်ပွဲတွင် မေဝယ်သာက အသာစီးထိုးသတ်ပြီး အနိုင်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းပွဲသည် မေဝယ်သာအတွက် ပရော်ဖက်ရှင်နယ်လက်ဝှေ့ပွဲ နောက်ဆုံးပွဲအဖြစ် ထိုးသတ်ခဲ့ပြီး ၅၀ ပွဲထိုးသတ်ရာတွင် ပွဲအားလုံး ရာနှုန်းပြည့်အနိုင်ရသည့်မှတ်တမ်းကို ပိုင်ဆိုင်ခဲ့သည်။ 

အဆိုပါ ပွဲတွင် မေဝယ်သာသည် ဒေါ်လာ သန်း ၂၈၀ ဝန်းကျင် ရရှိခဲ့ပြီး မက်ဂရီဂေါ်မှာမူ ကစားသမားဘဝအမြင့်ဆုံးအဖြစ် ဒေါ်လာ သန်း ၁၃၀ ရရှိခဲ့ကြောင်း သိရသည်။ မက်ဂရီဂေါ်သည် နောက်ဆုံး UFC လေးပွဲတွင် သုံးပွဲအထိ အ ရေးနိမ့်ခဲ့ပြီး ၂၀၂၁ ဇူလိုင်လက နောက်ဆုံးပွဲ ထိုးသတ်ခဲ့ခြင်းဖြစ်သည်။    

Most Read

Most Recent