ချယ်လ်ဆီးအသင်းမှ အီတလီကွင်းလယ်ကစားသမား ဂျော်ဂျင်ဟို၏ အေးဂျင့်ဖြစ်သူသည် ဘာစီလိုနာအသင်းနှင့် ဆွေးနွေးမှုပြုလုပ်နေကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် ပရီးမီးယားလိဂ်မှ ထိပ်တန်းကွင်းလယ်ကစားသမားတစ်ဦးကို ခေါ်ယူရန် ချိန်ရွယ်နေကြောင်း သိရှိရသည်။
ဘာစီလိုနာအသင်းသည် မန်စီးတီးအသင်းမှ ဘာနာဒိုဆေးလ်ဗားကို အဓိကပစ်မှတ်ထားခဲ့သော်လည်း ယခုအခါချယ်လ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ဟိုလည်း ပါဝင်လာခြင်းဖြစ်သည်။
စပိန်မီဒီယာများ၏ဖော်ပြမှုအရ ဘာစီလိုနာအသင်းသည် ဂျော်ဂျင်ဟို၏အေးဂျင့်နှင့် ဆွေးနွေးနေခြင်းဖြစ်ကြောင်း သိရသည်။
အသက် (၃၀) အရွယ်ရှိ ဂျော်ဂျင်ဟိုသည် ယခုရာသီကုန်တွင် ချယ်လ်ဆီးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ချယ်လ်ဆီးအသင်းဘက်က စာချုပ်သစ်အတွက် ကမ်းလှမ်းမှု မရှိသေးကြောင်း သိရသည်။















